ဂျပန်တက္ကသိုလ်ကြီးများ ပညာသင်ဆု မြန်မာအင်ဂျင်နီယာများ လျှောက်နိုင်ပြီ



ဂျပန်တက္ကသိုလ်ကြီးလေးခုမှ မြန်မာနိုင်ငံရှိ ဘွဲ့ရအင်ဂျင်နီယာများအတွက် ပထမဆုံးအကြိမ်ပညာ တော်သင်ဆု ပေးအပ်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တစ်ဆင့်ခေါ်ယူနေပြီဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ CEO ဦးမြင့်စိုးက "ဒါက ဂျပန်နိုင်ငံအစိုးရက ပထမဆုံးခေါ်တဲ့ ပညာတော်သင်ဆု အစီအစဉ်ပါ။ သူတို့ဆီက နည်းပညာအကူအညီပေးမယ်။ ဒီနည်းပညာအကူအညီ ပေးမယ်။ ဒီနည်းပညာနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပြန်လည်အသုံးချနိုင်အောင် ပေးတဲ့ ပညာသင်ဆုပါ" ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။

အဆိုပါပညာတော်သင်ဆုအတွက် Waseda University, Yokohama Nat, University, Kumamoto University နှင့် The University of Tokyo တို့တွင် သတင်းနှင့် အချက်အလက် နည်းပညာသင်ဆု နှစ်ဆု၊ သယ်ယူပို့ဆောင်ရေး ပညာသင်ဆုတစ်ဆု၊ လျှပ်စစ်စွမ်းအား ပညာသင်ဆုတစ်ဆုနှင့် မြို့ပြဖွံ့ ဖြိုးရေးပညာသင်ဆုတစ်ဆု စုစုပေါင်းငါးဆုပေးအပ်မည်ဖြစ်ကာ ပညာသင်နှစ် နှစ်နှစ်ကြာမြင့်မည်ဖြစ် သည်။

Japan International Co-operation Center မှ JDA အစီအစဉ်ဖြင့် ပေးအပ်သည့် အဆိုပါပညာသင် ဆုအတွက် အသွားအပြန်လေယာဉ်စရိတ်၊ နေထိုင်စရိတ်နှင့် စားသောက်စရိတ်များကို ဂျပန်အစိုးရက တာဝန်ယူမည်ဖြစ်ပြီး လုပ်သက်နှစ်နှစ်ရှိကာ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် ၂၂ နှစ်ပြည့်ပြီး အသက် ၄၀ အောက် BE ဘွဲ့နှင့် ME ဘွဲ့ရများ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်လွှာနှင့် အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံး၊ ဖုန်းနံပါတ် ၀၁-၅၁၉၆၇၃-၆ လိုင်းခွဲ (၂၁၂) နှင့် ၀၉-၅၁၄၁၃၂၂ တို့သို့ဆက်သွယ်မေးမြန်း လျှောက် ထားရယူနိုင်ကြောင်း သိရသည်။

The Yangon Times Daily
အတွဲ(၁)၊ အမှတ်(၁၄၉)၊ အောက်တိုဘာ ၂၃၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...