Galaxy S4 I9500 (Android 4.4.2 KitKat) ကို Root ဖောက်မယ်...

 
Samsung Galaxy S4 I9500 အသုံးပြုသူများ device ကို root လုပ်ချင်ရင်... ဒါမှမဟုတ် ClockworkMod Recovery (CWM) ကို install လုပ်ချင်တယ်ဆိုရင် အောက်ကနည်းအတိုင်း လုပ်နိုင်ပါတယ်...

ဒီနည်းမှာ XDA-Developers တွေက ဖန်တီးထားတဲ့ PhilZ Touch Recovery ကို အသုံးပြုထားပါတယ်..

ကြိုတင်ပြင်ဆင်ရမှာက...

1. Samsung Galaxy S4 အတွက် USB Drivers ကို ကွန်ပြူတာမှာ Install လုပ်ပါ...

2. ဖုန်းထဲက Settings >> Developer Options ကိုသွားပြီး USB Debugging Mode ကို Enable လုပ်ထားပါ...
3. ဖုန်းထဲမှာ ရှိတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို backup လုပ်ထားပါ...
4. Root လုပ်မဲ့ ဖုန်းမှာ factory unlocked ရပါမယ်...
5. ဖုန်းကို ဘက်ထရီ အပြည့်သွင်းထားပါ...
6. ဒီ CWM recovery ဟာ Model နံပါတ် GT-I9500 နဲ့ Galaxy S4 တွေမှာသာ အလုပ်လုပ်ပါတယ်... အဲဒါကြောင့် လုပ်ငန်းမစခင် ဖုန်းထဲက Settings >> About Phone ကို သွားပြီး ဖုန်း Model တွေကို သေချာအောင် စစ်ဆေးပါ..

လိုအပ်တဲ့ File တွေကတော့...
1. CWM (Mirror Link)
2. Odin 3.07 (Mirror Link)

Galaxy S4 I9500 (Android 4.4.2 KitKat) ကို စတင် Root လုပ်ရန်....


အဆင့် ၁: ဒေါင်းလုပ်ယူထားတဲ့ Odin 3.07 .zip file ကို Extract လုပ်ပါ...

အဆင့် ၂: ဖုန်းကို ပါဝါပိတ်ပါ... Download Mode ၀င်ရန်အတွက် Volume Down + Home + Power button တွေကို တပြိုင်တည်း ဖိနှိပ်ထားပါ...  Android စက်ရုပ်ပုံနဲ့ warning တခုပေါ်လာရင် Volume Up button ကို နှိပ်ပါ... download Mode ၀င်သွားပါပြီ...

အဆင့် ၃: ကွန်ပြူတာပေါ်မှာ extract လုပ်ထားတဲ့ Odin ကို Administrator Rights နဲ့ Run လိုက်ပါ...

အဆင့် ၄: Root လုပ်မဲ့ဖုန်း(Download Mode) ကို USB cable ကိုသုံးပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ... ဖုန်းနဲ့ ကွန်ပြူတာ အောင်မြင်စွာ ချိန်ဆက်သွားပြီဆိုရင် Odin ပေါ်က ID: COM box မှာ COM port နံပါတ်နဲ့အတူ အပြာရောင်လေး ဖြစ်နေပါမယ်... "Added" ဆိုတဲ့ စာပါ တွေ့ပါမယ်.. Ok ပါပြီ..

အဆင့် ၅: Odin ပေါ်မှာရှိတဲ့ PDA ဆိုတဲ့ button ကို နှိပ်ပါ... Box ပေါ်လာရင် အထက်မှာ ဒေါင်းလုပ်ရယူ ထားတဲ့ CWM recovery .tar.md5 ဖိုင်လ် ရှိတဲ့နေရာကို ရှာပြီး select လုပ်ပါ.. Re-Partition လို့ရေးထားတဲ့နေရာက checkbox မှာ အမှန်မခြစ်ထားပါနဲ့...

