Central Processing Unit အကြောင်း



CPUတွေကဘယ်လိုအလုပ်လုပ်သလဲ

ကွန်ပျူတာတစ်လုံးမှာအရေးပါဆုံးဖြစ်ပြီးအရေးကြီးတဲ့အခန်းလည်းဖြစ်တယ်..Microprocessor လို့ ခေါ်တဲ့  CPU ဖြစ်တယ် ..central processing unit ပေါ့ တစ်ချို့ ကျတော့လည်း ကွန်ပျူတာ brain လို့ လည်းတင် စားကြတယ်..ဘယ်လိုပဲခေါ်ခေါ်ပါ..သူ့ ရဲ့ ရည်ရွယ်ချက်က user ရဲ့  instruction တွေကို တွက်ချက်ပေးဖို့  ပဲဖြစ်တယ် ပထမ အခန်းတုန်းကပြောခဲ့ တဲ့ processing ဆိုတဲ့ အခန်းကို ဒီ cpu ကလုပ်ဆောင်တာဖြစ်တယ်.. cpu ကို transistor သန်းပေါင်းများစွာနဲ့ တည်ဆောက်ထားပါတယ်.. ဒါကြောင့်တွက်ချက်မှုပေါင်း ထောင် သောင်း သိန်းချီပြီးတော့လုပ်ဆောင်နိုင်တာဖြစ်တယ်…

lowest level language ကနေ heigh level language ကိုပြောင်းပေးတယ် ဆိုလိုတာက အခုကျွန်တော်တို့ ခင်ဗျား တို့ ကွန်ပျူတာသုံးတယ် ဖိုင်တွေတည်ဆောက်တယ်ေ၇းတယ် မှတ်တယ်ပေါ့ ဒါတွေအားလုံးဟာ cpu ကနားလည်ထားတာက 0 1 တွေပဲနားလည်ထားတယ် ဒါကြောင့် တို့ က ဖိုင်တစ်ခုဆောက်လိုက်တယ် ဥပမာ new folder ပေါ့..ဒါပေမဲ့ စက်က သူ့ ကို new folder လို့ ရေးတာမသိဘူး binary digit 0 1 တွေအဖြစ်ပြောင်းလဲပြီးတွက်တယ် အဲဒါကို low level language လို့ ခေါ်တယ်.. စက်က တွက် ချက်ပြီးပြန်ည် ဖော်ပြလိုက်တဲ့ ဟာကို 0 1 တွေကို လူကနားမလည်တော့ပြန်ဘူး.. ဒါကြောင့်လူတွေနား လည်အောင် high level language ပြန်ပြောင်းပေးရပြန်တယ်.အဲလိုလူတွေနား လည်အောင်ပြန်ပြောင်းပေး ရတဲ့  language ကို high level language လို့ ခေါ်တယ်..file တစ်ခုကိုဖွင့်လိုက်တဲ့ အခါ storage ထဲက data တွေကို RAM ပေါ်ကူးတင်လိုက်တယ် RAM ကမှတစ်ဆင့် cpu ကိုပေးပို့ တာဖြစ်တယ်..အဲမှာ storage ဆိုတာ Rom လည်းဖြစ်နိုင်တယ် Hard disk လည်းဖြစ်နိုင်တယ် နောက် usb stick လည်းဖြစ်နိုင်တယ်..ဒီ storage တွေနဲ့  cpu ဟာ direct လုပ်ဆောင်လို့ မရဘူး ဒါကြောင့် RAM ကကြားထဲကနေလုပ်ဆောင်ပေးရတယ်..

