အိပ်ရေးပျက်ခြင်းဖြင့်...



နှစ်စဉ် ကားတိုက်မူ ထောင်သောင်း ဖြစ်နေရခြင်းသည် အဘယ်ကြောင့်နည်း။

အလုပ်ခွင်၌ မတော်တဆ ထိခိုက် ဒဏ်ရာရမူများ၊ အလုပ်ရှင်များ အဖို့ ကုန်ထုတ် စွမ်းအားကျဆင်းမူများ သည် အဘယ်ကြောင့် ဖြစ်ပေါ်ရသနည်း။

လုပ်သားများ မူးယစ် သောက်စားခြင်း၊ အလုပ် လုပ်ရလွန်းသဖြင့် လုပ်အားပိ၍ နာမကျန်း ဖြစ်ခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ယူဆကြ၏။ သို့သော် အမှန်စင်စစ် ထိုသို့ ဖြစ်ရခြင်းကား အိပ်ရေးပျက်မူနှင့် အိပ်ရေးပုံစံ မူ မမှန်ဘဲ ကမောက်ကမ ဖြစ်နေမူ၊ အိပ်မရမူများကြောင့် ဖြစ်၏။ ယင်းကို သိလာရသူတို့သည် အတော်ပင် အံ့သြသွားကြ၏။

“အိပ်ရေး” နှင့် ပတ်သက်၍ သုတေသန ပြုနေသူတို့ကမူ “ကျွန်ုပ်တို့သည် အလုပ်ဒဏ် ပိသည်ထက် ပိလာကြသဖြင့် အလုပ် လုပ်ရင်း လုပ်ရင်းက အအိပ်မမှန် ဖြစ်ကြပြီး အိပ်ရေး ပျက်လွန်းလာ ကြ၏။ “အအိပ်ကြွေး” တွေ တင်လာကြ၏။ ထို “အအိပ်ကြွေး” များ များသည်ထက် များလွန်းလာသောအခါ ကျန်းမာရေးကို ထိခိုက်ပြီး ဘေးအန္တရာယ်တွေ တွေ့ကြုံလာရသည်” ဟု ဆို၏။

အိပ်ရေး ပျက် ခြင်း သည် အဓိက ပြဿနာကြီး ဖြစ်၏။ ထို့ကြောင့် အချို့သော စက်မူနိုင်ငံတို့တွင် လုပ်ငန်းခွင် မတော်တဆ ဖြစ်မူများသည် လုပ်သားများ အိပ်ရေး ပျက်မူကြောင့် ဖြစ်သည်ဟု အအိပ်ဆိုင်ရာ ထင်ရှားသော သိပ္ပံ ပညာရှင် ဒေါက်တာ ၀ီလျံစီးဒီးမင့်က ပြောသည်။ ထိုပုဂ္ဂိုလ်သည် စတင်းဖို့(ဒ်) တက္ကသိုလ်၏ အိပ်မူအိပ်ရေးဆိုင်ရာ သုတေသနဌာန၏ ဒါရိုက်တာ လူကြီးလည်း ဖြစ်၏။

အိပ်ရေး မ၀သူတို့သည် ဘေးအန္တရာယ်ကို ရှောင်ဖို့ နှေးကွေး လေးလံသည်။ အာရုံ စူးစိုက်မူ စွမ်းအားလည်း နည်းပါးသည်။ အမှတ် အသားလည်း ချွတ်ယွင်း တတ်သည်။ နေ့စဉ် အလုပ်တာဝန်ကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်။ လူမူ ဆက်ဆံရေး တို့၌လည်း အခက်အခဲ တွေ့ရတတ်သည်။

