လူသားတွေရဲ့ ကျင်ငယ်ရည်နဲ့ မိုဘိုင်းဖုန်းတွေကို အားသွင်း ပေးနိုင်မယ် ဆိုပဲ...

လုပ်ချလိုက်ပြန်ပြီ... လူတွေရဲ့ ကျင်ငယ်ရည်ကို အသုံးပြုပြီး ကမ္ဘာ့ ပထမဆုံး မိုဘိုင်းလ် ဖုန်းအား သွင်းနိုင်တဲ့ Battery Charger ကို ယူကေ သိပ္ပံပညာ ရှင်တွေက တီထွင် လိုက်တာဖြစ်ပါတယ်...၊

ဓါတ်ခွဲ စမ်းသပ်မှုတွေ ပြုလုပ်တဲ့ University of West England က Dr. Ioannis Ieropoulos ကတော့... ကမ္ဘာပေါ်မှာ ဘယ်သူမှ မလုပ်နိုင် သေးတဲ့ ကျင်ငယ်ရည်ကနေ မိုဘိုင်းလ် ဖုန်းတွေကို အား သွင်းနိုင်တဲ့  Battery Charger ကို ဦးစွာ တီထွင် ဖန်တီးနိုင် တာဟာ  သူ့အတွက် အတော်လေးကို  စိတ် လှုပ်ရှားစေ တယ်လို့ ဆိုပါတယ်.. လူသားတွေရဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ကျင်ငယ်ရည်ကို အသုံးပြုပြီး အခုလို စွမ်းအင်အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင် တာဟာ ဂုဏ်ယူစရာပါ... တဲ့....။

အဆိုပါတက္ကသိုလ်က အခြားကျွမ်းကျင်ပညာရှင်တစ်ဦးကလည်း... ဒီစွမ်းအင်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ မိမိတို့လူသားတွေရဲ့ ကိုယ်ပိုင်ကျင်ငယ်ရည်တွေသာ ဖြစ်တဲ့အတွက် မကုန်ခမ်းနိုင်ဘူးဆိုတာ သေချာတယ်လို့ ဆိုပါတယ်.... ၀မ်းသာစရာပဲ...း-)

ယခုလောလောဆယ် စမ်းသပ်မှုတွေအရ ကျင်ငယ်ရည်ကိုအသုံးပြုပြီး အားသွင်းထားတဲ့ မိုဘိုင်းလ် ဖုန်းတွေဟာ SMS.. Web Browser နဲ့ Brief Phone Call တွေ အတွက်လောက်တော့ လုံလောက်ပြီး... Fully Charge ဖြစ်ဖို့အတွက် ထပ်မံ ကြိုးစားဆောင်ရွက်သွားအုံးမယ်လို့ ဆိုပါတယ်... များမကြာခင် Mobile ဈေးကွက်မှာ စောင့်မျှော်အားပေးနိုင်ပါတယ်...


ဒီ Battery Charger လေးသာဆောင်ထားရင်... ခရီးသွားရင် မအောင့်နိုင်လို့ လူမရှောင်သူမရှောင် လမ်းဘေးမှာ ရှုးရှုးပေါက်ချသူတွေအတွက်တော့ အကြောင်းပြစရာ အချက်တစ်ခု ရလာပြီပေါ့ဗျာ.... "ဖုန်းအားကုန်သွားလို့ အားပြန်သွင်းနေတယ်...ပေါ့"း-)

ကိုးကား: IBNLIVE/oddstuffmagazine

ဆက်စပ်ဖတ်ရှုရန်.....

ဂျပန်နိုင်ငံက ထူးဆန်းဆိုင်ကယ် စမ်းသပ်တီထွင်

ကြံကြံဖန်ဖန် တရုတ်နိုင်ငံက Virgin Boy Eggs

http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...