ဟုတ်ပြီ ဒီလိုနဲ့  cpu ဆီကိုရောက်သွားတော့မှ calculate တွက်ချက်တဲ့ လုပ်ငန်းတွေပြီးပြီဆိုတာ နဲ့ RAM ပေါ်ပြန် တင်ပေးလိုက်တယ်..RAM ကိုထိန်းချုပ်တဲ့ mmc လို့ ခေါ်တဲ့  northbridge ကလည်း လိုအပ်တာ တွေကိုပြင်ဆင် တည်းဖြတ်ပြီးတာနဲ့ storage ပေါ်ပြန်ပြီးတော့တင်ပေးလိုက်တယ်..အဲကမှ ကျွန်တော်တို့ ရဲ့  လုပ်ဆောင်လိုက်တဲ့  အလုပ်ကိုမြင်တွေ့ ရတာဖြစ်တယ်..ဒါတွေကအခုပြော နေတာ တစ် ဆင့်ချင်းဆို ပေမဲ့  စက်ကလုပ်သွားတာ နာနိုစက္ကန့် ပိုင်းအတွင်းမှာလုပ်သွားတာ..အဲလိုလုပ်ဆောင်နိုင်မှုတွေ ဘယ်သူကပိုပြီးတော့ လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်သလဲပေါ့ …အဲလိုတွက်ချက်မှုအနှေးအမြန်ဆိုတာကလည်း processor တွေ speed တွေပေါ်မူ တည်ပြီးကွဲထွက်ကုန်တာ ဖြစ်ပါတယ်…

CPU မှာ 32bit /64bit ဆိုတာ

အိုကေ cpu အလုပ်လုပ်တာသိပြီးပြီဆိုရင် cpu မှာ32bit processor 64bit processor ဆိုပြီးနှစ်မျိုးရှိတယ်.. အဲမှာတို့ နားလည်ထားရမှာက bit ဆိုတာ 0 1 binary တွေကိုယ်စားပြုတယ် 32bit ဆိုတာက အရှင်း ဆုံးမြင်အောင်ပြော ရမယ်ဆိုရင် wire 32ချောင်းပေါ့.အဲဒီဝါယာ32ချောင်း ပေါ်မှာ စောန က အဲဒီ 0 1ဆိုတဲ့ data လေးတွေတန်းစီပြီးပြေးနေတာ အလုပ်လုပ်နေတာပေါ့ ဘယ်မှာလုပ်နေလဲဆိုတော့ register tabe တွေ ကြား မှာပေါ့..cpu မှာဆိုရင် Register 64 bit ဆိုတော့ 32 ရဲ့ နှစ်ဆ ဘယ်သူကပိုမြန်မလဲ ဒေတာ တွက်ချက် မှု နှုန်း ဘယ်သူကပိုမြန်နိုင်မလဲ ၇ှင်းပါတယ်..64bit ပေါ့..ဒါကြောင့်သူများမေးတာကြားဖူးကြမှာပါ မင်းစက်က 32bit လာ6း4 bit လားဆိုတာ..အဲဒါကိုပြောတာ..အဲတော့ကိုယ့်စက်မှာ32bit လား 64 bitလားကြည့်ချင် ရင် logo +pause breakနိုက်လိုက် system type ဆိုတာတွေ့ လိမ့် မယ် နောက် သူ့ ကိုကြည့်လို့ ရနိုင်တဲ့ နေရာတွေက dxdiag, msinfo32,systeminfo စတဲ့နေရာကလည်းကြည့်နိုင်တယ်.

နောက် cpu-z ဆိုတဲ့ ဆော့ဝဲကနေလည်းကြည့်လို့ရပါတယ် ..အဲဒီဆော့ဝဲကိုလိုချင်ရင်တင်ပေးပါ့မယ် ..ဒါကြောင့် တို့  ၀င်းဒိုးvista windows 7လိုဟာမျိုးတင်ပြီဆိုရင်32bit လာ6း4bit လားမေးပါတယ် ကိုယ့်စက်က32 64လား မှန်မှန်ကန်ကန်ရွေးပေးဖို့ လိုအပ်တယ်..နို့ မဟုတ်ရင်တော့ system unstable ဖြစ်တာမျိုးကြုံရတတ် တယ်..

cpu ဆိုတာနဲ့ 32 bit 64bit လို့ သိထားတာကို အဲ…ဒါပေမဲ့  တကယ်တမ်းကျတော့သူ့ ကို ဈေးကွက်မှာ x86 /64bit နဲ့ ဖော်ပြတာ ဘာကြောင့်လဲဆိုတော့ processor မြောက်များစွာ၇ှိလို့ ပါပဲ..ဘာကြောင့်x86လို့  ရေး ရလဲဆိုတော့ ဟိုးအရင် processor 80286 ကနေစပြီးတော့ 386 486 စတဲ့ processor တွေကို 32 bit သတ် မှတ်ခဲ့တဲ့ အတွက်ကြောင့် ဘယ် processor လို့  အတိအကျမရေးတော့ပဲ ရှေ့ ကနေ x ထည့်ထားတယ် ဒါဆိုရင် ကျွန်တော်တို့ က x86 ကိုမြင်ရင် 32bit ဆိုတာသိရမယ်…ကိုယ်သုံးနေတဲ့စက်က 32 bit လာ6း4 bitလား ဆို တာ သိရမယ်…

Cache နဲ့ ပတ်သက်လို့ …..

