Broken Heart Syndrome...



လူတွေမှာ အသည်းကွဲလို့ သေနိုင်ပါ သလား။ အချိန်က အကောင်းဆုံး သမားတော် ဆိုပေမယ့် တချို့လူတွေ အတွက် ကတော့ အသည်းကွဲ တာဟာ အသက်ဆုံးတဲ့ အထိ ဖြစ်နိုင် ပါတယ်တဲ့။

အရွယ်ရောက် ပြီးသား လူတစ်ယောက် အဖို့ အသည်းကွဲတယ် ဆိုတဲ့ ခံစားချက်ကို ခံစားဖူး ကြမှာပါ။ အသည်းကွဲတဲ့ ခံစားချက်ပာာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်သလို ဆက်ဆံရေး တစ်ခုမှာ မေ့ထားလို့ မရတဲ့ အချက် တစ်ခုပါ။ ကျွန်တော် အထက်တန်း ကျောင်းတက်တုန်းက သဘော
ကျတဲ့ ကောင်မလေး တစ်ယောက် ရှိခဲ့ဖူး ပါတယ်။ သူ့ကို ရုပ်ရှင် ခေါ်သွားဖို့ စိတ်ကူးထားပေ မယ့် နောက်တစ်ရက်မှာ သူမကို သူ့ ရဲ့ ရည်းစားလို့ ယူဆလို့ ရတဲ့ ငနဲတစ်ကောင်နဲ့ ကနေတာကို မြင်ခဲ့ရ ပါတယ်။ ဘယ်ပြော ကောင်းမလဲ။ အသည်းကွဲ သွားတာပေါ့ဗျာ။ ကျွန် တော် ကတော့ ရက်ပေါင်း များစွာ ကုစားပြီး တဲ့အခါ ခံစားရ သက်သာ သွားပေမယ့် လူတော်တော် များများကတော့ အဲ့လို မဟုတ်ပါဘူး။ ဒါဆို အသည်းကွဲလို့ သေတယ် ဆိုတာ ဖြစ်နိုင်သလား ဆိုတာ မေးခွန်း ထွက်လာပါတယ်။ ကံမကောင်း တာက ဖြစ်နိုင်ပါတယ်တဲ့။



ဒါကို broken heart syndrome ဒါမှမဟုတ် (stress-induced cardiomyopathy or takotsubo cardiomyopathy) လို့ခေါ်ပြီး ခံစားချက်ပြင်း ထန်ရာ ကနေ ရုတ်တရက် နှလုံးဖောက် လာတာပါ။ ပြင်းထန်တဲ့ ဖြစ်ရပ် တစ်ခုကိုက ဖြစ်လာတဲ့ ဖိအားကို stress hormones တွေက တုန့်ပြန် ရာကနေ ရင်ဘတ်မှာ ရုတ်ရက် နာကျင်မှုကို ခံစားလာ ရတာပါ။ အဲ့ပြင်းထန်တဲ့ ဖြစ်ရပ် တွေဆိုတာ ချစ်တဲ့သူကို ဆုံးရှုံးတာမျိုး၊ ကွာရှင်းတာ၊ ပြတ်စဲတာ၊ သစ္စာဖောက် ခံရတာ စတာ တွေပါ။ ဒီ broken heart syndrome ကိုဂျပန် နိုင်ငံက ဆရာဝန် တွေက ၁၉၉၀လောက်မှာ စတင် သ တိထား လာမိပြီး takotsubo cardiomyopathy လို့နာမည် ပေးခဲ့ပါတယ်။ takotsubo ဆိုတာ ဂျပန်နိုင်ငံမှာ ရေဘ၀ဲ ဖမ်းတဲ့ နေရာမှာ သုံးတဲ့ အိုးတစ်မျိုးပါ။ ဒီရောဂါဒဏ် ခံထားတဲ့ အသည်းကို xray ရိုက်ကြည့်ရင် အဲ့လို အိုးပုံစံမျိုးနဲ့ ဆင်တူတာကြောင့် ဒီနာမည် ပေးထား တာပါ။



