Sex Education for All (+18)

မြန်မာပြည်မှာ sex-education နှင့်ပတ်သက်ပြီး အသိနည်းလို့ မဖြစ်သင့်တာတွေဖြစ်တာကို ကြားဘူးမှာပါ။ ထို့ကြောင့် သင်နှင့်သင့်ချစ်သူ တို့အတွက် ဒီ Article လေးကိုဖတ်ကြည့် ပေးပါ။

လိင်ဆက်ဆံခြင်းကြောင့် ကျန်းမာရေးကို အကျိုးဖြစ်စေပုံ ၁၈ ချက်

P.S: orgasm ဆိုသည်မှာ တကိုယ်ရည် အာသာဖြေတာ(masturbation) ဖြစ်ဖြစ်၊ လိင်ဆက်ဆံတာ (intercourse) ဖြစ်ဖြစ် လုပ်နေတုန်းမှာ အရသာ၊ ပျော်ရွှင်မှု၊ ဖီလင် အထွတ်အထိပ် ရောက်သွားတာကို ဆိုလိုပါတယ် (climax or peak of sexual pleasure)။ orgasm ရတယ် မရတယ်ဆိုတာ ဘယ်လိုသိနိုင် သလဲဆိုတော့ အမျိုးသား တွေဆိုရင် orgasm ရတဲ့အချိန်မှာ သုတ်လွှတ်ခြင်း(ejaculation)
ဖြစ်ပေါ်လာပါတယ်။ အမျိုးသမီးတွေဆိုရင် vagina muscle တွေ ကြုံ့ သွားပါတယ် (vaginal contraction)။

လိင်ဆက်ဆံခြင်း ဆိုတာဟာ ခန္ဓာကိုယ်က ဟော်မုန်းတွေ ထုတ်ပေးတာ၊ အချိန်တိုလေး ပျော်ရွှင်မှုရတာ တွေထက် အများကြီး ပိုပါတယ်။ သိပ္ပံပညာရှင် များပြောချက် အရဆိုရင် လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအတွက် လွန်စွာမှ အကျိုးရှိပါတယ်။ ပုံမှန် လိင်ဆက်ဆံခြင်း မရှိလျှင်၊ မိမိ sex life က active မဖြစ်လျှင် ကျန်းမာရေးကို အနုတ်သဘော သက်ရောက်စေ နိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွန် ဆက်ဆံ လွန်းပြန်လျှင် (ဥပမာ တပတ်ကို သုံးကြိမ်ထက် ပိုလျှင်) ခုခံအားစနစ် ကျဆင်းလာနိုင်ပြီး၊ ရောဂါပိုး ကူးစက်ရန် ပိုလွယ်ကူ လာနိုင်သောကြောင့် အန္တရာယ် ရှိနိုင်ပါတယ်။

ထို့အပြင်လိင် ဆက်ဆံခြင်းကြောင့် ရရှိလာနိင်သော အကျိုးကျေးဇူးများမှာ -

၁။ လူတွေ၏ စိတ်ပိုင်းနှင့် ခံစားမှုပိုင်း ဆိုင်ရာ အဆင်ပြေခြင်း မပြေခြင်းသည် လိင်ကိစ္စ အပေါ်မူ တည်ပါသည်။ အချိန်ကြာကြာ လိင်ဆက်ဆံမူ့ မရှိတခြင်း (abstinence) သည် စိတ်ပင်ပန်းခြင်း၊ ထိတ်လန့် တကြားဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း များကိုဖြစ်စေ နိင်ပါတယ်။ နဲနဲပါးပါး စိတ်ဓာတ်ကျတဲ့ အချိန် လိင်ဆက်ဆံလိုက်ရင် ဦးနှောက်က ထွက်တဲ့ endorphin တွေကြောင့် စိတ်ဖိစီးမှု လျော့သွားပြီး စိတ်ပြန်တက်ကြွ လာပါလိမ့်မယ်။

၂။ လိင်ဆက်ဆံတာက အလှပြုပြင်ခြင်း၊ beauty treatment တစ်ခုဖြစ် နိုင်ပါတယ်။ လိင်ဆက်ဆံ နေတဲ့အချိန်မှာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ estrogen ဆိုတဲ့ ဟော်မုန်း ပမာဏကို နှစ်ဆတိုး လာပါတယ်။ ဒါကြောင့် ဆံပင်တွေ ပိုတောက်ပလာပြီး အသားအရေ ပိုနူးညံ့လာပါမယ်။

