ဒူးဆစ်နာရခြင်း အကြောင်းရင်းများ


Health Updates Journal No. 89

(၁) အရိုးအက်ခြင်း
ဒူးဆစ်ကိုဖွဲ့စည်းထားတဲ့ ပေါင်ရိုး၊ ညို့သကျည်းရိုး၊ ခုံညင်းရိုးတွေထဲက တစ်ခုခုအက်တဲ့အခါ ဒူးဆစ် လုံးဝလှုပ်မရဘဲ ရောင်ရမ်းကိုက်ခဲလာတတ်ပါတယ်။

(၂)အရည်အိတ်ရောင်ခြင်း
(bursitis)
ဒူးဆစ်ကူရှင်သဖွယ် ဆောင်ရွက်ပေးတဲ့ အရည်အိတ်တွေ ရောင်ရမ်းခြင်းကြောင့်ဖြစ်ပါတယ်။ ဒူးထောက်များတဲ့သူတွေမှာ အဖြစ်များပါတယ်။

(၃) အဆစ်ရောင်ရောဂါ
(osteoarth ritis)
အားကစားသမားတွေနှင့် အ သက်ခြောက်ဆယ်ကျော်သူတွေမှာအဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။

(၄) အရွတ်ရောင်ခြင်း
(tendo nitis)
အခုန်များသူ၊ အတက်အဆင်း များသူတွေမှာ အရွတ်ရောင်ရောဂါ မကြာခဏဖြစ်တတ်ပါတယ်။
မည်သည့်ရောဂါကြောင့် ဒူးဆစ်နာသည်ဖြစ်စေ
- ဒူးဆစ်ကိုအနားပေးပါ။ ပြင်းပြင်း ထန်ထန်လှုပ်ရှားမှုများ ရှောင်ကျဉ်ပါ။
- ဒူးဆစ်ကိုရေခဲကပ်ပါ။ နေ့စဉ်သုံးနာရီတစ်ကြိမ်၊ မိနစ် (၂၀) ခန့် ရေခဲကပ်ပါ။
- ထိုင်သည့်အခါ၊ လှဲအိပ်သည့်အခါ ဒူးဆစ်အောက်မှာခေါင်းအုံးခံပေးပါ။
- NSAID အမျိုးအစားအကိုက် အခဲပျောက်ဆေးများကို အသင့်အတင့်မှီဝဲပါ။
အောက်ပါအချက်များ မရမချင်း ပုံမှန်လှုပ်ရှားမှုပြု၍ မရသေးပါ။
- ဒူးဆစ်ကွေးဆန့်ပြုလုပ်တိုင်း နာကျင်မှုမရှိတော့ခြင်း
- လမ်းလျှောက်တိုင်း မနာတော့ခြင်း
- ဒူးဆစ်မနာသည့်အဆစ်ကဲ့သို့ ပြန်လည်သန်မာခြင်း

သီဟ
Source:WebMD
Health Updates Journal No. 89

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...