Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည်


သမီးရဲ့အသက်က ၃ဝ ပါ။ အမျိုးသားရဲ့အသက်က ၃၂ ပါဆရာ။ သမီးက January 2013 တုန်းက ကလေး 21 weeks နဲ့ စောမွေးပြီး ကလေးလည်း ဆုံးသွားပါတယ်။ တကယ်တော့ သမီးကိုယ်ဝန် 10 weeks ကစပြီး bleeding ဖြစ်နေတာ။ အိမ်မှာပဲ ရေအိတ်ပေါက်ပြီး ဆေးရုံရောက်တော့ ရိုးရိုးပဲမွေးပြီး ကလေးဆုံးသွားပါတယ်။ bleeding ဖြစ်ကတည်းက progestrone ထိုးလည်းထိုးတယ်၊ သောက်လည်းသောက်တယ်။ 20 Weeks မှာ bleeding ရပ်သွားတော့ Progesterone ရပ်ပြီး အားဆေးပဲဆက်သောက်ခိုင်းတယ်။ သမီး အခု ကလေး ပြန်ယူဖို့ စီစဉ်နေပါတယ်ဆရာ။ လိုအပ်တဲ့ blood test နဲ့ ultrasound တွေတော့ လုပ်ထားပါတယ်။ အားလုံး normal လို့ပြောတယ်ဆရာ။ ကလေးပြန်ယူလို့ ရပြီလို့ပြောပါတယ်။




သမီးသိချင်တာလေးတွေရှိလို့ မေးပါရစေဆရာ။
၁) သမီးရဲ့ Cervical length က ကိုယ်ဝန် 15 weeks မှာ တိုင်းထားတာတော့ 2.6 to 2.7cm ရှိပါတယ်။ Normal က ဘယ်လောက်လဲဆရာ။ cervical length က ကိုယ်ဝန် weeks ပေါ်မှာ မူတည်ပြီအပြောင်းအလဲရှိလား။ ကလေး စောမွေးတာ Cervical length ကြောင့်လားဆရာ။
၂) retrovert and antrovert ဆိဲုတ့အကြောင်းလေး အသေးစိတ်သိပါရစေ ဆရာ။ retrovert နဲ့ antrovert ပေါ်မူတည်ပြီ ကိုယ်ဝန် အခြေအနေပေါ် အကျိုးသက်ရောက်မှုလေးသိပါရစေ။
၃) သမီး ကလေးမယူခင် ဘယ်လိုကာကွယ်ဆေးမျိုးတွေ ထိုးသင့်လဲ ဆရာ။
၎) progesterone က thigh မှာပဲထိုးရတာလား၊ buttock မှာ ထိုးလို့မရဘူးလားဆရာ။ thigh နဲ့ buttock ဆိုရင် ဘယ်နေရာက ပိုပြီးဆေးအာနိသင် ပိုမြန်လဲဆရာ။ nurse မ တွေက သမီးကို thigh မှာပဲထိုးပေးကြတာများလို့ ဘာကွာလဲသိချင် လို့ပါဆရာ။ ဆရာ ဆေးထိုးပြီးရင် လက်နဲ့ချေလို့ရလား။ သမီးက ဆေးထိုးပြီးရင် နီဖောင်းပြီး ယားလာတယ်။ ခဏကြာမှ ပျောက်သွားတာ။ ပြီးတော့ အမာရွတ်အမည်းကြီးကျန်ခဲ့တယ်။ အဲဒါ ပုံမှန်ပဲလားဆရာ။ အဲလို ဖြစ်လာရင်ဘယ်လိုလုပ်ရမလဲဆရာ။
၅) သမီးရဲ့ ကိုယ်ဝန်မပျက်ခင် နဲ့ ကိုယ်ဝန်ပျက်တုန်းက result တွေနဲ့ အခုက လေးမယူခင် လုပ်ထားတဲ့ test result တွေ တွဲပေးထားပါတယ်ဆရာ။ သမီးဘာကြောင့် 10weeks ကတည်းက bleeding ဖြစ်ပြီ 21weeks မှာ စောစော contraction ဖြစ်ပြီ ကလေးမွေးလဲဆိုတာသိချင်ပါတယ်ဆရာ။
၆) သားအိမ် contraction မဖြစ်အောင် Ventolin သောက်ကြတယ်လို့ ကြားဖူးတယ်ဆရာ။ သမီးက Ventolin သောက် ရင် နှလုံးခုန်နှုန်းမြန်ပြီး လက်တွေတုန်တတ်တယ်။ Ventolin အစားတခြားသားအိမ် contraction မဖြစ်အောင် သောက်လို့ရတဲ့ ဆေးမျိုးတွေရှိရင် သိချင်ပါတယ်ဆရာ။
၇) သမီးလို bleeding ဖြစ်ပြီ စောမွေးတဲ့ သူအနေနဲ့ နောက်ကိုယ်ဝန် ရှိရင် ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုဆေးကုသမှုတွေ ခံယူသင့်သလဲဆိုတာ သိချင်ပါတယ်ဆရာ။ Progesterone တမျိုးတည်းကို weekly injection till 37 weeks ဆိုရင် လုံလောက်ပြီလား ဆရာ။



