အသက်ရှည်စေမယ့် လက်ဖက်ရည်


Health Updates Journal No. 89

လက်ဖက်ရည်ကို ပုံမှန်သောက်ခြင်းဟာ အသက်ရှည်စေမယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။ ပေါ်လီဖိနော်ပါဝင်တဲ့အတွက် လက်ဖက်ရည်ဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ကြွယ်ဝနေပြီး နာတာရှည်ရောဂါတွေကြောင့် သေဆုံးမှုနှုန်းကို ၃၀%အထိ လျှော့ချပေးနိုင်ကြောင်း ကိုလည်း ဖော်ပြထားပါတယ်။

ဘာစီလိုနာတက္ကသိုလ်မှ သုတေသီတွေဟာ လူဦးရေ (၈၀၇)ဦးကို လေ့လာနိုင်ခဲ့ပြီး အသက်(၆၅)နှစ် အထက်ရှိသူများ ဖြစ်ကြပါတယ်။ ပေါ်လီဖီနော်ကို လက်ဖက်ရည်အပြင် ကော်ဖီ၊ အနှံစားသီးနှံများ၊ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များမှာလည်း တွေ့ရှိရပါတယ်။ ပေါ်လီဖီနော်ဟာ ဓာတ်တိုး ဆန့်ကျင်နိုင်ခြင်း၊ ရောင်ရမ်းခြင်းကို ကာကွယ်နိုင်ခြင်းနဲ့ ကင်ဆာရောဂါများကို ကာကွယ်နိုင်ခြင်းကြောင့် ထင်ရှားလာတဲ့ ကွန်ပေါင်းတစ်မျိုးဖြစ်ပါတယ်။

လေ့လာမှုကို ဘာစီလိုနာတက္ကသိုလ်၊ အာဟာရဗေဒဌာနမှ ပါမောက္ခ Dr Cristina lacueva က ဦးဆောင်ခဲ့ပြီး လက်ဖက်ရည်သောက် သုံးသူများရရှိတဲ့ ပေါ်လီဖီနော် ပမာဏကို ဆီးမှတစ်ဆင့် စစ်ဆေးရတဲ့ nutritional biometer ကို အသုံးပြုပြီး လေ့လာခဲ့ပါတယ်။ ရလဒ်များ အရ ပေါ်လီဖီနော်ကို (၆၅၀)မီလီဂရမ်လောက် တစ်နေ့ကို သုံးစွဲသူများဟာ သေဆုံးမှုနှုန်း (motality rate) ၃၀% ကျဆင်း တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒီသုတေသနကို Journal of Nutrition မှာဖော်ပြထားတာဖြစ်ပါ တယ်။

သန့်စင်
Ref: ANI
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...