ကလေးငယ်များကို လမ်းမှားရောက်စေကြောင်း ဝေဖန်မှုများကို မိုင်လီ တုံ့ပြန်


အသက်(၂၁)နှစ်ရှိ Popဂီတ အဆိုတော်၏ အဖော်အချွတ် အသားပေး ဂီတဗီဒီယိုများနှင့် ဝတ်စားဆင်ယင်ပုံများက လူငယ်လူရွယ်များအတွက် လမ်းမှားရောက်စေမည့် အခြေအနေမျိုးအဖြစ် မိဘအများစုက ဝေဖန်ပြစ်တင်နေကြသည်။

သူမ၏ ပုံရိပ်သည် ကလေးငယ်များအတွက် အန္တရာယ် ပေးနိုင်မည့် ညစ်ညမ်းရုပ်ရှင် အပျော့စားမျိုး ဖြစ်လာကြောင်း ဝေဖန်မှုများကို မိုင်လီဆိုင်းရပ်စ်က ငြင်းဆန်တုံ့ပြန်လိုက်သည်။
အသက်(၂၁)နှစ်ရှိ Popဂီတ အဆိုတော်၏ အဖော်အချွတ် အသားပေး ဂီတဗီဒီယိုများနှင့် ဝတ်စားဆင်ယင်ပုံများက လူငယ်လူရွယ်များအတွက် လမ်းမှားရောက်စေမည့် အခြေအနေမျိုးအဖြစ် မိဘအများစုက ဝေဖန်ပြစ်တင်နေကြသည်။ Disney၏ လူငယ်ကြယ်ပွင့် ဖော်ထုတ်ရေး အစီအစဉ်များတွင် ချစ်စရာ မိန်းကလေးငယ် တစ်ဦးအဖြစ် စတင်ကျော်ကြားလာသည့် မိုင်လီကမူ လက်ရှိ သူမ၏ ဖက်ရှင်ရွေးချယ်မှု အပြောင်းအလဲများကြောင့် ကလေးငယ်များအတွက် မည်သည့် ထိခိုက်မှုမျှ ရှိမည်မဟုတ်ဟု ဆိုသည်။

ထို့အပြင် သူမသည် မိမိ၏ ဖျော်ဖြေပွဲသို့ ရောက်ရှိလာသည့် ကလေးငယ်များကို ကောင်းမွန်သည့် အလေ့အထများကိုပင် သင်ကြားပေးနေသူဖြစ်ကြောင်း မိုင်လီက ပြောကြားခဲ့သည်။ မိုင်လီက "ကျွန်မရဲ့ ဖျော်ဖြေပွဲ အစီအစဉ်တိုင်းဟာ ရည်ရွယ်ချက် မြင့်မြင့်မားမားနဲ့ အကောင်အထည် ဖော်ထားတာချည်းပဲ။ ဒါတွေအားလုံးဟာ ကျွန်မက ကောင်းမွန်တဲ့ အနုပညာ တစ်ခုကို ဖန်တီးပြချင်တဲ့စိတ်မျိုးကြောင့် ဖြစ်ပါတယ်။ လူတော်တော်များများ အနုပညာကောင်း တစ်ခုကို သိပ်ပြီး ရင်းနှီးထိတွေ့မနေတဲ့ နေရာမျိုး ရောက်လာရင် ကျွန်မကတော့ စိတ်လှုပ်ရှားမိတယ်။ ကျွန်မအမြင်မှာတော့ ကျွန်မရဲ့ ဖျော်ဖြေပွဲကို ရောက်လာတဲ့ ကလေးတွေအတွက် ကောင်းမွန်တဲ့ သင်ကြားမှုတွေ ဖြည့်စွမ်းပေးနိုင်တယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

သူမက "လူတွေကို ကျွန်မသိစေချင်တာက ဂီတဆိုတာ ဖျော်ဖြေမှု သက်သက်မဟုတ်ဘဲ သင်ကြားမှု တစ်ခုလည်း ဖြစ်တယ် ဆိုတာပါပဲ။ လူတွေကတော့ ကျွန်မဟာ အသင်အပြ ကောင်းသူတစ်ယောက်လို့ ထင်ချင်မှ ထင်လိမ့်မယ်။ ဒါပေမဲ့ လူတချို့ အံ့ဩသွားတာမျိုးတွေ ကျွန်မလုပ်ပြနိုင်ခဲ့တယ်။ ကျွန်မကိုကြည့်ပါ။ ကျွန်မဟာ ခုချိန်မှာ ငယ်ရွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်အဖြစ် ဆက်ရှိမနေတော့ဘူး။ ခုလက်ရှိ အနေအထားကို လူတိုင်းသိမြင်နေပြီ။ ကျွန်မဟာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ပုံစံကို အလိုရှိတယ်။ ကျွန်မအနေနဲ့ ပိုကောင်းတဲ့ လူတစ်ယောက်၊ ပိုကောင်းတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပြောင်းလဲဖို့ အချိန်တိုင်းလိုလို ကြိုးစားနေခဲ့တယ်။ ကျွန်မလုပ်စရာ ရှိတာကို ကျွန်မဖာသာ လုပ်နေတာပဲလေ။ လက်ရှိ ကျွန်မရဲ့ ဘဝကို ကျွန်မသဘောကျတယ်"ဟုလည်း ဆိုသည်။

မိုင်လီက "စမ်းသပ်နေရတာတွေကို ကျွန်မသဘောကျတယ်။ အသစ်တွေ ဖန်တီးရတာကို ပျော်တယ်။ ဒီနေ့ခေတ် မိန်းကလေးတွေ ဘာတွေဝတ်နေသလဲ ကျွန်မလိုက်မကြည့်ဘူး။ ဒါမျိုးလိုက်စပ်စုရမှာ ပျင်းတယ်။ ကလေးတွေ ဘယ်လိုဘယ်ပုံ မတော်မရော် ဖြစ်နေသလဲ ဆိုတာလည်း ကျွန်မမစဉ်းစားဘူး။ ကျွန်မက ကိုယ်ပိုင်ပုံစံ တစ်ခုကို ရှာဖွေတယ်။ ဒါဟာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ပုံစံလို့လည်း ဆိုနိုင်တာပဲလေ"ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...