မိမိတွင် လိုအပ်သော “အအိပ်ကြွေး” ကို မရရှိသေးပါက မိမိတွင် အအိပ်အကြွေး တင်နေမည်သာ ဖြစ်၏။ ထို “အအိပ်ကြွေး” ကို လိုအပ်သော အိပ်ချိန် အိပ်ရေး မရသေးသမျှ “အအိပ်ကြွေး“ကြေမည်မဟုတ်။ သင်သည် အလွန့် အလွန် အိပ်ရေး ပျက်လာပါက ၀က်ရူးနာ ထသလို တက် ချက် သည် အထိ ဒုက္ခ ရောက်နိုင်သည်ဟု ဒေါက်တာ ဒီးမင့်က ပြောသည်။ အိပ်ရေး ပျက်လွန်းသူ အဖို့ အအိပ်က ဖမ်းစားလိုက် သကဲ့သို့ အိပ်ချင်အား ကြီးသဖြင့် ရုတ်တရက် သတိ လက် လွတ် အိပ်ပျော်သွား တတ်၏။

အကယ်၍ ထိုသူသည် ကားမောင်း နေသူ ဖြစ်ပါက ကားတိုက်မူကြောင့် အကြီးအကျယ် ဒုက္ခရောက်နိုင်၏။ ၈၇-ရာခိုင်နူန်း သေဆုံးသည် အထိ အပြင်းအထန် ဒဏ်ရာ အနာတရ ရနိုင်ပြီး ၁၃-ရာခိုင်နူန်း ခန့်သာ အသက်ရှင်ဖွယ်ရာ အကြောင်းရှိ၏။

သာဓက ဆောင်ရသော် အိပ်ရေးပျက်၊ မောပန်း နွမ်းနယ်လွန်းမူ ဒဏ်ကြောင့် ရူကရိန်း ပြည်နယ်၊ ချာနိုဘယ် အဏှမြူ အဆောက်အအုံ ပေါက်ကွဲမူကြီး၊ ပင်စယ်ဗေးနီးယားရှိ “၃-မိုင်ကျွန်း” အဏုမြူ ပေါက်ကွဲ မတော်တဆ ထိခိုက် ဒဏ်ရာရမူ၊ ရေနံတင် သင်္ဘော အိတ်ဇောန် ဗော်လ်ဒက်(ဖ်) (Exxon Valdez) နစ်မြုပ်မူတို့ ဖြစ်သည်။ ထိုသင်္ဘောကို မောင်းသူ အရာရှိငယ်သည် သင်္ဘောကို သင်္ဘောလမ်းကြောင်းသို့ ပြန်ဆုတ်ပြီး မောင်းရန် ပြောသော်လည်း ပြန်မဆုတ်ချေ။ သူသည် သင်္ဘော စတီယာရင် လက်ကိုင်ဘီးကို ကိုင်လျက် မတ်တတ်ကြီး အိပ်ပျော်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်္ဘော နစ်မြုပ်ခဲ့ရ၏။

မော်တော်ကား၊ သင်္ဘော စသည် မောင်းရင်း အိပ်ပျော် သွားသောကြောင့် ထိုသို့ အသက် ဆုံးရူံး ဒဏ်ရာရမူများ ကမ္ဘာနိုင်ငံ အများအပြား၌ ဖြစ်ပေါ်နေသည်။ သာဓကပြရသော် အင်္ဂလန်ရှိ အမြန်မောင်းနှင်ရသော အဓိက အဝေးပြေး လမ်းမကြီးများ၌ လူ့အသက်ပေါင်းများစွာ ဆုံးရူံးရသော ကားတိုက်မူများ၊ အထူးသဖြင့် အဖြစ်များကြောင်း သုတေသီတို့ စုံစမ်း တွေ့ရှိကြရသည်။ အစဦး၌ ထိုသို့ ဖြစ်ရခြင်းသည် အရက်သေစာ သောက်စား မူးယစ်ရင်း မူးရင်း မောင်းသောကြောင့်၊ အရက်ကြောင့်ဟု ထင်ကြသော်လည်း အမှန်စင်စစ်မှာ ကားမောင်းရင်း အိပ်ငိုက် အိပ်ပျော်သွားသောကြောင့် ဖြစ်ကြောင်း သိရ၏။ ကားလမ်း အရှည်ကြီး တစ်ဖြောင့်တည်း ရှိပြီး လမ်းမကြီးမှ ခွဲထွက် ကွေ့ဝင်စရာ လမ်း မရှိဘဲ ကားသမားများ ခေတ္တ နားခိုစရာ နေရာထိုင်ခင်း မရှိသော နေရာမျိုးများတွင် ကားတိုက်မူ မတော်တဆ ဖြစ်မူများ၊ အသက် ဆုံးရူံး ဒဏ်ရာရမူများ ဖြစ်တတ်ကြသည်။

