ထိုင်း AIT ကျောင်းမှ မြန်မာကျောင်းသားဦးရေ ၄၀ ခန့် ပညာသင်ဆု ပေးအပ်ရန် လျှောက်လွှာများခေါ်ယူ...



ထိုင်းနိုင်ငံရှိ Asian Institute of Technology (AIT) ကျောင်းသည် မြန်မာကျောင်းသား၊ ကျောင်းသူ ဦးရေ ၄၀ ခန့်အား NMFA Scholarship for Myanmar 2014 အမည်ရှိ ပညာသင်ဆုကို ပေးအပ်ရန် လျှောက် လွှာများခေါ်ယူနေပြီဖြစ်ရာ စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထား နိုင်ကြောင်း သိရသည်။

အဆိုပါပညာသင်ဆုကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နေရာတွင် တစ်ဖက်တစ်လမ်း မှကူညီမှုအဖြစ် နော်ဝေအစိုးရက ထောက်ပံ့ကူညီပေးအပ်ခြင်းဖြစ်သည်။

NMFA (Norwegian Ministry of Foregin Affairs) သည် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်း သူများအား ကျောင်းလခအပါအဝင် ပညာသင်စရိတ်များအားလုံး ထောက်ပံ့မည်ဖြစ်သည်။ လျှောက် ထားလိုသူသည် အစိုးရတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်ဖြစ်ပြီး GPA အနည်းဆုံး ၂ ဒသမ ၇၅ ရှိရမည်လည်းဖြစ်သည်။

အနည်းဆုံးတစ်နှစ်

ထို့ပြင်အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောကျွမ်းကျင်ပြီး လုပ်ငန်းအတွေ့အကြုံအနည်းဆုံး တစ်နှစ်ရှိ ကာ အသက် (၄၀) နှစ်အောက် အရွယ်လည်းဖြစ်ရမည်ဖြစ်သည်။

လေ့လာနိုင်

စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူများသည် လျှောက်လွှာများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး AIT ၏တရားဝင်ဝက်ဘ်ဆိုက် www.ait.ac.th/admi-ssions/Current_Scholoarship/nmfascholarships-for-myanmar-2004 ထဲသို့ ဝင်ရောက်ပြီး NMFA Scholarships for Myanmar 2014 နှင့်ပတ်သက်သည့် အချက်အလက် အပြည့်အစုံကို လေ့လာနိုင် သည့်အပြင် လျှောက်လွှာပုံစံများ ရယူခြင်းနှင့် လျှောက်ထားခြင်း တို့ကိုလည်း ပြုလုပ်နိုင် ကြောင်း သိရသည်။

စုံစမ်းနိုင်

ထို့ပြင်လူကိုယ်တိုင် စုံစမ်းမေးမြန်းလိုသူများနှင့် လျှောက်လွှာတင်လိုသူများအနေဖြင့်လည်း ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒို (Building–B) ပထမထပ်တွင်ရှိ သော AIT AA Myanmar Chapter အခန်း F ၂၁၊ (KOE Dental Clinic) သို့လာရောက် စုံစမ်းမေး မြန်းနိုင်သည့် အပြင် ဖုန်း၀၉-၂၅၀၈၈၈၆၊ ၀၉-၅၁၁၉၈၅၈ သို့လည်းကောင်း၊ makaam@gmail.com"> makaam@gmail.com သို့မေးလ်ပို့၍ လည်းကောင်း စုံစမ်းနိုင်ကြောင်းလည်း သိရသည်။

လက်လွတ်မခံသင့်

'မြန်မာနိုင်ငံက လက်ရှိကြိုးစားလုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးမှု အစီအစဉ်တွေအတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီတဲ့အနေနဲ့ နော်ဝေအစိုးရက ဒီပညာသင်ဆုကို စပွန်ဆာပေးတာပါ။ နော်ဝေအစိုးရ ကိုယ် စား နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပါတယ်။ စားစရိတ်ကလွဲလို့ ကျန် တဲ့ ပညာသင်စရိတ်တွေအားလုံး တာဝန်ယူခံပေးမှာဖြစ်လို့ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အရေးကောင်းကြီး တစ်ခုပါ။ လူဦးရေကလည်း ဦးရေ ၄၀ အထိ ခေါ်ယူမှာဆိုတော့ ဒီအခွင့်အရေးကို လက်လွတ် မခံသင့်ကြဘူးလို့ ထင်ပါတယ်' ဟု AIT AA Myanmar Chapter မှတာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

စီစဉ်

ပညာသင်ဆုပေးအပ်ခြင်းနှင့် ပတ်သက်သည့်အကြောင်းများကို AIT ကျောင်းမှ တာဝန်ရှိသူများကိုယ် တိုင် ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နော်ဝေသံရုံး၌ ရှင်းလင်းပြောကြားပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၂၈၂)၊ ဇန်နဝါရီ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...