အဝေးသင်တက္ကသိုလ်များ၏ ဘာသာရပ်အလိုက် ဝင်ခွင့်ရရှိမှုများ အောက်တိုဘာလတွင် ထုတ်ပြန်မည်


Monday, 30 September 2013 14:00
   
ဝိဇ္ဇာ၊ သိပ္ပံနှင့် အဝေးသင်တက္ကသိုလ်များ၏ ဘာသာရပ်အလိုက် ဝင်ခွင့်ရရှိမှုများအား အောက်တိုဘာ လဆန်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ သိရ သည်။

၂၀၁၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့အစည်းမှ မိမိတို့အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များအလိုက် ခေါ်ယူမည့်ကျောင်းသားအရေအတွက် တက္ကသိုလ်အလိုက် ခေါ်ယူ မည့်ကျောင်းသား အရေအတွက် (ကျားမ) တို့အား မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) သင်တန်းရေးရာမှ တာဝန်ရှိသူတစ်ဦးက "တက္ကသိုလ် ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ကနေ ဘုတ်ထိုင်ပြီးလိုအပ်တဲ့အရေအတွက် ခေါ်ယူရေးကိုညှိနှိုင်းဆုံးဖြတ် ပြီးပါပြီ။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေထဲကနေ ဘာသာရပ် တစ်ခုစီအတွက် လူဦးရေနဲ့ အမှတ်ဖြတ်တာတွေကို လုပ်နေပါပြီ။ လာမယ့်အောက်တိုဘာလဆန်းမှာ ဝင်ခွင့်ရတဲ့ဘာသာရပ်တွေကို ကျောင်းသားတွေဆီပို့ပေးသွားမယ်။ ဒီဌာနမှာလဲလာပြီး စုံစမ်းမေးမြန်း လို့ရပါတယ်" ဟုပြောသည်။

အဆိုပါတက္ကသိုလ်များအလိုက် လိုအပ်သည့်အရေအတွက် ခေါ်ယူရေးအတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့အစည်းမှ ယခုနှစ်စက်တင်ဘာ ၂၆ ရက်တွင် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ရှိတက္ကသိုလ်များ ဗဟိုကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်အားလုံးတို့အား နှစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဖွင့်လှစ်ပေးလျက်ရှိပြီး မိမိတို့တက္ကသိုလ်ဝင်ခွင့်အလိုက် လျှောက်ထား ရရှိသည့် သက်ဆိုင်ရာတက္ကသိုလ်ဝင်ခွင့်ဘာသာရပ်များကိုလည်း အောက်တိုဘာလဆန်းတွင် ထုတ် ပြန်ပေးလေ့ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာတက္ကသိုလ်များအလိုက် ဝင်ခွင့်ရရှိသည့် ဘာသာ ရပ်များအား မြို့နယ်စာတိုက်များမှတစ်ဆင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

The Yangon Times Daily
အတွဲ(၁)၊ အမှတ်(၁၃၀)၊ စက်တင်ဘာ ၂၈၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...