ကားမောင်းရင်း အပန်းဖြေရေး

အိပ်ချင်မူးတူးဖြင့် ကားမောင်းနေသူတို့သည် အရက်သောက်ပြီး ကားမောင်းနေသူ အမူးသမားများနှင့် ဘာမျှ မခြားနားချေ။ အိပ်ရေးပျက်ပျက်နှင့် ကားမောင်းသူများသည် အိပ်ချင် မူးတူး ငိုက်မျဉ်းလာခဲ့သော် မည်သို့ ပြုလုပ်သင့်သနည်း။

(၁) ကားလမ်းမကြီးပေါ်မှ ဝေးဝေး ခွာမောင်းခဲ့ပါ။ ကားလမ်းမကြီး အနားတွင်သာ ကပ်ပြီး မရပ်လိုက်ပါနှင့်။

(၂) ကားလမ်းမကြီးများတွင်ရှိသော ကား ခေတ္တ နားခိုစရာ နေရာမျိုးများသည် ဘေးကင်းပါသည်။ ထိုနေရာမျိုး၊ လင်းလင်းကျင်းကျင်း ရှိသော နေရာတွင် ကားရပ်ပြီး ကားတံခါး သော့ခတ်၍ ခေတ္တ ခဏ အိပ်လိုက်ပါ။

(၃) အကယ်၍ မြို့ကြီး ပြကြီး၌ ဆိုပါက ဟိုတယ်ကြီးများ အတွင်း ကားများ ရပ်နားခွင့်ရှိသော ဆင်ဝင်းအောက် စသည့် နားခွင့်ရှိသော နေရာမျိုး၌ ကားရပ်ပြီး ခေတ္တ အိပ်လိုက်ပါ။

(၄) အကယ်၍ မြို့ကြီး ပြကြီး၌ ဆိုပါက ၂၄-နာရီ ဖွင့်လှစ်ထားသော အဆောက်အအုံကြီးများရှိ ကားရပ်နားစရာ နေရာ၌ အများမြင်သာသည့် မီး အလင်းရောင် အောက်သို့ အရောက်သွားပါ။

(၅) ကားတံခါးများ အလုံပိတ်၍ ခေတ္တခဏ အိပ်လိုက်ပါ။

ကားမောင်းရင်း မငိုက်မျဉ်းရန်မှာ မိမိသည် အိပ်ချိန် မည်မျှ ရရှိသင့်သနည်း။ သတိပြုရမည်။ ကားမမောင်းခင် မိမိသည် အိပ်ချိန် မည်မျှ ရခဲ့ပြီး ဖြစ်သနည်း ဆိုသည်ကို သိထားနှင့်ဖို့ လိုသတည်း။

မှတ်ချက်။ ။ ထို့ကြောင့် မတော်တဆ ထိခိုက် ဒဏ်ရာရမူများ ကင်းဝေးအောင် ဆင်ခြင် သတိပြုစေရန် ဤ ဆောင်းပါးကို စတင်းဖို့(ဒ်) တက္ကသိုလ်မှ စတင်းဖို့(ဒ်) အင်ဘက်စဒါ (Standford Ambassador) ခေါ် ဆောင်းဟေမန်ထုတ် နိုင်ငံတကာ သတင်းလွှာ (၁၉၉၄)၊ စာမျက်နှာ (၁) Sleep Desprivation ဆောင်းပါးကို မှီး၍ ဘာသာပြန်ထားပါသည်။

မြတ်သာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...