Sexting: Teens & Adults X Rated Texts (+18)



လူတွေက တစ်ခါတစ်ရံမှာ မသင့်လျော်တဲ့ အပြုအမူတွေ မှန်းသိရက်နဲ့ လုပ်တတ်ကြပါတယ်။ ဥပမာ Sex Texting ပေါ့။ ဒါတွေကို နောက်ကွယ်က လှုံ့ဆ်ာနေတာ ဘာတွေ ဖြစ်မလဲ ဆိုတာ ကိုတော့ သေချာ မသိကြပါဘူး။

အချို့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း တွေမှာ အများ အမြင် မသင့်တော်တဲ့ မိမိရဲ့ ကိုယ်လုံးပြ ဓာတ်ပုံ တွေကို text message တွေကနေ ပေးပို့ မှု (sexting) ဟာပေးပို့သူကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေတဲ့ ဖြစ်ရပ် မျိုးတွေ ဖြစ်စေ နိုင်ပါတယ်။ ဒီလိုမျိုး ဓာတ်ပုံ တွေဟာ မသမာသူ တွေရဲ့ လက်ထဲက
ို ရောက်သွားပြီး လူ့ပတ်ဝန်းကျင်မှာ နာမည်ပျက် အရှက်ကွဲ ရတဲ့ ကိစ္စမျိုးတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလို လူမြင် မတင့်တယ်တဲ့ ဓာတ်ပုံ တွေကို လူတွေဟာ text message တွေကနေ ပေးပို့ ကြရသလဲ ဆိုတာကိုတော့ ကျွန်တော်တို့ သေချာ ဆွေးနွေး လေ့လာမှုတွေ မရှိခဲ့ပါဘူး။ ဒါကြောင့် Microsoft Research အဖွဲ့ အစည်းရဲ့ သုတေသန ပြုသူ တစ်ဦးဖြစ်သူ Danah Boyd ဟာဘာကြောင့် လူငယ်တွေ sexting လုပ်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာ ခဲ့ပါတယ်။ Danah ရဲ့သုတေသန ပြုမှုအရ လူငယ်တွေဟာ နာမည်ကြီး ကျော်ကြား လိုတဲ့ အတွက် sexting ရပါသတဲ့။ ထိုကိစ္စနဲ့ ပတ်သက်ပြီး Danah ဟာလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး New York မြို့မှာ ပြုလုပ်ခဲ့တဲ့ Internet Safety Symposium မှာယခုလို တင်ပြ ဆွေးနွေး ခဲ့ပါတယ်။



Danah ပထမဆုံး လေ့လာခဲ့သူ ကတော့ မိမိရဲ့ MySpace profile ဓာတ်ပုံမှာ ကိုယ်လုံးကို မပေါ်တပေါ် လှစ်ဟ ပြထားတဲ့ ၁၅နှစ် အရွယ် ဆယ်ကျော်သက်လေး Traviesa ပဲဖြစ်ပါတယ်။ Danah ရဲ့ ပြောပုံအရ Traviesa ဟာ အပြာ ဓာတ်ပုံ ဗီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ပြီး နာမည်ကြီး လာခဲ့တဲ့ မော်ဒယ် အနုပညာရှင် တွေဖြစ်တဲ့ Tila Tequilla ပြီးတော့ Paris Hilton စတဲ့ သူတွေကို အတုယူ မှားခဲ့တာ ပါတဲ့။ Danah က “Traviesa ဟာ အောင်မြင်တဲ့ မော်ဒယ် တစ်ဦး ဖြစ်နိုင်ရေး အတွက် အစွမ်းကုန် ကြိုးစား နေသူလေး ဖြစ်ပြီး သူလဲပဲ သူအားကျ ရတဲ့ အနုပညာရှင် တွေလို အွန်လိုင်း ကနေ တစ်ဆင့် ကျော်ကြား မယ်လို့ ယုံကြည် နေပါတယ်။” လို့ဆိုခဲ့ပါတယ်။ Traviesa ဟာ မိမိရဲ့ ဓာတ်ပုံကို ဘယ်သူကိုမှ ပေးပို့ ဖြန့်ဝေ ခဲ့တာမျိုး မလုပ်ပေမယ့် လူအများ မြင်နိုင်တဲ့ နေရာ မျိုးမှာဖော်ပြ ထားခဲ့တာ ဖြစ်ပြီး လူတိုင်း စိတ်တိုင်းကျ အသုံးပြု နိုင်တဲ့ အခြေအနေ မျိုးတော့ ဖြစ်နေပါတယ်။