နောက် cpu မှာ cache ဆိုတာ၇ှိတယ် ကက်ရှ် လို့ အသံထွက်ရတယ်..ကျွန်တော်တို့ မသိခင်တုန်းက ကက်ချီ လို့ ထွက်တယ် တကယ်က ကက်ရှ်လို့  ထွက်ရတယ် cache ဆိုတာ special storage area ဖြစ်ပြီးတော့မှ ဘာလုပ်ပေး လဲဆိုတော့ cpu ကနေ user ကအမြဲတမ်းသုံးဖြစ်တဲ့ program လုပ်ဆောင်ချက်တွေကို သူက ရာခိုင်နှုန်း % နဲ့ သတ်မှတ်ပေးထားတယ်..အများဆုံး သုံးလေ့သုံးထဖြစ်တဲ့ program ကိုမှတ်ထားတာပေါ့..ဥပမာ တို့  ကရုံးရောက်ရင် စရင်းလုပ်ဖို့ အတွက် excelဆိုတဲ့ application ကိုစဖွင့်ပြီးလုပ်ရမယ်ဆိုပါတော့ အဲမှာ အမြဲသုံး နေတဲ့ excel program file ကိုအဲဒီ cache ကမှတ်ထားပေးတယ်..ဒီတော့ data တွေကို ram ပေါ်ဆွဲတင်ဖို့  hard disk cd rom တို့  ထဲကိုသွားကြည့်စရာမလိုတော့ဘူးပေါ့..သူ့ ထဲမှာမှတ်ထားတဲ့အထဲကနေ တခါတည်း တန်းပြီးဖွင့်ပေးနိုင်တာပေါ့..ဘာနဲ့ တူသလဲဆိုရင် အိမ်ကနေ အမေက အချို့ မှုန့်  ကိုဈေးထဲ သွားဝယ်ချည်လို့  ခိုင်းလိုက်တဲ့အခါမှာ ဈေးထိသွား၇မှာက အဝေးကြီး ဒါကြောင့်လမ်းထိပ်က ဆိုင်မှာပဲ အချို မှုန့်  ကိုဝယ်လိုက် တာပေါ့..အချိန်ကုန်လည်းသက်သာသွားတယ် လိုချင်တဲ့အချို မှန့် လဲရတယ် ဒီသဘောပါပဲ… special ram လို့ လဲခေါ်ကြတယ်..

သူ့ ကို SRAM(static RAM) လို့ လဲခေါ်တယ်..အင်း cache မှာ level 1 cache level 2 cache ဆိုတာ၇ှိတယ် အရင်တုန်းကတော့ external cache internal cache ဆိုပြီးသတ်မှတ်ခဲ့ကြသေး တယ်.. တို့ မားသားဘုတ်မှာ အရင်တုန်းက external cache ဖြစ်တဲ့ chip လေးကိုတွေ့ ရတယ် level 2 cache လို့  ခေါ်တယ် ..level 1 cache ကတော့ internal cache ပေါ.

ခုနောက်ပိုင်းမှာတော့ level 2 cache ကို မားသား ဘုတ်ပေါ်မှာတပ်ဆင်ထားခြင်းမ၇ှိတော့ပဲနဲ့ cpu ထဲမှာထည့် သွင်း တည်ဆောက်ထားတာ ဒါပေမဲ့သူက အပြ င်ပန်း ကြည့်ရင်တော့ cpu တစ်လုံးထဲမှာ L1 L2 နှစ်ခုပေါင်း အလုပ်လုပ်တယ်လို့  ထင်စရာရှိတယ် မဟုတ်ဘူး သူက သပ်သပ်စီလုပ်တာ physically အ၇ တော့cpu တစ်လုံး တည်းပေါ့ အထဲမှာ logically အရ သပ်သပ်စီလု ပ်တာ ..အဲလို L2 cache နဲ့ cpu တို့ အထဲမှာ လမ်းကြောင်း ဆက်သွယ်ပြီးအလုပ်လုပ် နေတဲ့ လမ်းကြောင်းကို Back side bus လို့ ခေါ်တယ် …

