Rape Drungs prevention (2) ညစ်ညမ်းဆေးရန်က ဘယ်လိုကာကွယ်မလဲ (၂)


ဖုံးထားကွယ်ထားတာတွေ ဖေါ်ထုတ်ချိန် သတိပေးဆေးဝါးအကြောင်း စာ ၃-၄ ပုဒ်တင်တာမှာ စိုးရိမ်မှု အတွက် နှစ်ယောက်ကနေ ရေးလာပါတယ်။ စိုးရိမ်တဲ့ဘက်ကနေထောက်ပြလို့ ကျေးဇူးတင်ပါတယ်။ သူတို့လဲ မမှားပါ။ အခုစာရေးတဲအချိန်ထိ Total reach
(၁) Dirty drugs ညစ်ညမ်းဆေးတွေ = 6,132
(၂) Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ = 945
(၃) ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ = 20,680
(၄) အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ = 5,112




• ဒါကြောင့် ဘယ်လိုကာကွယ်မလဲကို လူတွေကပိုဖတ်တာတွေ့ရပါတယ်။
• ၁၉၈၈ တုံးက "အမေဖြစ်ဖြစ်၊ အဖေဖြစ်ဖြစ် ပစ်မိန့်ပေးရင် ပစ်သာပစ်" အမိန့်မျိုးကို နာခံစေအောင် စစ်သားတွေကို ဘယ်ဆေးတိုက်ခဲ့သလဲ၊ ဒီပဲယင်းမှာ ထောင်ထဲက ရာဇဝတ်သားတွေကို အရက်နဲ့ရောတိုက်တာ ဘယ်လိုဆေးလဲဆိုတာ ဘယ်သူမှ မှန်းလို့မရခဲ့ကြဘူး။
• အမျိုးသမီးတယောက် မတရားပြုတာခံရလို့ အမှုအခင်းဖြစ်ရင် ဒီလိုဆေးမျိုး ဖြစ်နိုင်တယ်ဆိုတာလောက်တော့ တရားလိုရော၊ ရဲတပ်ဖွဲ့ကပါ သိစေမယ်။
• မှုခင်းဆေးပညာသိသူက အလွန့်အလွန်နည်းနေလို့လဲ ကျူးလွန်တဲ့သူတွေမှာ လွတ်လပ်မှု ပိုရနေကြတယ်။ ပညာဖြန့်တာတွေ ကျယ်လာရင် ရှောင်ဘို့ရော၊ အမှန်ထုတ်ဖေါ်ဘို့ပါ အထောက်အကူရစေမယ်လို့ ထင်ပါတယ်။
• ဒီလိုဆေးမျိုးကို သုံးလို့ရတယ်ဆိုတာသိလာလို့ ဆေးရောင်းချင်သူတွေ၊ ဆေးသုံးပြီး စော်ကားချင်သူတွေလဲ ရှိလာနိုင်ပါတယ်။ တားလို့တော့မရပါ။ (အနုမြူလက်နက် ပေါ်လာသလိုပေါ့။)
• ဆိုးဝါးယုတ်မာမှု၊ မတရားမှုတွေကို တိုက်ဖျက်ရာမှာ အခုလိုရေးတာနဲ့ တပြိုင်တည်းမှာ ဘယ်လို အကာကွယ်ယူကြမလဲ၊ ဖြစ်လာရင်ဘယ်လို ဖေါ်ထုတ်မလဲ၊ စတာတွေပါ လိုက်ပြီးတိုးတက်လာရမယ်။
• မိဘ၊ အဒေါ်အမတွေကသိလို့ သမီးလေးတယောက်၊ တူမလေးတယောက်ကို တားဖြစ်လိုက်နိုင်မယ်ဆိုရင်တောင် ကျွန်တော် တာဝန်လေးတခု ကျေတယ်လို့ ထင်ပါရစေ။
• အခုအချိန်ဟာ အရင်ကဖုံးထားတွေကို ဖေါ်ကြရမဲ့ကာလလို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...