တရုတ်နိုင်ငံ Ferris Wheel ကြီး.....



ဒီ Ferris Wheel ကြီးဟာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး Ferris Wheel ကြီးတွေထဲက တခုအပါအ၀င်ဖြစ်ပါတယ်... အမြင့်ပေ ၈၉ မီတာ၊ ဒိုင်ယာမီတာ ၈၄ နှင့် အလေးချိန်တန် ၃၀၀၀ ရှိတယ်လို့ ဆိုပါတယ်... တရုတ်နိုင်ငံအရှေ့ဘက် Jiangsu ခရိုင်၊ Changzhou မှာ တည်ရှိပါတယ်...


၂၀၀၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီ... ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၂၃.၈ သန်းလို့ ဆိုပါတယ်...

ဒေသအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့တာပါ...



ဒီ Ferris Wheel ကြီးဟာ တစက္ကန့်ကို ၁၆.၄ ဒီဂရီနှုန်းနဲ့ ရွေ့လျားလည်ပတ်နေပြီး... ခရီးတပတ်ပြည့်ဖို့ ၂၂ မိနစ်ခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်...



ကမ္ဘာပေါ်မှာ အကြီးမားဆုံး Ferris Wheel ကြီးကတော့ စင်ကာပူနိုင်ငံမှာ တည်ရှိပြီး... အမြင့်မီတာ ၁၆၅ ရှိပါတယ်....



ဒီဘီးကြီးတွေကို ဆောက်လုပ်ရတာဟာ အင်မတန်မှ ခက်ခဲနက်နဲပြီး ကုန်ကျစရိတ်အားဖြင့်လည်း အလွန်ကြီးမားပါတယ်... အဆင့်မြင့်စံချိန်မီ ပစ္စည်းကိရိယာတွေကို အသုံးပြုရပြီး... အတိမ်းအစောင်းမရှိ တိတိကျကျ ပုံဖော်ဆောက်လုပ်ရတဲ့အတွက်ကြောင့်လည်း အင်ဂျင်နီယာသမားတွေ အတွက် ခေါင်းစားစရာတခု ဖြစ်ပါတယ်....



ဒီဘီးကြီးဟာ ပုံမှန်ဝင်ရိုး(Axis)ပေါ်မှာ တည်ရှိနေရတာမဟုတ်ပဲ... Variants Chain ဒါမဟုတ် Belt Transmission စနစ်ပုံစံမျိုးနဲ့ အသုံးပြုထားတာ ဖြစ်နိုင်တဲ့အတွက်... အထူးသဖြင့် Drive System ကတော့ ပြဿနာရှိတယ်လို့ ဆိုပါတယ်...



 ကမ္ဘာပေါ်မှာ ဒီလို Ferris Wheel မျိုး ၁၀ ခုရှိတဲ့အနက်... ၇ ခုကတော့ တရုတ်နိုင်ငံမှာ တည်ရှိပါတယ်...



 ဖွင့်ပွဲအခမ်းအနားကိုတော့ အောက်တိုဘာလမှာ ပြုလုပ်မယ်လို့ ဆိုပါတယ်ခင်ဗျား...........။
ကိုးကား-oddstuffmagazine

http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...