ခုနောက်ပိုင်းဆိုရင် level 1 level 2 တင်မဟုတ်ဘူး L3 cache တွေပါပါလာတယ် L 3 cache ဆိုတာလဲ external cache ပါပဲ..ဒီလို cache ကို သူ့ ကိုတိုင်းတာတဲ့  unit က MB ဖြစ်တယ်..MB များလေပိုပြီးတော့ဈေးကြီးလေ ပဲ..ပိုပြီးတော့လဲ မြန်တာကိုး..L1 cache ကတော့ 32 kb 128kb စတာနဲ့သတ်မှတ်လေ့၇ှိတယ် L2 cache ကတော့ အနည်းဆုံး128kb ကနေပါလေ့ရှိတယ် 1,2,3,4,6 MBထိ၇ှိတယ် ဒါကြောင့် processor တစ်လုံးဝယ် တဲ့အခါမှာ cache ဘယ်လောက်ပါလဲကြည့်ရမယ်..L1 ကဘယ်လောက်လဲ L2 ကဘယ်လောက်လဲ ကြည့်ရမယ်..

Clock speed

နောက်တို့ cpu မှာဘာသိထား၇မလဲဆိုတော့ clock speed ဆိုတာရှိတယ် clock speed ဆိုတာ မားသားဘုတ်ပေါ် မှာကြည့်ုလိုက်ရင် ဦးထုတ်လို့ ဘူးလေးနဲ့  crystal ဘူးလေး၇ှိတယ် အဲဒီ crystal ဘူးလေးက တစ်စက္ကန့် မှာ frequency ဘယ်လောက် MHz GHz နဲ့  ထုတ်ပေးနေတာလဲပေါ့ ကြိမ်နှုန်းလို့ ခေါ်တယ်.. အဲဒီကြိမ်နှုန်း အရေ အတွက် များလေကောင်းလေပဲ.. ဘယ်လောက်ထိများများထုတ်ပေးနိုင်မလဲဆိုတာတော့ cpu ထုတ်တဲ့  company တွေက သတ်မှတ်ပေးတာဖြစ်တယ်…

Under clocking/Over clocking

cpu မှာ clock speed တွေပြောင်းလဲပေးလို့  ရတာရှိတယ်..အမြင့်ဆုံးပေးထားတဲ့  clock speed ထက်တော့ပို ပြီး run လို့ မရဘူး ..တကယ်လို့ ကိုယ်က သူနဂိုပေးထားတဲ့ clock speed ထက်ပိုပြီးတော့run မယ်ဆိုရင် cpu အလုပ်မလုပ်နိုင်ပဲဖြစ်သွားတတ်တယ်..အဲလိုလုပ်နိုင်တာထက် ပို run တာကို over clocking လို့ ခေါ်တယ်..cpu အလုပ်လုပ်နိုင်တာထက်ကိုလျော့ပြီခိုင်းတာကျတော့ under cloking ပေါ့..under clocking ကျတော့ သူနဂိုလုပ် နိုင်တာထက် လျော့ပြီးလုပ်ခိုင်းတာဖြစ်တဲ့ အတွက် ကွန်ပျူတာရဲ့ Performance ကိုကျဆင်းစေတယ်..system clock speed ကို clock generator ကနေထုတ်ပေးတယ် 100 MHz 200MHz 400 MHz 800 MHz စသဖြင့် ထုတ်ပေးတယ်..system ကတစ်မျိုးတည်းသာထုတ်ပေးပြီးတော့ မတူညီတဲ့ bus လမ်းကြောင်းတွေ အတွက်ပြန်ပြီးတော့ multiply လုပ်ကြရတယ် divider လုပ်ကြရတယ်..

