iOS 7 ကို Update မလုပ်မီ....

iOS 7 ကို ကျွန်တော်တို့  ရင်ခုန်စောင့်စားခဲ့ကြတာ ကြာခဲ့ပါပြီ၊ အခုဆို WWDC ပွဲမှာ တင်ဆက်လိုက်တဲ့ iOS 7 ရဲ့  Features အသစ်များကိုလည်း မြင်တွေ့ ခွင့် ရကြပြီဖြစ်လို့  iOS 7 Final version ထွက်လာရင် Update လုပ်ကြဖို့  လက်တစ်ပြင်ပြင် ဖြစ်နေကြလောက်ပါပြီနော်..

ကျွန်တော်တို့  တွက်ထားကြတာက Features အသစ် App icon design အသစ်တွေနဲ့  လန်းလို့ ရပြီလို့  မျှော်လင့်ထားကြတာပါ....


ဒါပေမယ့် မကြာမီ ထွက်လာတော့မယ့် iOS 7 final version မှာ ပါဝင်လာမည့် အဓိကလုပ်ဆောင်ချက် (Major Features) တွေဟာ iDevice များ အားလုံးမှာ အပြည့်အဝ ရရှိနိုင်မှာ မဟုတ်ပါဘူး။
ဒါဟာ စိတ်မကောင်းစရာ သတင်းတစ်ခုပါ....

အထူးသဖြင့် model နိမ့် iDevice များမှာ iOS 7 ရဲ့  အရသာကို အပြည့်အဝ ခံစားကြရလိမ့်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် iOS 7 ဟာ iPhone 3Gs, iPad 1 တို့ ကိုပါ နောက်ချန်ထားခဲ့လေမလား ဆိုတာ စောင့်ကြည့်ကြရပါဦးမယ်...

Apple က ထုတ်ပြန်လိုက်တဲ့ iOS 7 ရဲ့  Major Features တွေကို အဆင်ပြေပြေ အသုံးပြုနိုင်မယ့် iOS 7 Compatibility Chart ကို အောက်ပါအတိုင်း တွေ့ မြင်ကြရပါလိမ့်မယ်...



ကျွန်တော့် အနေနှင့် ဖြည့်စွက် အကြံပြုလိုသည်မှာ လက်ရှိမှာ JB နှင့် အဆင်ပြေနေကြသူများ iOS 7 ထွက်လာသည်နှင့် တစ်ပြိုင်နက် Update မလုပ်ကြပဲ JB အခြေအနေနှင့် Downgrade သတင်းများကို စောင့်စား ပိုင်နိုင်မှသာ iOS 7 ကို Update လုပ်ကြစေလိုပါတယ်...

Credit to : Apple

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...