တမာပင်ရဲ့လူ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အချက်များ


၁ – ထိခိုက်ရှနာများနှင့် အကောင်ကိုက်ခံရသော ဒဏ်ရာများ အတွက် ပြင်ပပိုးမ၀င်အောင် တားစီးပေးသောဆေး အဖြစ်လည်းကောင်း၊ ဘက်တီးရီးယားများနှင့် Virus များ ကိုသေစေနိုင်ပြီး သွေးကို အကောင်းဆုံးသန့် စင်ပေးတဲ့ ဆေးအဖြစ်ပါအသုံးပြုနိုင်ပါတယ်။

၂ – အရေပြားပြဿနာများအတွက် တမာကုန်ကြမ်းကို အသုံးပြုပြီး ဆေးဆပ်ပြာများအဖြစ်နှင့် အရေပြားရောဂါ ကု ဆေးဝါးများအဖြစ်လည်း အမျိုးမျိုးပေါ်ထွက်နေပြီးဖြစ် ကာ နှင်းခူလိုရောဂါမျိုး အတွက်လည်း တမာရွက်ကိုကြိတ်ပြီး အနာပေါ် သိပ်ထားပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

၃ – ဆံသားအတွက်လည်း ဆံပင်ကျွတ်ခြင်း ၊ဗောက်များထခြင်း တို့ ကိုသက်သာစေပြီး ဗောက်ထခြင်း အတွက်ကတော့ တမာရွက်ကိုရေဖြင့် ပွက်ပွက် ဆူအောင် ပြုတ်ပေးပြီး အအေးခံကာ ခေါင်း ကို လျှော်ရည်ဖြင့် လျှောပြီးနောက် ပွတ်ပေးခြင်းဖြင့် ဦးရေကိုအေးစေကာ ဗောက်ထားခြင်းကို လျော့ပါးစေ ပါတယ်။

၎ – တမာရွက်ရဲ့နောက်ထပ်စွမ်းတဲ့ အချက် ကတော့ ကျောက်ရောဂါအသေးစားများအတွက် အကြီးစားဖြစ်မသွား အောင် ကာကွယ်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ သဘာဝ တမာရွက်ကို လူနာ၏ကျောအောက်တွင် ခင်းပေးပြီး လှဲလျောင်းစေခြင်း ကျောက်ရောဂါလက္ခဏာ ရှိသောနေရာများတွင် အုံပေးခြင်းနှင့် ရေကျက်အေးဖြင့်ရော၍ တိုက်ပေးခြင်းဖြင့် ကျောက်ရောဂါ အသေးစားများကို ကုသနိုင်ပါတယ်။

၅ – သွား/သွားဖုံးနှင့်ဆိုင်တဲ့ ကျန်းမာရေးဆောင့်ရှောက်မှုကိုလည်း တမာရွက်မှ အကျိုးပြုစေပါတယ်။

၆ – ဆန်၊ဂျုံကဲ့သို့ သော အရာများ သိုလှောင်ရာတွင်လည်း ပိုးမတက်အောင် ကာကွယ်ပေးနိုင်ပါသည်။

Credit: Kanaung.net

MOI Webportal Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...