Panasonic ကထုတ်မည့် လက်မ ၂၀ ကျောက်သင်ပုန်း ကွန်ပြူတာ


Tablet တစ်လုံး လက်မ ၂၀ ဆိုတော့ ဘယ်လိုများ သုံးမလဲ မသိပါဘူး။ ဂျပန် Panasonic ကတော့ CES 2013 မှာ Prototype အနေနဲ့ ဝင်ရောက် ပြသခဲ့ပြီး ဖြစ်ပါတယ်။

၉.၇ လက်မ iPad 4 တောင် ကြီးတယ် ဖြစ်နေတာ။ လက်မ ၂၀ ဆိုရင်တော့ သွားလေရာ သယ်ဖို့ အဆင်မပြေတာ သေချာနေပါပြီ။ သိုပေမယ့် Panasonic ကတော့ တကယ်ထုတ်မှာပါတဲ့။ resolution 840x2,560-pixel ရှိပြီး တစ်လက်မ စကေးမှာ 230 pixels အရည်အသွေး ထုတ်နိုင်တယ် ဆိုတော့ နည်းတဲ့ ကြည်လင်ပြတ်သားမှု မဟုတ်ပါဘူး။ LCD Display ကိုပဲ အသုံးပြု တာပါ။

ကြိုးမဲ့ ကီးဘုတ်သာ တပ်ပေးလိုက်ရင် PC တစ်လုံးလို အသုံးပြုလို့ရမယ် ထင်ပါတယ်။ အရွယ်ကကြီး resolution ကလည်းကောင်းတော့ ရုပ်ရှင် ကြည့်ရင်ကြည့်၊ ပုံတည်းဖြတ်ရင်တည်းဖြတ် . အဲဒါအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး Tablet ဖြစ်လာနိုင်တဲ့ လက်မ ၂၀ Tablet ကို Panasonic တို့ အနာဂတ်မှာ ထုတ်လုပ်သားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: ces

Aung Kham (TSJ team)
http://blog.techspace.com.mm/2013/06/panasonic.html

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...