ကံကောင်းတာ တစ်ခုက ဒီလို အခြေအနေမျိုးက ဖြစ်ခဲပါတယ်။ postmenopausal women သွေးဆုံးပြီး အမျိုးသမီး တွေမှာပဲ ဖြစ်လေ့ ရှိပြီး heart attack ရဲ့လက္ခဏာ တွေနဲ့ ဆင်တူ ပါတယ်။ heart attack လို့ရောဂါ နာမည် တပ်ခံရ သူတွေ အားလုံးရဲ့ ၁-၂ ရာခိုင်နှုန်းကပဲ broken heart syndrome ကိုခံစား ရတာပါ။ ဒါပေမယ့် နှလုံးမှာ ဘာဖြစ်သွား သလဲ ဆိုတာကတော့ ကွဲပြား ပါတယ်။ heart attack ဖြစ်တဲ့အခါ သွေး တွေကို ပို့လွှတ်ပေးတဲ့ arteries မှာ ပိတ်ဆို့တာ ကျဉ်းမြောင်းတာ ဖြစ်သွားလို့ နှလုံး ကြွက်သား တွေက အောက်စီဂျင် ပို့လွှတ်မှုတွေကို ဖြတ် တောက် လိုက်ပါတယ်။ အသဲကွဲတဲ့ ရောဂါလက္ခဏာစု မှာတော့ ရုတ်တရက် ဆောင့်တက် လာတဲ့ ဟော်မုန်းတွေက နှလုံး ကြွက်သားတွေ ခုန် တာကို ပြဿနာ ဖြစ်စေတာပါ။ များစွာသော stressors တွေက ဒီလို ဖြစ်စေတာပါ လို့ Johns Hopkins ဆေးရုံက researchers တွေက 2005 ခုနစ် New England Journal of Medicine မှာ ရေးခဲ့ ပါတယ်။ တချို့ stressors တွေက ၀မ်းနည်း မှုကြောင့် ဖြစ်တာပါ ဒါပေမဲ့ အ ကုန်လုံး တော့ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ လူတစ်ယောက်က မွေးနေ့ ပါတီ မှာ surprise အလုပ်ခံရလို့ နှလုံးရပ် သွားတာ ဖြစ်ဖူး ပါတယ်။



ဘာလို့ သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေက ဒီရောဂါ ဖြစ်ဖို့ အလားအလာ များလဲ ဆိုတာ မသေချာ သေးပါဘူး။ ဟော်မုန်း အချိုးအစား မညီမျှ မှုကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ခင်ဗျားမှာ emotional stress ကြောင့် heart attack ရတော့မယ်လို့ ထင်ခဲ့ရင် အမေရိ ကန်မှာ ဆိုရင်တော့ ၉၁၁ ကိုခေါ်ပါ စင်ကာပူမှာ ဆိုရင်တော့ လူနာတင်ယဉ် ၉၉၅ ကိုခေါ်ပါ။ မြန်မာမှာ ဆိုရင်တော့ ဆေးရုံကြီးကို အမြန်ပြေး ပါ။ ဘာလို့လဲ ဆိုတော့ broken heart syndrome ကို သတိ အထူး ထားရမှာ မို့ပါပဲ။ ခင်ဗျားရဲ့ ဆရာဝန်မှပဲ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ် နိုင်မှာမို့ပါ။ သတင်းကောင်းကတော့ broken heart syndrome ကြောင့် ဖြစ်တဲ့ heart attack က တကယ့် heart attack လို သေဖို့ အ ခြေအနေ နည်းပါတယ်။ ဒါကို ဘယ်လို ကာကွယ် မလဲ ဆိုတော့ အိမ်မှာ ပဲနေ။ ရုတ်တရက် စိတ်လှုပ်ရှား မိစေမဲ့ အပြုအမှု တွေကို ရှောင်ပါ လို့ ပြောရမှာပါ။ စိတ်နာကျင်စေမဲ့ အဖြစ်အပျက်တွေကို ရှောင်ပြီး ထိန်းချုပ်ပါ။ ဥပမာ တစ်ယောက်ယောက်ကို ချစ်မိတာ မျိုးလိုပေါ့။ ဒါဆိုရင် တော့ ဘ၀ကြီးက သိပ်ပျင်းစရာ ကောင်းသွား မလားပဲနော်။



Images from boro, factrange, liveeco, hdwallpaperszoo. Source: abcnews.go.com
AuthorMai Shine
Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...