Table Settings & Dining Cultures



ထမင်းစားခန်းထဲမှာ ထမင်းပွဲ၊ ဟင်းပွဲ တည်ခင်းတာပဲ ဖြစ်ဖြစ်၊ စားတာ သောက်တာပဲ ဖြစ်ဖြစ်၊ သိထားရမယ့် အချက် လေးတွေ ရှိပါတယ်။ ထမင်းစားခန်း အတွင်း မှတ်သားထား စရာများကို ဖတ်ကြည့်ရအောင်။

ကျွန်တော်တို့ ထမင်းစားပြီ ဆိုရင် သူငယ်ချင်း တွေလို၊ မိသားစု တွေလို သူတွေနဲ့ အတူတူ စားသောက်တာ ဒါမှမဟုတ် ထမင်း တည်ခင်းရာမှာ သူ့ဖက်၊ ကိုယ့်ဖက် ကြည့်စရာ မလိုဘဲ စိတ်လွတ်ကိုယ်လွတ် စားလို့ ရပေမယ့် မိမိထက် ဂုဏ်ကြီးမား သူတွေနဲ့ ဆိုရင်တော့ ထမင်းစားခန်း အ တွင်းမှာ မိမိ အပြုအမူ တွေဟာ အယဉ်ကျေးဆုံး ဖြစ်သင့် တာကတော့ အမှန်ပါပဲ။ ဒါဆိုရင် အဲဒီ ယဉ်ကျေး ပါတယ် ဆိုတဲ့ အပြုအမူ တွေဟာ ဘာတွေလဲ ဆိုတာ ဆက်လက် ဖတ်ရှု ကြပါဦး။ အရင်ဆုံး အနောက်တိုင်း ယဉ်ကျေးမှု ထမင်း စားပွဲ တည်ခင်းပုံနဲ့ စလိုက် ကြရအောင်ဗျာ။



Western Style Formal Table Setting
ဒီ Formal Table Setting မှာ ပါဝင်တဲ့ ထမင်းစားပွဲ ပစ္စည်း တွေကတော့ Plate အနေနဲ့ (Service Plate, Butter Plate)၊ Glass အနေနဲ့ (Water Glass, Champagne Glass, White Wine Glass, Red Wine Glass, Sherry Glass)၊ Knife အနေနဲ့ (Butter Knife, Dinner Knife, Fish Knife)၊ Fork အနေနဲ့ (Dinner Fork, Fish Fork, Salad Fork), Spoon အနေနဲ့ (Soup Spoon) ရယ်၊ နောက်ဆုံး ပစ္စည်း ကတော့ Na pkin ပါရှိရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး သိမှတ်စရာ အနေနဲ့ Service Plate ဟာ စားမယ့်သူရဲ့ တည့်တည့်မှာ ရှိရမှာ ဖြစ်ပြီး သူ့အပေါ်မှာ Nap kin ထားရှိ ရမှာ ဖြစ်ပါတယ်။ Service Plate ရဲ့ လက်ယာဘက်မှာ အနီးကပ်ဆုံး တစ်လက်မ အကွာမှာ ထားရှိ ရမှာဖြစ်ပြီး သူ့ဘေးမှာတော့ Fish Knife နဲ့ Soup Spoon ရှိရမှာ ဖြစ်ပါတယ်။ Service Plate ရဲ့ လက်ဝဲဘက် မှာတော့ အနီးကပ်ဆုံး အဖြစ် တစ်လက်မ အကွာမှာ Salad Fork ထားရှိ ရမှာ ဖြစ်ပြီး သူ့ဘေး မှာတော့ Dinner Fork နဲ့ Fish Fork ထားရှိရမှာ ဖြစ်ပါတယ်။ Butter Plate ကိုတော့ Forks တွေရဲ့ အ ပေါ်ဘက် နားမှာ ထားရမှာ ဖြစ်ပြီး သူ့အပေါ်မှာ Butter Knife ရှိရမှာ ဖြစ်ပါတယ်။ Glasses တွေအနေနဲ့ Knives တွေရဲ့ အပေါ်မှာ ထားရှိ ရ မှာဖြစ်ပြီး Service Plate နဲ့အနီးဆုံး နေရာမှာ Water Glass ရှိရမှာ ဖြစ်ပါတယ်။