အဆင့် ၆: အားလုံးစစ်ဆေးပြီး ok ပြီဆိုရင် Odin ပေါ်က Start ကို နှိပ်ပါ... လုပ်ငန်းစတင်နေပါပြီ...

အဆင့် ၇: အလုပ်ပြီးရင် ဖုန်း restart လုပ်ပါလိမ့်မယ်... အောင်မြင်ပြီဆိုရင်တော့ Odin ရဲ့ ဘယ်ဘက် အထက်က box မှာ အစိမ်းရောင်နောက်ခံနဲ့ PASS ဆိုတဲ့ message တခုကို တွေ့ပါမယ်... ဒါဆိုရင်တော့ ဖုန်းကို ကွန်ပြူတာကနေ disconnect လုပ် ဖြုတ်လို့ ရပါပြီ...


ဒါနဲ့ မပြီးသေးဘူး..း-)

အဆင့် ၈: ကွန်ပြူတာကနေ ဖြုတ်လိုက်တဲ့ ဖုန်းကို ပါဝါပိတ်ပါ... Volume Up + Home + Power button တွေကို တပြိုင်းတည်း ဖိနှိပ်ထားပြီး CWN Recovery ထဲကို ၀င်လိုက်ပါ...

အဆင့် ၉: CWM recovery mode ထဲမှာပဲ "Philz Settings" ဆိုတဲ့ option ကို သွားပါ... "Re-root system (SuperSU)" ဆိုတာကို ရွေးပါ... . အဲဒီနောက် "Yes - Apply SuperSU" ဆိုတာကို ရွေးပြီး Confirm လုပ်ပါ...

အဆင့် ၁၀: Main recovery menu နေရာကို ပြန်သွားပါ... ပြီးတော့ "Reboot System Now" ကို ရွေးလိုက်ပါ.. ဖုန်း reboot လုပ်ပါလိမ့်မယ်...

အဆင့် ၁၁: SuperSU apk ကို ဒီနေရာမှာ ယူပြီး ဖုန်းထဲမှာ install လုပ်ပါ...

အဆင့် ၁၂: Install လုပ်ထားတဲ့ SuperSU application ကို ဖွင့်ပါ..  ပုံမှန်အတိုင်း binaries ကို update လုပ်ပါ...

အဆင့် ၁၃: ဖုန်းကို Reboot လုပ်ပါ...

ဖုန်း ပြန်ပွင့်လာရင် Samsung Galaxy S4 I9500 (Android 4.4.2 KitKat) ဖုန်းဟာ အောင်မြင်စွာနဲ့ root လုပ်လို့ ပြီးပါပြီ...  ဖုန်းထဲမှာ သွင်းထားတဲ့ SuperSU စစ်ကြည့်ပါ... ပြီးရင် ဖုန်းထဲမှာ root အောင်မြင်စွာ နဲ့ ဖောက်သွားလားဆိုတာ သိနိုင်ဖို့ ဒီ Root Checker application လေးကို ဖုန်းထဲမှာ install လုပ်ပြီး စစ်ကြည့်လိုက်ပါ...
---------------------------------------------------
ဖုန်းထဲမှာ "Unfortunately, SuperSU has stopped" ဆိုတဲ့ စာတမ်းပေါ်လာရင် ဖြေရှင်းနည်း...

အဆင့် ၁: နောက်ဆုံး update ဖြစ်တဲ့ SuperSU ကို ဒေါင်းလုပ်ပြီး ဖုန်းထဲမှာ install ပြန်လုပ်ပါ...
အဆင့် ၂: SuperSU ကို ဖွင့်ပါ update (လုပ်ခိုင်းရင် လုပ်ပေးလိုက်ပါ).. KNOX ကို disable လုပ်ရင် ခွင့်ပြုလိုက်ပါ...
အဆင့် ၃: ဖုန်းကို reboot ပြန်လုပ်ပါ.... ဒါဆိုရင် ရပါပြီ... 

Thanks to XDA-Developers

အဆင်ပြေပါစေ... ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...