၃။ Belfast,Ireland က Queens University မှာ သက်လတ်ပိုင်းအမျိုးသားတထောင်ကို ၁၀နှစ်တိတိ သုတေသန လုပ်ခဲ့တဲ့ တွေ့ရှိချက်များ အရဆိုရင် ပုံမှန် လိင်ဆက်ဆံတာဟာ အသက်ရှည် စေနိုင်ပါတယ်။ အသက်လည်းတူတယ်၊ ကျန်းမာရေး အခြေအနေခြင်းလည်း တူတယ် ဆိုရင် orgasm များများရတဲ့ သူတွေရဲ့ သေနူန်းဟာ သူတို့လာက် orgasm မရတဲ့ သူတွေရဲ့ သေနူန်း၏ ထက်ဝက်ပဲ ရှိပါတယ်။ လိင်ဆက်ဆံပြီးရင် stress hormone တွေ သိသိသာသာ ကျသွားတာကြောင့် ဖြစ်ပါလိမ့်မယ်။

၎။ လိင်ဆက်ဆံနေစဉ် ချွေးထွက်တာဟာ အရေပြားပေါ်က ချွေးပါက်တွေကို သန့်စင်စေတယ်။ အရေပြားကို ပိုဝင်းလက်လာစေပြီး အရေပြား ရောင်ရမ်းခြင်း (dermatitis) ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

၅။ လိင်ဆက်ဆံခြင်းဟာ ကိုယ်အလေးချိန် ကျနိုင်ပါတယ်။ ညစာစားတုန်းက ကိုယ်ထဲ ဝင်သွားတဲ့ အဆီနဲ့ ကာဘိုဟိုက်ဒရိတ် အကုန်လုံးကို လောင်ကျွမ်းစေ နိင်ပါတယ်။ တပတ်မှာ စုစုပေါင်း လိင်ဆက်ဆံချိန် မိနစ် ၂၀ ပဲရှိတယ်ထား၊ တနှစ်ဆိုရင် ကယ်လိုရီ ၇၅၀၀ လောင်ကျွမ်းစေနိုင်ပါတယ်။ ကီလိုမီတာ ၁၂၀( ၇၄၅ မိုင်) ရွရွပြေးတာနဲ့ ညီမျှပါတယ်။ တကြိမ်လိင် ဆက်ဆံခြင်းဟာ ကယ်လိုရီ ၂၀၀ လောင်ကျွမ်းပါတယ်။ treadmill ပေါ်မှာ ၁၅ မိနစ် တက်ပြေးတာနဲ့ ညီမျှပါတယ်။

၆။ လိင်ဆက်ဆံချိန်မှာ ဝမ်းဗိုက် ကြွက်သားတွေ ညှစ်ရတာ၊ ခန္ဓာကိုယ် joint တွေမှာကွေးရ ဆန့်ရ လုပ်ရတာတွေကြောင့် ကြွက်သားတွေကို သန်စွမ်းလာစေ နိုင်ပါတယ်။ ကိုယ်ဘယ်လို position နဲ့ဆက်ဆံလည်း ဆိုတာပေါ်တော့ မူတည်ပါတယ်။ ဘာပဲပြောပြော ကြွက်သားတွေ သန်လာမယ့် အတူတူ မိုင်ချီ ပြေးရမှာထက်စာရင် ဒီကိစ္စက ပိုပျော်ဖို့ ကောင်းတာပေါ့။

၇။ ကိုယ့် sex life က ပိုပြီး active ဖြစ်လေလေ၊ ဆန့်ကျင်ဘက်လိင်ကို ပိုပြီး ဆွဲဆောင်နိုင် လေလေဖြစ်ပါတယ်။ လိင်ကိစ္စများရင် ခန္ဓာကိုယ်က ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်တဲ့ pheromone ဟော်မုန်းကို များများထုတ် ပေးပါတယ်။