ဥပမာ cpu အတွက်ဆိုရင်

CPU Clock speed =System Clock Speed × Multiplier

2.4GHz =100MHz × 24

cpu ကိုပြောဆိုတဲ့နေရာမှာ cpu model နဲ့ နောက်က speed ကိုတွဲပြောရတယ် ဥပမာ pintium 4 processor speed က3GHz core 2 duo processor speed က 2.6 GHz..အဲလိုပြောရတယ်..Cpu အမြန်ဆုံးဖြစ်တယ် cpu ကနေ Ram ကိုပေးပို့ တဲ့လမ်းကြောင်းမှာ RAM ကနှေးနေရင်လည်း computer performance ကျဆင်းစေ တယ်.. ဒါကြောင့် အားလုံးတပြိုင်တည်း synchronus ဖြစ်သွားအောင် လုပ်ပေး ရပါတယ်.. ဒါမှမြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင် ပါလိမ့်မယ်..အဲလို cpu ကနေလိုချင်တဲ့ဒေတာတွေတွက်ထုတ်ဖို့  အတွက် storage area(Hard disk) ကနေ RAM RAM ကမှတစ်ဆင့် cpu အဲဒီကြားထဲမှာလုပ်ဆောင်တဲ့ bus လမ်းကြောင်းကို FSB လို့ ခေါ် တယ်…သူ့ ရဲ့ အရှည်ကောက်ကတော့ front side bus ပေါ့..အဲဒီ FSB ကို အရင်pintium2 လောက်ကတည်းက 66 MHz လောက်ကတည်းကနေစပြီးသုံးလာခဲ့တာခုဆိုရင် 1333 MHz တောင်ရောက် သွားပြီ..

ဒါဆိုရင် ကျွန်တော်တို့ cpu ၀ယ်တဲ့အခါမှာ FSB ဘယ်လောက်လဲဆိုတာကြည့်တတ်ရ မယ်..front side bus ဆိုတော့ back side bus လည်းရှိမှာပေါ့ ရှေ့ နားမှာပြောခဲ့ ပြီးပြီ BSB က L2 cache နဲ့ cpu ကြားလမ်းကြောင်း ဆက်သွယ်တာကိုခေါ်တာ..ကွန်ပျူတာတစ်စုံလုံးဝယ်ဆင်နည်း ကိုနောက်လာမည့် အခန်းတွေမှာဆွေးနွေးပေး ပါ့ မယ်..

bit /byte unit

ကွန်ပျူတာအကြောင်းလေ့လာပြီဆိုရင် ကျွန်တော်တို့  bit byte unit တွေသိထားဖို့ လိုအပ်ပါတယ်။

1 Bit = 0 or 1
1 Byte = 8 bits
1 KB (Kilobyte) = 1024 Bytes
1 MB (Megabyte) = 1024 Kilobytes
1 GB (Gigabyte) = 1024 Megabytes
1 TB (Tetrebyte) = 1024 Gigabytes

1bit ဆိုတာ အသေးဆုံး unit တစ်ခုဖြစ်ပြီးတော့မှ 0 လည်းဖြစ်နိုင်သလို 1လည်းဖြစ်နိုင်တယ်.. အဲမှာ တစ်ခု သတိ ထားစေချင်တာက bitကိုအတိုကောက်ရေးမယ်ဆိုရင် b အသေးနဲ့ရေးရပါတယ်..ဥပမာ100Mbps ဒါဆိုရင် တစ်ရာ မက်ဂါဘစ်ပါစက်ကန့် ဆိုတာသိရမယ်..100MBps ဒါဆိုရင် B အကြီးက byte ကိုရည်ညွန်း ကြောင်း သိရပါမယ်.. byte ဖြစ်ကြောင်းကိုအသေးနဲ့ ရေးချင်တယ်ဆိုရင် ပြည့်ပြည့်စုံစုံလေးရး 100 byte စသဖြင့်ရေးပါ 100b လို့ မေ၇း ပါနဲ့  …ဒါဆိုရင် bit နဲ့ byte ကိုကွဲကွဲပြားပြားလေးသိလောက်ပီ..

