ကောင်မလေးရဲ့ ၀က်ခြံပျောက်နည်း


ကောင်မလေးတစ်ယောက်ဆီက ဒီလို မက်ဆေ့တစ်စောင်ရတယ်။ ၀က်ခြံကြောင့် အလှ ပျက်နေသူများအတွက် မျှဝေလိုက်ပါတယ်။

ဟိုင်း အစ်မ
အစ်မ ညီမ ဆေးနည်းလေးတစ်မျိုးပေး ချင်လို့ပါ (အလှူလုပ်ချင်တာပါ)။ညီမ Wall ပေါ်မှာဆို Friend နည်းတော့ နည်းနည်းပဲသိကြမှာပါ။ အဲဒါ အစ်မရေးပေး ချင်လားလို့။ ၀က်ခြံကြောင့် အလှပျက်တဲ့သူ တွေအတွက်ပါ။ သဘာဝဆေးပေါ့။

ညီမ ၀က် ခြံပေါက်တာ ၅ တန်းလောက်ကတည်းကပါ။ ပေါက်လိုက် သက်သာသွားလိုက်နဲ့ အရှင်းမပျောက်ဘူး။ ရန်ကုန်မှာလည်း ကုတာ ဆေးနည်းတော် တော်စုံနေ ပြီ။ Singapore မှာလည်း ကုတာ ဆေးတွေသာ ၆ လလောက် သောက်လိုက်ရ တယ်။ တော်တော်တော့ ပျောက်ပါတယ်။ နည်း နည်းကြာလာ ရင် ပြန်ပြန်ဖြစ်တယ်။ ၀က်ခြံ ကြောင့် ငွေတော်တော်ကုန်ပါတယ်။ အဆိုးဆုံး က ပြီးခဲ့တဲ့ May လတုန်းက ညီမမျက်နှာမှာ ၀က်ခြံထက်တောင်ဆိုးပါတယ်။ အဖုကြီးတွေ ဖြစ်ပြီး အိမ်ပြင်တောင် မထွက်ရဲပါဘူး။ Infection တွေဝင်သ လိုဖြစ်ပြီး ယားကယား ရဲကရဲ တော်တော်ကြည့်ရ ဆိုးပါတယ်။ ဆေးခန်း သွား ပြီး ပျောက်ချင် စိတ်နဲ့Peeling လုပ်လိုက်တာ ပိုဆိုးလာတယ်။ အိမ်ကိုအလုပ်လာလုပ်ပေးတဲ့ ကောင်မလေးက ဆေးနည်းပေးလို့လုပ်ကြည့် တာ ၄ ရက်လောက်နဲ့ တော်တော်သက်သာသွားတယ်။

ဆေးနည်းက တမာရွက်ကို ရေနဲ့ စင်အောင်ဆေးပြီး (ပိုစိတ်ချချင်ရင်တော့ ဆား ရေနဲ့ဆေးပေးပါ သို့မဟုတ် အသီးအရွက်ဆေး ဆပ်ပြာနဲ့ဆေးပေးပါ) ပြီးရင် ညက်နေအောင် ထောင်းပြီး မျက်နှာတစ်ခုလုံးပွတ်ပေးပါ။ ၀က်ခြံ ရှိတဲ့နေရာမှာ ပုံပေးရင် ပိုကောင်းတယ် အစ်မ။ ကြာကြာ ထားလေ ကောင်းလေပါ။ ပြီးရင်တော့ မျက်နှာသစ်ပြီး လိမ်းနေကျဆေး လိမ်းလို့ရပါ တယ်။ ၁ လတိတိတော့ မှန်မှန်လုပ်ပေးပါ။ အမာရွတ်လေးတွေပါ ပါးပါးလာလိမ့်မယ်အစ်မ။ ၀က်ခြံရှိတဲ့နေရာတွေ ကတော့ နည်းနည်းယား လိမ့်မယ်။ ပြီးတော့ မျက်နှာသစ်ပြီးရင်လည်း နည်းနည်းနီတာရှိမယ်။ ၁၅ မိနစ်လောက်နေရင် ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ် အစ်မ။

နောက်တစ်နည်းက ညီမမေမေပေးတဲ့နည်းပါ။ တမာရွက်ကိုပြုတ် ပြီး အအေးခံပြီးမျက်နှာသစ်ပါ။ ညီမကတော့ ၃ ရက်လောက် လုပ်လိုက်ပါ တယ်။ နှစ်မျိုးလုံး ဆို ၀က်ခြံများတဲ့သူအတွက် ပိုထိရောက်ပါ တယ်။ အားလုံးဝက်ခြံကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ရွှေပန်းချီ
M Plaza Shopping Journal (Vol 1, No 16 )

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...