ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

Photo: ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
1. Missed period ရာသီမလာခြင်း၊ Unusual or abnormal period ရာသီ မမှန်ခြင်း၊ Implantation bleeding ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ Spotting သွေးနဲနဲ ဆင်းတတ်တယ်။ ဆီးစပ်နေရာကလဲ Cramping နာတာ ခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန် (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
2. Just feeling pregnant ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
3. Nausea and Vomiting ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
4. Changes in libido လိင်စိတ် ပြောင်းလဲလာခြင်း၊
5. Soreness of the Breasts ရင်သားနာခြင်း၊
6. Enlargement of the Breasts ရင်သား ပိုကြီးထွားလာခြင်း၊
7. Montgomery's Tubercules ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
8. Colostrum from Breasts ညှစ်ရင် နို့ရည်ကြည် ထွက်လာခြင်း၊
9. Frequent Urination, Cystitis ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
10. Strange Cravings ချင်ခြင်းတပ်ခြင်း၊
11. Fatigue အားကုန်ခြင်း၊
12. Skin Changes အသားအရေပြောင်းလဲလာခြင်း၊
13. Stretch Marks ဗိုက်ကြော စသည်ပြတ်ခြင်း၊
14. Enlarging Uterus သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
15. Movement ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲဖြစ်နိုင်တယ်။
16. Dizziness or fainting မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
17. X-ray Detection ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
18. Fetal Heart Sounds ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ Ultrasound နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
19. Ultrasound Detection (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
20. Positive Pregnancy Test ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊

Credit - ဒေါက်တာတင့်ဆွေ

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...