Cetrizine (အလာဂျီ) ဆေး


Q: ကျွန်မ အခုသိချင်တာလေး တခုရှိနေလို့ပါ။ အဲဒီ Cetirizine ဆေးကို အမြဲတမ်း (နေ့စဉ်) သောက်သုံးနေရင် ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သိချင်ပါတယ်ဆရာ။ ခုဆို သတိခဏခဏ မေ့တတ်နေတာ အဲဒါနဲ့ဆိုင်ပါသလားဆရာ။ နောက်ပြီး ခုလိုအမြဲယားယံနေတာကို လုံးဝပျောက်သွားအောင် ကုသလို့ရပါသလားဆရာ။ ကုသလို့ ရနိုင်မယ့် နည်းလမ်းများ ရှိရင် ဆရာ့ အနေနဲ့ လမ်းညွှန်ပေးစေချင်ပါတယ်။ သူကတော့ ဆရာ့ post ကိုပေးဖတ်တော့ သန်ချကြည့်မယ်လို့ ပြောပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဆရာပြန်ကြားပေးစေချင်ပါတယ်ရှင့်။

Cetirizine (HCl) ဆေးကို (အလာဂျီ) အတွက်သုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲမှာပါတယ်။ မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ (အင်တီဟစ်တမင်း) ဆေးအုပ်စု၊ ဒုတိယမျိုးဆက်ဖြစ်တယ်။ အရင်ပေါ် ပဌမမျိုးဆက် ဥပမာ Burmeton လို မအိပ်ချင်ဘူးဆိုပေမဲ့ နဲနဲတော့ အိပ်ချင်တာပါဘဲ။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လဲ သုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးဘဲ သုံးတာများတယ်။

ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။ သာမန်လောက်သာ ဖြစ်ပါတယ်။ ခေါင်းကိုက်၊ အာခေါင်ခြောက်၊ အိပ်ချင်၊ အစာအိမ်အောင့် (ကလေးများ)၊
ဆေးနဲ့မတည့်တဲ့ လက္ခဏာတွေကတော့ အရေပြားအနီုပင်ထွက်၊ ယား၊ အသက်ရှူခက်၊ ရင်ကြပ်၊ မျက်နှာ နုတ်ခမ်း၊ လျှာ ရောင်လာ၊ ဆီးအရောင်ရင့်လာ၊ သတိလစ်ချင်သလိုဖြစ်လာ၊ ခေါင်းမူး၊

၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉ဝဝ ကျော်ကို Cetirizine hydrochloride ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်ခြင်း ရလဒ်များ
- အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။
- လက္ခဏာ = ၅ မီလီဂရမ်-၁ဝ မီလီဂရမ်
- ခေါင်းကိုက် = ၁၁-၁၄%
- လည်ချောင်းနာ = ၆့၂-၂့၈%
- ဗိုက်နာ = ၄့၎-၅့၆%
- ချောင်းဆိုး = ၄့၎-၂့၈%
- ဝမ်းပျက် = ၁့၉-၄့၂%
- နှာခေါင်းသွေးယို = ၃့၇-၁့၉%
- ပျို့ချင် = ၁့၉-၂့၈%
- အန် = ၂့၅-၂့၃%
- ရင်ကြပ် = ၃့၁-၁့၉%

ယားယံတာကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်-ရှောင်နိုင်မှသာ ပျောက်မှာပါ။ ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။

(အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) ဖြစ်ခြင်းအတွက် ဆေးများ၊
Antihistamines = Cetirizine, Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate (most commonly used as an antiemetic), Dimetindene, Diphenhydramine (Benadryl), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine

FDA ကနေ Cetrizine ကို ကိုယ်ဝန် (ဘီ) သတ်မှတ်ထားတယ်။ သောက်လို့ရပါတယ်။

Dr. တင့်ဆွေ
၂၆-၈-၂ဝ၁ဝ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...