ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကို ပြင်ဆင်နိုင်စေဖို့ နည်းလမ်းများ


Health Updates Journal No. 89

မနက်ခင်းစာဟာ တစ်နေ့တာမှာ အရေးအကြီးဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် မှန်ကန်တဲ့ အစားအစာကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းကို Make Mine Milk လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး နို့ထွက်ပစ္စည်းများကို အခြေခံထားတဲ့ အစားအစာတွေကို မနက်ခင်းစာအဖြစ် စားသုံးဖို့ အဓိကအကြံပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။

နည်းလမ်းများကို အကြံပြုထားတာကတော့-
- ရုံးပိတ်ရက်အပြီး တနင်္လာနေ့မှာတော့ မလိုင်ဖတ် အနည်းငယ်ပါတဲ့ နို့တစ်ခွက်ထဲကို မိမိနှစ်သက်ရာ သစ်သီးကို မွှေပြီးသောက်သုံးပါ။

- အင်္ဂါနေ့မှာတော့ နို့နဲ့စီမံထားတဲ့ ယာဂု(ဆံပြုတ်)ကို စားသုံးပေးပါ။

- ဗုဒ္ဓဟူးနေ့မှာတော့ အဆီထုတ်ထားတဲ့ နို့တစ်ဖန်ခွက်ကို ပန်းကန်လုံး အပြည့်သစ်သီးစုံတစ်ပွဲနဲ့ တွဲဖက်စားသုံးပေးသင့်ပါတယ်။

- ကြာသပတေးနေ့ ရောက်ပြီဆိုရင်တော့ နို့တစ်ဖန်ခွက်အပြင် ဟင်းသီးဟင်းရွက်ကြော်တစ်ပွဲကို တွဲဖက်စားသုံးပေးခြင်းဟာ နေ့ခင်းဘက်အချိန်ထိ ဗိုက်ပြည့်နေစေပါတယ်။

- သောကြာနေ့မှာတော့ အကြိုက်ဆုံးနှံစားသီးနှံ (cereal) ကို ရွေးချယ်ပြီး နို့တစ်ခွက်နဲ့ စားသုံးပေးပါ။
- စနေနေ့ဆိုရင်တော့ ကောက်နှံ၊ အခွံမာသီးနဲ့ စားဖွယ်အချို့ပါဝင်တဲ့ muesli လို့ခေါ်တဲ့ မနက်စာကို နို့တစ်ခွက်နဲ့ တွဲဖက်စားသုံးပေးနိုင်ပါတယ်။

- တနင်္ဂနွေနေ့ မနက်ခင်းမှာတော့ ကြက်ဥကို မွှေထားတာကို ခဲကပ်ပြီး ကင်ထားတဲ့ မနက်စာကို စားသုံးပေးပါ။

ငြိမ်းအေး
ref: IANS
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...