Fix Your Slow-Waking MacBook with One Terminal Command



Apple က ထုတ်လုပ်တဲ့ MacBook Pros နဲ့ MacBook Airs တွေမှာ laptop ကို power-saving mode မှာ ထားပေးတဲ့ Standby ခေါ် feature တခု ပါရှိပါတယ်... အဲဒါကြောင့် ဒီ laptop တွေမှာ battery life ကတော့ စပယ်ရှယ် ကောင်းပါတယ်... ဒါပေမဲ့ wake up လုပ်တဲ့နေရာမှာတော့ မြန်ဆန်မှု သိပ်မရှိလှပါ...  developer တစ်ဦးဖြစ်တဲ့ Erv Walter က အဲဒီ laptop တွေမှာ wake up လုပ်တာ မြန်ဆန်မှုရှိအောင် fix လုပ်နိုင်တဲ့ super quick command line တခုကို ဖန်တီးထားပါတယ်...

fix လုပ်တဲ့နည်းက ရိုးရိုးလေးပါ... ဒီအောက်က

"sudo pmset -a standbydelay 86400"

ဆိုတဲ့ command line ကို terminal ထဲမှာ ရိုက်ထည့်လိုက်ပါ... standby mode ဟာ ၂၄ နာရီ ပြောင်းသွားပါမယ်... ဒါဆိုရင် Macbook ကို wake up လုပ်တဲ့အခါ မြန်ဆန်လာလိမ့်မယ်...

Default နေရာမှာ ပြန်ထားချင်တယ်ဆိုရင် အဲဒီ command line ထဲက "86400" ကို "10800" ပြန်ပြောင်းလိုက်ရုံပါပဲ...။

Thanks to Erv Walter...

Good Luck... Ko Myo
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...