အခု popular အဖြစ်ဆုံးနဲ့ အပြိုင်အဆိုင်ထုတ်နေတဲ့ company နှစ်ခုရှိတယ် Intel နှင့် AMD တွေဖြစ်ပါတယ်။အခု ကျွန်တော်တို့ ဆီမှာ အသုံးအများဆုံးက Intel လို့ ပြောရမယ် လူကြိုက်များတယ်ပေါ့ ဘာကြောင့်လူကြိုက်များ လဲဆို တော့သူ့ မှာအားသာချက်တွေလည်းရှိတယ်..intel processor ကအခြားcpu တွေနဲ့ ယှဉ်ရင် volt အား ကိုနည်းနိုင်သမျှနည်းအောင်စီမံထားတယ်.volt အားနည်းတော့အပူနည်းတာပေါ့ အဓိက cpu က heat ကြောက် တာကိုး..သူ့ အမျိုးစားလိုက်အားသာချက်အားနည်းတော့ရှိပါတယ် cpu ကပျက်ခဲတယ် အင်း. ပျက်ပြီဆို ရင် လည်း အပူကြောင့်ပျက်တာများပါတယ်…ဈေးကွက်မှာ cpu ကို budjet cpu power cpu ဆိုပြိးတော့ရှိတယ် intel ကထုတ်တဲ့  budjet cpu တွေက Celeron , Atom တွေဖြစ်ပြီး AMD က Athlon cpu တွေဖြစ်တယ်….

intel ကpower cpu တွေကတော့ Pentium အုပ်စု နဲ့  ခုနောက်ပိုင်း core 2 duo core 2 quad core i3 i5 i7တွေဖြစ် တယ်..AMD power cpu တွေကတော့ phenom နဲ့ semprom အုပ်စုတွေ ဖြစ်တယ် cpu မှာ pin grik array PGA ရှိတယ် အဲဒီ pin အရေအတွက်ကိုမူတည်ပြီး socket နာမည်တွေသတ်မှတ်ကြတယ်..socket 370 socket 478 socket 775 socket 1156 socket 1366စသဖြင့်သုံးနုန်းတယ်..အခုလက်ရှိအသုံးအများဆုံးက socket 775 အသုံးအများဆုံးဖြစ်လာတယ်..ဒါက inetl အုပ်စုကပေါ့ တကယ်လို့ AMD ကိုသုံးမယ်ဆို၇င်လည်း socket AM3 socket AM2 ,AM2+ ,AM3+ အဲလိုသတ်မှတ်ထားတယ် ကိုယ်က Processor တစ်လုံးဝယ် ဆင်တော့မယ် ဒါမှမဟုတ်အသစ်လဲရတော့မယ်အနေအထားရောက်လာရင် mother board က socket type ကိုကြည့်ပြီး တပ်ဆင်ရမယ်..

motherboard က cpu support list ကိုကြည့်ပြီးဘယ် cpu ကိုတပ်ဆင်ရမယ် ဆိုတာကြည့်ရမယ်.. ဘာလို့ လဲ ဆိုတော့ socket 478 ကို socket 775မှာတပ်လို့ မ၇ဘူး pin အရေတွက်ချင်းမှမတူတာ ဘယ်တပ်လို့ ရပါ့မလဲ ..ဒါကြောင့် socket type ကိုမှတ်ထားရမယ် နောက် motherboard ကိုမြင်လိုက်တာနဲ့ ဒါ intel processor တပ်ထားတာလား AMD processor တပ်ထားတာ လားခွဲခြားနိုင်တဲ့ ဟာလေးတစ်ချက်ရှိပါတယ်..

cpu heat sink fan ရဲ့  design တည်ဆောက်မှုပေါ်ကြည့်ပြီးသိနိုင်ပါတယ်…heatsink တွေကို မြင်ဖန်များရင်တော့ အလွယ်တကူသိရှိသွားနိုင်ပါတယ်။ ဒါက physically အရကြည့်တာ အမြင်နဲ့ ခန်းမှန်းပြောတာ တိတိကျကျ သိချင် ရင် keyboard မှlogo + pause break နိုက်ကြည့်လိုက်ပါ…ဘာ cpu တပ်ဆင်ထားလည်း ဆိုတာ သိပါ လိမ့် မယ် ..အခြား dxdiag ,msinfo32 စတဲ့ command တွေနဲ့ ရိုက်ကြည့်ရင်လည်းကြည့်လို့  ရတယ်..ဒါဆိုရင် ကျွန်တော် တို့ intel cpu တပ်ထားသလား AMD cpu တပ်ထားသလားဆိုတာ ခွဲခြားတပ်သွားပြီဖြစ်ပါတယ်။