၈။ အာရုံငါးပါးထဲက အနည်းဆုံး အနံ့အာရုံ ခံစားနိုင်မှု ကိုတော့ပိုမို ထက်မြက်လာ စေပါတယ်။ orgasm ရပြီးတဲ့ အချိန်မှာ prolactin ဟော်မုန်း တက်လာတာကြောင့် ဦးနှောက်ထည်းတွင် neuron အသစ်တွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် အနံ့ အာရုံခံစားမှု တိုးလာစေပါတယ်။

၉။ လိင်ဆက်ဆံတာဟာ အနာသက်သာ စေပါတယ်။ သာမန် အနာသက်သာတဲ့ ဆေး painkiller တွေထက် ဆယ်ဆပိုမို အကျိုး သက်ရောက်မှု ရှိပါတယ်။ orgasm ရရပြီးချင်းမှာ oxytocin ပမာဏ ငါးဆတက် လာပါတယ်။ ဒါကြောင့် endorphin တွေအများကြီး ထွက်လာပါတယ်။ endorphin သည်ရိုးရိုးခေါင်း ကိုက်ခြင်းမှ အဆစ်အမြစ် ရောင်ရမ်းခြင်း (arthritis)၊ ခေါင်းတခြမ်းကိုက်ခြင်း (migraine) စတာတွေကိုပါ အခြားဘေးထွက် သက်ရောက်မူ့ လုံးဝ မရှိစေပဲ သက်သာစေ ပါတယ်။ လိင်ဆက်ဆံနေစဉ် ဦးနှောက်ထဲမှ သွေးကြောတွေမှာ ဖိအားကျသွားစေပါတယ်။ ထို့အတွက် ခေါင်းတခြမ်း ကိုက်ခြင်း မျိုးကိုလည်း သက်သာစေပါတယ်။ ထို့ကြောင့် အမျိုးသမီးတယောက် ခေါင်းကိုက်တယ်ဆိုရင် ဒါဟာ လိင်မဆက်ဆံဖို့ အကြောင်း ပြချက်တခု ဖြစ်ရမယ့်အစား ဆက်ဆံဖို့ အကြောင်းပြချက်တခု ဖြစ်သင့်ပါတယ်။

၁၀။ ကိုယ့်ချစ်သူကို နေ့စဉ်နမ်းလျှင် သွားဆရာဝန်ဆီ သွားရတဲ့အကြိမ် နည်းလာပါ လိမ့်မယ်တဲ့။ ဟုတ်ပါတယ် ဘာကြောင့်လည်းဆို နမ်းတာဟာ တံတွေးထွက်တာ တိုးပါတယ်။ တံတွေးက သွားကြားထဲက စားကြွင်း စားကျန်တွေကို ရှင်းပေးပြီးတော့ သွားပိုးစားခြင်း ရဲ့အဓိက အကြောင်းရင်းဖြစ်တဲ့ ပါးစပ်ထဲမှ အက်ဆစ် ပမာဏကို လျော့ကျစေပါတယ်။

၁၁။ "A good sex session can be a good remedy against stiff nose, being a natural antihistaminic that helps combating asthma and high fever" လိင်တစ်ခါမျှ ဆက်ဆံယုံဖြင့် နှာစေးနေတာကို သက်သာစေ နိုင်ပါတယ်။ သဘာဝ antihistaminic တခုဖြစ်နေတာ ကြောင့်လည်း ရင်ကျပ်တာနဲ့ အဖျားတက် တာကိုသက်သာ စေပါတယ်။

၁၂။ ပုံမှန်လိင် ဆက်ဆံခြင်းသည် cholesterol ပမာဏ ကျစေပါတယ်။ ဒါကြောင့် ကောင်းတဲ့ cholesterol နဲ့ မကောင်းတဲ့ cholesterol အချိုးညီလာ စေပါတယ်။

၁၃။ လိင်ဆက်ဆံတုန်းမှာ ထွက်တဲ့ ဟော်မုန်းတွေက အမျိုးသားတွေရော အမျိုးသမီးများ အတွက်ပါ အကျိုးရှိပါတယ်။ အမျိုးသမီး တွေမှာထွက်တဲ့ estrogen ကလုံးကို ကာကွယ်ပေးပါတယ်။ ရေရှည်မှာ အယ်ဇိုင်းမားရောဂါ၊ အရိုးပွရောဂါတွေ ကာကွယ်တာမှာလည်း အကျိုးရှိပါတယ်။ အမျိုးသားတွေမှာ ထွက်တဲ့ testosterone ကတော့ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။

