Burundanga ပဒိုင်းပွင့်လိုဆေး...


Thu, Feb 23, 2012 at 11:02 PM

BURUNDANGA ဆိုတဲ့အရာဟာ “တို့ဆေး” များလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါး ရောင်းချတဲ့ ဆိုင်တွေများ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင် အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ ထိုတို့ဆေးဆိုသော အရာကြောင့် လူကိုအန္တရာယ်ဖြစ်စေပါသလား။

Burundanga (ဘူရူဒန်းဂါ) ဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angel's Trumpet ပဒိုင်းပင်ဟာလဲ ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။ ဓါတ်ခွဲခန်းမှာလဲ ထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေ ကုစားဘို့ အများကြီး သုံးပါတယ်။ မှတ်ဥာဏ်ကို သက်ရောက်စေပြီး၊ ခုခံမှု မလုပ်နိုင်တဲ့ အခြေအနေကို ဖြစ်စေတယ်။ ဒါကြောင့် ရည်ရွယ်ချက် မကောင်းတာအတွက် တမင်တကာ သုံးကြတာလဲ ရှိသေးတယ်။ Brugmansia ကို Angel's Trumpets ပဒိုင်းပင်လို့ ခေါ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဘူးပေမဲ့ ကြားဘူးကြမယ်။ တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဘို့ဆိုပြီး သုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဘို့အတွက်လဲ သုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုတ် ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီး တိုက်တယ်။

Brugmansia ဆိုတာ အစေ့ နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။ ၉-၇-၂ဝ၁ဝ နေ့သတင်းမှာ အမေရိကား၊ တောင်-ကယ်ရိုလိုင်းနားမယ် လူငယ်တွေ Angel's Trumpet ပန်းပွင့်ကို ပြုတ်-ကြို သောက် ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ Hallucinations (ဟယ်လူစီနေးရှင်း) ခေါ်တဲ့ သူများ မမြင်တာတွေကိုမြင်၊ သူများ မကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေ ဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအားမြန်လာပြီး၊ Fatal cardiac rhythmic disturbances သေလောက်အောင် ဆိုးတဲ့ နှလုံးခုန် မမှန်တာနဲ့ Bronchoconstriction ပန်းနာထသလို အဆုပ်လေပြွန်တွေ ကျဉ်းတာတွေ ဖြစ်လာမယ်။


 Journal Pathology ရောဂါဗေဒ ဂျာနယ်မှာ ဒီဆေးရဲ့ Hallucinogenic effects (ဟယ်လူစီနေးရှင်း) သတ္တိဟာ Terrifying rather than pleasurable စိတ်သာယာဘို့ထက် ကြောက်မက်ဖွယ်ဖြစ်စေ
တယ်လို့ ရေးထားတယ်။ အနည်းဆုံး Temporary insanity ခဏတာ ရူးသွပ်စေတယ်။ ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့ လူတယောက်ကို (ဆွစ်) သဘာဝ-သိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငု လေ့လာတယ်။

“ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကို စိုက်ကြည့်နေတယ်။ ပါးစပ်ကို စိနေအောင် ပိတ်ထား တယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာ ချွေးစီးတွေ ပျံလာတယ်။ လူသေလိုဘဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေ ထောင်နေတယ်။ အသက်ရှူတာလဲ ရင်ပတ်က ခပ်နှေးနှေး ဖေါင်းလိုက်-ပြား လိုက်နဲ့ တစီစီမည်နေတယ်။ လက်နှစ်ဖက်က တင်းပြီး ဘေးချထားတယ်။ မျက်လုံးက မျက်ရည်တွေ အများကြီး စီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိ ဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။ ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။”

“ဒိနောက် အဲလိုဖြစ်တာတွေက ပြင်းထံလာတယ်။ မျက်လုံးတွေ နီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာ ကြွက်သားတွေ တွန့်လှုတ်လာတယ်။ တဝက်တပျက် ပွင့်နေတဲ့ ပါးစပ်က အမြှုတ်ဖြူတွေ ထွက်လာတယ်။ လည်ပင်းကြောတွေ လှုတ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာ တိုတောင်းပြီး မြန်လာတယ်။ ရင်ပတ် လှုတ်နေတယ် မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တကိုယ်လုံး စိုရွဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့ အော်လိုက်။ ဘာသံတွေလဲ ခွဲလို့မရဘူး။”

Colombia (ကိုလမ်ဘီယာ) နိုင်ငံမှာ လမ်းဘေး-ဆေးဝါးအဖြစ် သုံးကြတယ်။ အမှုံ့ကို သုံးတယ်။
(၁) Complete loss of free will ပုံမှန်စိတ်တွေ လုံးဝပျောက်သွားစေမယ်။
(၂) Death သေချင်လဲ သေသွားမယ်။ Witchcraft and sorcery စုန်း-မှော် အတတ်ပညာမှာလဲ သုံးတယ်လို့ သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လဲ နာမည်ရတယ်။ ဖုတ်ကောင်တွေလို ဖြစ်စေလို့ပါ။ ဓါးပြတိုက်တာ၊ အဓမ္မပြုကျင့်တာ၊ လူသတ်တာတွေမှာလဲ သုံးတယ်လို့ သတင်းတွေမှာ ရေးတယ်။ ချဲ့ကားရေးတာတွေလဲ ပါနိုင်ပါတယ်။ သေခြာတာက နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလဲ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက် ကွန်မြူနစ် လှို့ဝှက်ပုလိပ်တွေက သုံးတယ်။ ဒီပဲယင်း-အရေးအခင်းမှာ အာဏာပိုင်တွေက သုံးခဲ့တယ်လို့ ခံရ၊ မြင်ရသူတွေက တွေးထင်ကြတယ်။

Dr. တင့်ဆွေ
၂၄-၂-၂ဝ၁၂

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...