ဆွေးနွေးချက်အနှစ်ချူပ်

၁။ Microprocessor လို့ ခေါ်တဲ့  CPU ဖြစ်တယ် ..central processing unit ပေါ့ တစ်ချို့ ကျတော့လည်း ကွန်ပျူတာ brain လို့ လည်းတင် စားကြတယ်..ဘယ်လိုပဲခေါ်ခေါ်ပါ..သူ့ ရဲ့ ရည်ရွယ်ချက်က user ရဲ့  instruction တွေကို တွက်ချက်ပေးဖို့  ပဲဖြစ်တယ် ပထမ အခန်းတုန်းကပြောခဲ့ တဲ့ processing ဆိုတဲ့  အခန်းကို ဒီ cpu ကလုပ်ဆောင်တာဖြစ်တယ်.. cpu ကို transistor သန်းပေါင်းများစွာနဲ့  တည်ဆောက်ထား ပါတယ်.. ဒါကြောင့် တွက်ချက်မှုပေါင်း ထောင် သောင်း သိန်းချီပြီးတော့လုပ်ဆောင်နိုင်တာဖြစ်တယ်…

၂။ cpu မှာ32bit processor 64bit processor ဆိုပြီးနှစ်မျိုးရှိတယ်..အဲမှာတို့ နားလည်ထားရမှာက bit ဆိုတာ 0 1 binary တွေကိုယ်စားပြုတယ် 32bit ဆိုတာက အရှင်းဆုံးမြင်အောင်ပြောရမယ်ဆိုရင် wire 32ချောင်းပေါ့. အဲဒီ ၀ါယာ32ချောင်း ပေါ်မှာ စောန က အဲဒီ 0 1ဆိုတဲ့ data လေးတွေတန်းစီပြီးပြေးနေတာ အလုပ်လုပ်နေတာပေါ့ ဘယ်မှာလုပ်နေလဲဆိုတော့ register tabe တွေကြားမှာပေါ့..cpu မှာဆိုရင် Register 64 bit ဆိုတော့ 32 ရဲ့ နှစ်ဆ ဘယ်သူကပိုမြန်မလဲ ဒေတာတွက်ချက်မှုနှုန်း ဘယ်သူကပိုမြန်နိုင်မလဲ ၇ှင်းပါတယ်..64bit ပေါ့.. ဒါကြောင့် သူများမေး တာကြားဖူးကြမှာပါ မင်းစက်က 32bit လာ6း4 bit လားဆိုတာ..အဲဒါကိုပြောတာ.. အဲတော့ ကိုယ့်စက်မှာ32bit လား 64 bitလားကြည့်ချင်ရင် logo +pause breakနိုက်လိုက် system type ဆိုတာတွေ့  လိမ့် မယ် အဲဒါကိုယ့်စက်ရဲ့  processor ဘယ်လောက်နဲ့အလုပ်လုပ်လဲဆိုတာသိရလိမ့်မယ်.

၃။ cache ဆိုတာ special storage area ဖြစ်ပြီးတော့မှ ဘာလုပ်ပေးလဲဆိုတော့ cpu ကနေ user ကအမြဲတမ်း သုံးဖြစ်တဲ့ program လုပ်ဆောင်ချက်တွေကို သူက ရာခိုင်နှုန်း % နဲ့  သတ်မှတ်ပေး ထားတယ်..အများဆုံး သုံးလေ့သုံးထဖြစ်တဲ့ program ကိုမှတ်ထားတာပေါ့.

၎။ cpu မှာ clock speed တွေပြောင်းလဲပေးလို့  ရတာရှိတယ်..အမြင့်ဆုံးပေးထားတဲ့  clock speed ထက်တော့ ပို ပြီး run လို့ မရဘူး ..တကယ်လို့ ကိုယ်က သူနဂိုပေးထားတဲ့ clock speed ထက်ပိုပြီးတော့run မယ်ဆိုရင် cpu အလုပ်မလုပ်နိုင်ပဲဖြစ်သွားတတ်တယ်..အဲလိုလုပ်နိုင်တာထက် ပို run တာကို over clocking လို့ ခေါ်တယ်..cpu အလုပ်လုပ်နိုင်တာထက်ကိုလျော့ပြီခိုင်းတာကျတော့ under cloking ပေါ့..under clocking ကျတော့ သူနဂို လုပ်နိုင်တာထက် လျော့ပြီးလုပ်ခိုင်းတာဖြစ်တဲ့ အတွက် ကွန်ပျူတာရဲ့ Performance ကိုကျ ဆင်းစေတယ်..

-ကိုစောမောင်
http://www.aungkyaw.com/2013/06/central-processing-unit.html

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...