နောက်ထပ် ရှာဖွေ တွေ့ရှိချက် ကတော့ အချို့သော ဆယ်ကျော်သက် အရွယ်လေး တွေဟာ sexting ကိုသုံးပြီး ချစ်သူ ရည်းစား ရှာဖွေ ကြပါတယ်တဲ့။ Danah ဟာ မေလထုတ် New York Times မှာ ပါဝင်လာတဲ့ လူငယ်တွေ sexting ကိစ္စ အပေါ် ဘယ်လို ထင်မြင် ယူဆမှု ရှိလဲဆိုတဲ့ စစ်တမ်း တစ်ခုကို ကိုးကားပြီး ရှင်းပြ ခဲ့ပါတယ်။ ထိုစစ်တမ်းရဲ့ အင်တာဗျုး တစ်ခုမှာ အသက် ၁၇နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကောင်မလေး Kathy က “ကျွန်မတို့ ကျောင်းမှာ ကောင်မလေး တစ်ဦး အနေနဲ့ ကောင်လေး တစ်ဦးကို စိတ်ဝင်စားပြီဆို အဲ့ဒီ ကောင်လေး ဆီက စိတ်ဝင်စားမှုကို ဘယ်လို ရယူရမလဲ ဆိုတာကို ကောင်းကောင်း သိနေပါတယ်။ ဒါဟာ sexting ရဲ့ကောင်းတဲ့ အချက် တစ်ခုပါ။ Sexting ကနေ တစ်ဆင့် သင်ကိုယ်ဝန် မရနိုင် ပါဘူး။ ရောဂါပိုးမွှား တွေလဲ မကူးစက် စေနိုင်ပါဘူး။” လို့ဆိုထား ပါတယ်။ ထိုအချက်နဲ့ ပတ်သက်ပြီး Danah က ဆယ်ကျော်သက် ကောင်မလေး တွေဟာ ဒီလို ဓာတ်ပုံ တွေကို ပေးပို့ခြင်း အားဖြင့် လူအများက သူတို့ဟာ ဆွဲဆောင်မှု ရှိတဲ့ မိန်းမပျို လေးတွေ ဆိုပြီး သတ်မှတ် ကြမယ်လို့ ယူဆ နေကြပါတယ် လို့ထောက်ပြထား ပါတယ်။



Danah က sexting ဟာ sex act တစ်ခု ဖြစ်ပြီး loving versions ရှိသလို abusive versions လဲ ရှိနိုင်တယ်။ စနောက်ပြီး ဓာတ်ပုံတွေ ပေးပို့ ဖြန့်ဝေ ကြတာတွေ ရှိသလို လူတစ်ဦးကို အရှက်ကွဲ အကျိုးနည်း စေလိုတဲ့ ရည်ရွယ်ချက် မျိုးနဲ့ လုပ်ရပ်တွေလဲ ရှိနိုင် ပါတယ်။ ဒီလို အခြေအနေ မျိုးတွေကြောင့် sexting အတွက် ဥပဒေ ထုတ်ပြန်ဖို့ ခက်ခဲ နိုင်ပါတယ်။ ကလေးတွေကို မိဘတွေ အနေနဲ့ ကာကွယ် လိုပေမယ့်လဲ သူတို့ရဲ့ sex acts တွေအတွက် အပြစ်ပေး အဖမ်းအဆီး ခံရ တာမျိုးတော့ မဖြစ် စေချင်ဘူးပေါ့။” လို့ပြောခဲ့ ပါတယ်။ Danah က လူတွေဟာ ပြဿနာ တိုင်းအတွက် မီဒီယာတွေ၊ အနုပညာရှင်တွေ၊ အုပ်ထိန်းသူတွေ ကိုသာ လက်ညှိုးထိုး အပြစ် ပြောကြပေမယ့် ဒီကိစ္စတွေဟာ ကျွန်မတို့ရဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း အားလုံး ထင်ထား တာထက် ပိုပြီး ရှုပ်ထွေး နေပါတယ် ဟုဆိုပါတယ်။



Danah ရဲ့ဆွေးနွေး တင်ပြမှုဟာ ဆယ်ကျော်သက် အရွယ်တွေ အပေါ်မှာပဲ ဖြစ်ပေမယ့် ကလေးတွေရဲ့ အနာဂတ် အတွက် ဆိုရင်တော့ လူကြီးတွေ နဲ့လဲ ဆိုင်လာမှာ ဖြစ်ပါတယ်။ “လူတွေက sexting ကိစ္စနဲ့ ပတ်သက်ပြီး ကလေးတွေ အပေါ်မှာပဲ အပြစ်ပုံချ နေပေမယ့် လူကြီးတွေဟာလဲ sexting မှာ လူငယ်တွေ ထက်တောင် ပိုပြီး ပါဝင် ပတ်သက်မှု ရှိနေပါတယ်။ အသက်၂၀အရွယ် လူငယ်တွေက ချစ်သူရှာဖို့ sexting ကိုသုံးပေမယ့် လူကြီးတွေက နောက်ကွယ်က ဖောက်ပြန်ဖို့ သုံးနေ ကြတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြောရရင် လူငယ်တွေက နည်းပညာနဲ့ ကျွမ်းဝင်မှူ ရှိတော့ ကောင်းကောင်း သုံးတတ်ပေမယ့် လူကြီးတွေ ကတော့ မစွံပါဘူး။ ဒါကြောင့်လည်း လိမ်တဲ့လူတွေ ဘယ်တော့မှ အနိုင်မရဘူးလို့ ပြောကြတာပဲ။” လို့ပြောခဲ့ ပါတယ်။

Written by 301, Edited by Arr Luu, Images from ZooFm107.5, PSextreme, Greatmalesurvey, nerve, Source - TechnewDaily
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...