ဗီဇဆဲလ်များအား ထုတ်လုပ်နိုင်ပြီဟု ဂျပန်သိပံ္ပပညာရှင်များက ကြေညာခဲ့


Health Updates Journal No. 105

ယခုခေတ်တွင် ဝေဒနာများအား ကုသရာ၌ Stem Cell (ဗီဇ ဆဲလ်)ဖြင့် ကုသနိုင်သည့် ရောဂါများမှာ တဖြည်းဖြည်းများပြားလာသည်နှင့်အမျှ ဗီဇဆဲလ်များအား သိမ်းထားရန်မှာ အရေးပါသော အခန်းကဏ္ဍတ စ်ရပ်ဖြစ်လာလေသည်။ သို့သော်လည်း ယခုအခါမှာ ဂျပန် နိုင်ငံမှာ သိပံ္ပပညာရှင်များက ဗီဇဆဲလ်အား ထုတ်လုပ်နိုင်မည့် နည်း သစ်တစ်ရပ်အား တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး မဝေးတော့သည့် အနာဂတ်၌ လူသားများအား စတင်ကုသနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီဇဆဲလ်များမှာ ဆေးကုသရာ၌ များစွာအသုံးဝင်ပြီး ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းမှ ဆဲလ်များ သို့မဆို ပြောင်းလဲနိုင်သော အစွမ်းရှိလေသည်။ ယင်းကဲ့သို့ ဗီဇဆဲလ်ထုတ်လုပ်သည့် နည်းစနစ်အား (Stimuluo- Tri-ggered Acquisition of Pluri-potency )းသို့မဟုတ် STAP ဟု အမည်ပေးထားလေ သည်။လေ့လာမှုတွင် ပါဝင်သူ Dr. Haruko Obokata က ယခုတွေ့ရှိမှုက ကျွန် တော်တို့ကို များစွာ အထောက်အကူ ဖြစ်စေပြီး ပြတ်သွားသော ကိုယ်အင်္ဂါများ အသစ်ပြန်ထွက် လာနိုင်စေရုံသာမက ကင်ဆာပါ ကုသနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အ၀င်း
ref: Netdoctor.co.uk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...