ဘောလုံးကစားသမားများ၌ မကြာခဏ ခေါင်းတိုက်လေ့ရှိသူများ နာတာရှည်ဝေဒနာပိုခံစားရနိုင်


Health Updates Journal No. 106

ကနေဒါမှ Michael’s Hospital မှ လေ့လာသူများအဆိုအရ ဘောလုံးအားကစားသမားများ၌ မကြာခဏခေါင်းတိုက်ရသော ကစားသမားများမှာ ကျန်းမာရေးကို ပိုမို ဂရုစိုက်ရန်လိုကြောင်း ပြောကြားခဲ့ သည်။ Dr.Tom Schweizer က ပြီးခဲ့သည့်နှစ်များအတွင်း ကြုံတွေ့ခဲ့ရသည့် ဘောလုံးအားကစားသမားများ ၏ ဦးခေါင်းထိခိုက်မှုအခြေအနေ နှင့် ၎င်းတို့၏အကျိုးသက်ရောက်ပုံများအား စောင့်ကြည့်ခဲ့သည်။

ရလဒ်များအရ ဦးခေါင်းထိခိုက်ရမှု၏ ၅၈.၃%မှာ ဦးခေါင်းတိုက်ရာမှ ဖြစ်ပွားခြင်းဖြစ်ပြီး ကျန်သည့် ရာခိုင် နှုန်းမှာ အခြားသောအကြောင်းများကြောင့်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဦးခေါင်းထိခိုက်မှု အား ကြုံတွေ့ရမှုများသည့်နေရာများမှာ ဂိုးသမားနှင့် နောက်ခံလူနေရာများ ဖြစ်ကြောင်း တွေ့ရသည်။ ယင်းကဲ့သို့ မကြာခဏဒဏ်ရာရခြင်းဖြင့် ရေရှည်၌ မှတ်ဉာဏ်လျော့နည်းခြင်း၊ အစီအစဉ်တကျ လုပ်ဆောင်နိုင် သည့်စွမ်းရည်များလျော့ကျလာခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

မိုင်ကိ
ref:Netdoctor.co.uk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...