၁၄။ လိင်ဆက်ဆံတာဟာ နှလုံးအတွက်တင်မကပဲ သွေးလည်ပတ်မှုအတွက်၊ အထူးသဖြင့် ဦးနှောက်ထဲက သွေးလည်ပတ်မှုအတွက် အကျိုးရှိပါတယ်။ နှလုံးခုန်တွေမြန်လာခြင်း၊ အသက်ရှူတွေ မြန်လာခြင်း တွေကြောင့်ပါ။

၁၅။ အအေးမိ၊ တုပ်ကွေး ဖြစ်နိုင်ခြေ ကျလာပါမယ်။ တပတ်ကို ၁ ခေါက်၊ ၂ ခေါက်ဆက်ဆံရင် immunoglobulin လို့ခေါ်တဲ့ ခုခံအားစနစ်ကို အလုပ်လုပ်စေတဲ့ antibody နှုန်းက ၃၀% တက်လာပါတယ်။

၁၆။ ဆီးသွားတာကို ထိန်းချုပ်တဲ့ pelvis ကြွက်သားတွေ ပိုမိုသန်စွမ်းလာ ခြင်းကြောင့် ဆီးအိမ်ကို ပိုမိုထိန်းချုပ် လာနိင်ပါတယ်။

၁၇။ orgasm ရပြီးလျှင်၊ အထူးသဖြင့် ညနေပိုင်းမှာဆိုရင် လူက အိပ်ချင်လာပါတယ်။ ကောင်းကောင်း အိပ်ပျော်တယ် ဆိုတာဟာ လိင်ကောင်းကောင်း ဆက်ဆံပြီး တာရဲ့အကျိုးဆက် တခုပါပဲ။ orgasm ရပြီးတဲ့ အချိန်မှာ ကျား၊မ နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်ဟာ လုံးဝ လျှော့ထားတဲ့ အခြေအနေ ရောက်နေ ပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာ ဖြစ်ပါတယ်။

၁၈။ လိင်ဆက်ဆံ တာဟာကင်ဆာ ကိုကာကွယ် နိုင်ပါတယ်။ သုတေသန ပေါင်းများစွာက သုက်လွှတ်မှု အကြိမ်ရေများတာ၊ လိင်ဆက်ဆံမှု များတာဟာ သက်ကြီးပိုင်းမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကျ စေတယ်လို့ ဖော်ပြနေပါတယ်။ သုတေသန တခုအရဆိုလျှင် တလကို ၁၃ ကြိမ်ကနေ အကြိမ်၂၀ သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တလကို ၄ ကြိမ်နဲ့ ၇ကြိမ်ကြား သုက်လွှတ်တဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၄ရာခိုင်နှုန်း လျော့ပါတယ်။ တလကို ၂၁ကြိမ်ထက်ပိုရင် ၃၃ရာခိုင်နှုန်း လျော့ပါတယ်။

ဒါအပြင် ရှိပါသေးတယ်။ သို့သော်ငြား လည်းပဲဒီလောက်နှင့် ပဲရပ်ပါရစေ။း) ဘာပဲပြောပြော ကျွန်တော်တို့ ဘက်မှတစ်ခု ပြောချင်တာက တော့ အကာအကွယ်မဲ့ ဆက်ဆံခြင်း ဟာအသွားနှစ်ဖက် ပါဓါးလိုပါပဲ။ မိမိရော မိမိအဖော်ကို ရောထိခိုက်စေ ပါတယ်။ ဖြစ်နိင်ရင် တစ်လင်တစ်မယား စနစ်ဟာ အကောင်းဆုံးပါ။ သို့သော်ပုထုစဉ်များ ဖြစ်သည့် အတွက် မလွှဲသာ ဘူးဆိုလျှင် အကာအကွယ် (Condom) သုံးကြပါလို့ တိုက်တွန်းပါရစေ။ အားလုံး ကျန်းမာ ပျော်ရွှင်သော မိသားစု ဘ၀လေး ပိုင်ဆိုင်နိင်ပါစေ။

Written By GG, Images and source from softpedia and goeshealth.
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...