(၁) ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၆-၈% က အချိန်မတိုင်ခင်မွေးတယ်။ မွေးလာတဲ့ကလေး အသက်ရှင်အုံးတော့ ကလေးအတွက် အန္တရာယ်များတယ်။ Cervical length assessment ကိုယ်ဝန်ဆောင်မှာ သားအိမ်လည်ပင်းကို (အာလ်ထွာဆောင်း) နဲ့ တိုင်းတာသင့်တယ်။ ပုံမှန်ထက် တိုနေရင် ကလေးစောမွေးတတ်တယ်။ တိုလေလေ စောမွေးနိုင်လေလေဖြစ်တယ်။ အများအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ၂ ခါတိုင်းတယ်။ ၁၄ ပါတ်မှာ တခါနဲ့ ၂၄ ပါတ်မှာ တခါတိုင်းတယ်။ ၂၂-၂၄ ပါတ်မှာ ၁၅ မီလီမီတာထက်တိုရင် ပုံမှန်မဟုတ်ဘူး။ တချို့ဆရာဝန်တွေက မွေးလမ်းထဲကနေ ရိုက်တဲ့နည်းနဲ့ ကိုယ်ဝန် ၁၈ ပါတ်နဲ့ ၂၂ ပါတ်မှာ တိုင်းကြတယ်။ ပုံမှန်ကိုယ်ဝန်ဆိုရင် ကိုယ်ဝန် ၂ဝ ပါတ်မှ သားအိမ်လည်ပင်းက ၄ဝ မီလီမီတာ၊ ၃၄ ပါတ်မှာ ၃၄ မီလီမီတာရှည်တယ်။

(၂) Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html

(၃) သားအိမ်ဆိုတာ အများဆုံးက Anteverted uterus ရှေ့ကောက်အနေအထားဖြစ်တယ်။ Retroverted uterus ဆိုတာ သားအိမ်ကအနေအထား နောက်ပြန်နေတာကိုခေါ်တယ်။ ၃ ယောက်မှာ ၁ ယောက်၊ ဒါမှမဟုတ် ၅ ယောက်မှာ ၁ ယောက် နောက်လန်နေတယ်။ သားအိမ်နောက်လန်နေရင် ကိုယ်ဝန်ရဘို့အတွက် သက်ရောက်မှုမရှိနိုင်ပါ။

(၄) အသားဆေး IM ထိုးတာကို ကြွက်သားရှိရာ ဘယ်မှာထိုးထိုးရတယ်။ ကြွက်သားများရာမှထိုးတာ ပိုသင့်တယ်။ အဝတ်အစားချွတ်ရလွယ်အောင်၊ ဆေးထိုးပေးသူကိုယ်အနေထားအဆင်ပြေအောင်ဆိုပြီး တချို့က လက်မောင်းမှာ ထိုးတယ်။

(၅) Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-bleeding-during-early.html

(၆) Ventolin (Albuterol) ဆေးကို FDA ကနေ pregnancy category C လို့သတ်မှတ်ထားတယ်။ ကိုယ်ဝန်မှာသုံးဘို့မသင့်ပါ။

(၇) Premature labor ကလေးစောမွေးခြင်း http://dts-medicaleducation-adult.blogspot.in/2013/11/premature-labor.html

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...