စီးပွားရေးမဟာဘွဲ့ ပညာသင်ဆုအတွက် မြန်မာကျောင်းသားနှစ်ဦး ရွေးချယ်မည်



ထိုင်းနိုင်ငံရှိ Thammasat Unversity ၌ စီးပွားရေးမဟာဘွဲ့ပညာသင်ယူရန် မြန်မာနိုင်ငံတွင်နေထိုင်၊ အလုပ်လုပ်ကိုင်သူနှစ်ဦးအား ရွေးချယ်ပညာသင်ဆုပေးအပ်သွားမည်ဖြစ်ကြောင်း Heinrich Boll Stif-tung အဖွဲ့ကကြေညာသည်။

ဘန်ကောက်မြို့ရှိ တက္ကသိုလ်တွင် ၂၀၁၄ ပညာသင်နှစ်အတွက် သွားရောက်ပညာသင်ယူရန် ဖေဖော်ဝါရီ ၁၄ ရက်နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး ကျောင်းလခ၊ ကျောင်းဝင်ကြေး၊ ခရီးစရိတ်၊ လစဉ် အသုံးစရိတ်နှင့် ကျန်းမာရေးအာမခံတို့အတွက် ထောက်ပံ့မှုရရှိမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် စီးပွားရေးဘွဲ့ (သို့မဟုတ်) အလားတူဘွဲ့ရရှိထား၍ သင်္ချာ နှင့်စာရင်းပညာတို့တွင် ကျွမ်းကျင်သူဖြစ်ရန် လိုအပ်ပြီး ပညာသင်ယူပြီးဆုံးပါက မြန်မာနိုင်ငံသို့ ပြန် လည် အလုပ်အကျွေးပြုရမည် ဖြစ်သည်။

ပညာသင်ဆု အစီအစဉ်သည် ကျောင်းသားများအတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ရည် ကိုယ်သွေးမြင့်မားမှု၊ မိမိတိုင်းပြည်၊ ဒေသ၏ဖွံ့ဖြိုးတိုးတက် မှုနှင့် ရေရှည်တည်မြဲရေး တို့ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ကူညီပံ့ပိုမှုများဆောင်ရွက်နေသော Heinrich Boll Stiftung ကပညာသင်ဆု အစီအစဉ်ကိုထောက်ပံ့ခြင်းဖြစ်ပြီး www.grad.econ.tu.ac.th/eng တွင် ပညာသင်ဆု ဝင်ရောက်လျှောက်ထားနိုင်သည်။

7Day News Journal
Vol.12, No.45, Jan.15, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...