Western Style Informal Table Setting
ဒီ Informal Table Setting ကတော့ ပါဝင်တဲ့ ပစ္စည်း ကိရိယာ တွေက နည်းပါတယ်။ Dinner Plate, Dinner Fork, Salad Fork, Dinner Knife, Soup Spoon, Wine Glass, Water Glass, Dessert Fork, Dessert Spoon, Bread Plate, Napkin တို့ပါဝင် ပါတယ်။ ပထမဆုံး စားမယ့်သူရဲ့ တည့်တည့် စားပွဲစွန်းနဲ့ တစ်လက်မ အကွာမှာ Dinner Plate ရှိရမှာ ဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက်မှာ Forks နှစ်ချောင်း ဖြစ်တဲ့ Din ner Fork နဲ့ Salad Fork ရှိရမှာ ဖြစ်ပါတယ်။ Dinner Plate ရဲ့ညာဘက် တစ်လက်မ အကွာမှာ Dinner Knife ဟာ Dinner Plate ဘက် အသွား လှည့်ကာ ရှိရမှာ ဖြစ်ပြီး Soup Spoon ကတော့ Dinner Knife ရဲ့ ဘေးမှာ ရှိရမှာ ဖြစ်ပါတယ်။ Water Glass ကတော့ Dinner Knife ရဲ့အပေါ် တစ်လက်မ အကွာမှာ ရှိပြီး သူ့ဘေးမှာတော့ Wine Glass ရှိရမှာ ဖြစ်ပါတယ်။ Dessert Spoon ကတော့ Dessert Spoon နဲ့တွဲ လျက် Dinner Plate ရဲ့ အပေါ်မှာ ရှိရမှာ ဖြစ်ပါတယ်။ Bread Plate ကတော့ Forks တွေရဲ့ အပေါ်ဘက်မှာ ထားရှိရမှာ ဖြစ်ပါတယ်။ နောက် ဆုံး Napkin ကို Forks တွေအားလုံးရဲ့ ဘယ်ဘက်မှာ ထားရမှာ ဖြစ်ပါတယ်။



အထက်ပါ Western Style Table Setting တွေမှာ စားမယ့် အမယ်တွေ ပေါ်မူတည်ပြီး ပါဝင် ပစ္စည်းတွေ ကွဲပြား နိုင်ပါတယ်။ ဥပမာပြော ရရင် Dinner Knife နေရာမှာ Steak Knife ထားသလိုမျိုး ဖြစ်ပါတယ်။ နောက်ထပ် အနေနဲ့ အဆိုပါ Setting တွေနဲ့ စားသောက် ရာမှာ လိုက် နာသင့်တဲ့ အချက်တွေ ရှိပါသေးတယ်။ ပထမအချက် အနေနဲ့ Salt နဲ့ Pepper ပုလင်းတွေကို အတွဲလိုက် ပေးရ ပါမယ်တဲ့။ နောက် တစ်ချက် အနေနဲ့ ခက်ရင်းနဲ့ ဓားသုံးပြီး စားကြပြီ ဆိုရင် စစားပြီ ဆိုတာနဲ့ ဓားကို သတိ လက်လွတ် ဓားမြောင် ကိုင်သလို မကိုင်သင့် ပါဘူး။ နောက် ဆက်တွဲ အနေနဲ့ စားသောက် ဆိုင်တွေက စားပွဲထိုး တွေကို ကိုယ်စား နေတဲ့ အခြေအနေကို အသိ ပေးနိုင်တဲ့ လက္ခဏာ အချို့ကို ရှင်းပြ ပါရစေ။ စားရင်းနဲ့ ခဏ ရပ်ထားချင်ရင် ခက်ရင်းနဲ့ ဓားကို အက္ခရာ V ပြောင်းပြန်ပုံစံ တစ်ခုနဲ့ တစ်ခု ရောလျှက် မနေဘဲ ထားရပါ မယ်။ ပထမ ဟင်းစားကုန်လို့ ဒုတိယ ဟင်းစားမယ် ဆိုရင် ဓားကို ဘယ်ဘက် ဓားဦးချွန် လှည့်ပြီး အလျားလိုက် ထားရပြီး ခက်ရင်း ဦးချွန်ကို မိမိနဲ့ ဝေးရာ ဘက် ပုံစံနဲ့ ဓားပေါ် တင်ရပါမယ်။ စားပြီး သောက်ပြီး လို့ရှိရင် ခက်ရင်းကို ဘယ်ဘက်၊ ဓားကို ညာဘက် အနေအထားနဲ့ ထောင် လိုက် ချရမှာ ဖြစ်ပါတယ်။ ကိုယ်စားတဲ့ ဟင်းတွေကို မကြိုက် တာပဲ ဖြစ်ဖြစ် ရှိခဲ့ရင် အထက်က စားရင်း ရပ်တဲ့ ပုံစံလိုပဲ ထားပြီး ခက်ရင်းနဲ့ ဓားကို ရောလျှက် ထားရပါ့မယ်။ စိတ်ကျေနပ် ကြောင်းကိုတော့ စားပြီး သောက်ပြီး အခြေအနေကို နာရီလက်တံ ၃ နာရီ အတိုင်း လှည့်ထား လိုက်ခြင်းဖြင့် ပြ နိုင်ပါတယ်။



