PowerISO 5.6.0.0 Final

PowerISO 5.6.0.0 Final ဗါးရှင်းလေးကို ရထားတာ နည်းနည်းကြာနေပြီ.. တင်ပေးဖို့ ကျန်နေခဲ့လို့ ဒီနေ့မှ တင်ပေးဖြစ်တော့တယ်..။ နောက်ဆုံးထွက်လေးပါ..။ ကျနော်တို့ ISO ဖိုင်တွေကို CD/DVD အခွေကူးတဲ့အခါမျိုးတွေမှာ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ ဗါးရှင်းအဟောင်း ပိုစ့်တခုမှာ ဒီ PowerISO နဲ့ ပါတ်သက်လို့ အသုံးပြုတတ်အောင် ပိုစ့်တင်ပေးခဲ့ဖူးပါတယ်..။ အသုံးပြုတတ်အောင်ပါ အနည်းငယ် ပုံလေးတွေနဲ့ လုပ်ပြပေးထားတာမို့ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ PowerISO 5.4 အသုံးပြုနည်း ပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် ကျနော် crack နဲ့ keygen ၂ခု ထည့်ပေးထားပါတယ်..။ အရင်ဆုံး crack ကို Run ပေးပြီးမှ ဆော့ဝဲလ်ကို ဖွင့်ပြီး ၊ keygen နဲ့ ဖူးလုပ်အသုံးပြုရမှာပါ..။ ဖူးဖြစ်အောင် လုပ်တတ်အောင်လို့ ကျနော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဖူးဖြစ်အောင် လုပ်နည်းကိုပါ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 5.5 MB ရှိပါတယ်..။ Antivirus တွေကို အရင် ပိတ်ထားပြီးမှ keygen ကို ဖွင့်သုံးပါ..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဖိုင်တွေ ဒေါင်းလော့ယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို ကြည့်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။


ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေ အတိုင်း ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။

အောက်ကပုံလေးတွေ အတိုင်း washer ဆိုတဲ့ crack ဖိုင်လေးကို အရင် Run ပေးလိုက်ပါ..။



ပြီးရင်တော့ keygen ကို ဖွင့်ပြီး အောက်ကပုံအတိုင်း Generate ကနေ key တွေကို ယူပြီး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




ဖူးဖြစ်သွားပြီမို့ ဒီကောင်လေးကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။
http://lwinminbo.blogspot.com/2013/05/poweriso-5600-final.html

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...