၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်အတွင်း၌သာ အသုံးပြုနိုင်မည်

အသစ်ချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် မိုဘိုင်းတယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်ပတ်လည်အတွင်းသာ ဆက်သွယ်ဆောင်ရွှက်ခြင်းပြုလုပ်နိုင်မည်ဟုသိရှိရသည်။
အဆိုပါတန်ဖိုးနည်းဖုန်းလိုင်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ တာဝါတိုင်ပေါင်း ၂၈၂ခုတည်ဆောက်ထားရှိသည်ဟုသိရပြီး အဆိုပါတာဝါတိုင်ဧရိယာအတွင်း၌ ပြည်တွင်း
၊ပြည်ပခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။
စီဒီအမ်အေဖုန်းလိုင်းများအတွက်ယခင်တည်ဆောက်ထားရှိသည့် တာဝါတိုင်များမှာ နည်းပညာအရ မိုင် ၂၀ အတွင်း၌ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟု သိရပြီး ယခုချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် MEC အမှတ်တံဆိမ်ပါ တယ်လီဖုန်းလိုင်းများမှာ တာဝါတိုင်နှင့် လေးမိုင်အတွင်းမျှသာ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည့်အတွက် များစွာ ကွာဟမှု ရှိသည်ဟု သိရသည်။
ဂျီအက်အမ် ဖုန်းလိုင်းများ၏ တာဝါတိုင်များမှာ နည်းပညာအရ ၁၀ မိုင်အတွင်း ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်ကြောင်း.စီဒီအမ်အေ ၄၅၀ များအတွက်စိုက်ထူးထားသည့် တာဝါတိုင်များသည် အတားအဆီးများမရှိသည့် လွင်ပြင်ဒေသများနှင့် ပင်လယ်ကမ်းရိုးတမ်း ဒေသများ၌ မိုင် ၂၀ နှင့် အထက်ကိုပင်ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟုဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။
အဆိုပါဖုန်းလိုင်းများသည် ဧပြီလ ၂၄ ရက်နေ၌ စတင်ချထားပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး ရပ်ကွက်.ကျေးရွာများ၌ကံစမ်းမဲ စနစ်ဖြင့် ရောင်းချပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး လာမည့်လစဉ်အတိုင်း၌လည်း အဆိုပါအရေအတွက်အတိုင်း တစ်နိုင်ငံလုံး၌ ချထားပေးမည်ဖြစ်သည်။
Credit to >> Internet Journal
http://asmmobiletgi.blogspot.com/2013/05/blog-post.html

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...