Eastern Style Dining Cultures
အရှေ့တိုင်း ကတော့ Table Setting ရယ်လို့ လိုက်ပြော နေရင် မပြီးနိုင်တော့ ပါဘူး။ Table Setting အစား သိမှတ် ထားသင့်တဲ့ အချက် တစ်ချို့ကို တင်ပြပါရစေ။ ကျွန်တော်တို့ တူသုံးပြီး စားသောက်ပြီ ဆိုပါတော့ အရွယ်တူတဲ့ တူနှစ်ချောင်း ကိုသာ သုံးရပါမယ်။ ဟင်းပန်းကန် ထဲကို ကိုယ့်တူနဲ့ ကိုယ် မနှိက်သင့်ပါဘူး။ သီးသန့် ပေးထားတဲ့ ဟင်းခပ်ဇွန်းကို အသုံးချ ရပါမယ်။ တူသုံးရင် တစ်ချောင်းတည်း သီးသန့် သုံး တာမျိုး မလုပ်သင့် ပါဘူး။ တူကို လျှာနဲ့ လျက်တာမျိုး၊ တူကို ဟင်းချိုထဲ နှစ်ပစ်တာ မျိုးကိုလဲ ရှောင်ရှား ရပါမယ်။ နောက်ပြီး တူတစ်ခု ကနေ နောက်တူ တစ်ခု ဆီကို ဟင်း၊ ထမင်း စသည်ဖြင့် စားစရာ လွှဲတာမျိုးဟာ ယဉ်ကျေးတဲ့ အပြုအမူ မဟုတ်ပါဘူး။ တူနဲ့ တစ်စုံတစ်ခုကို ညွှန် ပြတာ မျိုးဟာလည်း ရိုင်းစိုင်းတဲ့ အပြုအမူ အဖြစ် သတ်မှတ် ကြပါတယ်။ အထူးသဖြင့် တူနှစ်ချောင်းကို ထမင်း ပန်းကန်လုံး ထဲကို စိုက်ထား ခြင်းဟာ သေသူကို ပူဇော်တဲ့ ပုံစံ ဖြစ်တာမို့ အထူး ရှောင်ရှား သင့်တဲ့ အပြုအမူ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာတော့ အခုခေတ်မှာ စားပွဲ တည်ခင်း တာဟာ ပုံသေ သတ်မှတ် ထားတာမျိုး မရှိ ကြပါဘူး။ ကြည့်လို့လည်း လှမယ်၊ စားလို့ ယူလို့လည်း လွယ်မယ် ဆိုရင် အဲဒီ အတိုင်း စိတ်ကြိုက် ခင်းကြတာ များပါတယ်။ ဒါပေမယ့် ထမင်းစ မစားခင် အသက် အကြီးဆုံး သူကို ဟင်းအရင် ထည့်ပေးပြီး ဦးချတာ မျိုး ကတော့ မြန်မာ့ စားပွဲ ယဉ်ကျေးမှု အဖြစ် သတ်မှတ်လို့ ရပါတယ်။ စားပွဲ ပုံစံ အနေနဲ့ ပြောရင် များများစားစား မရှိပေမယ့် ဇွန်းတွေကို ပက် လက် အနေအထား အစား မှောက်ခုံ ပုံစံ ထားကြ တာတော့ အလေ့အကျင့် အဖြစ် သတိထား မိကြမှာ ဖြစ်ပါတယ်။



ထမင်းစားတဲ့ အခါမှာ ထမင်း၊ ဟင်းတွေ အရသာရှိရှိ စားရတာက အရေးကြီးဆုံး ဆိုပေမယ့် ဗဟုသုတ အနေနဲ့ ယခုလို စားပွဲ ပုံစံ၊ အလေ့ အထ တွေကို ဖတ်ရှုပြီး စာဖတ်သူ များလည်း လက်တွေ့ လိုက်နာ အသုံးချ ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။

Images from diply.com. Source: diply.com
Author Paing Hmu Ko
Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...