iDevices users များအတွက် SSL issue အကြောင်းနှင့် iOS 7.0.6 ကို update မလုပ်ပဲ SSL bug ကို Patch လုပ်ပြီး ဖြေရှင်းနည်း...



လူသိများ iOS developer တစ်ဦးဖြစ်တဲ့ Ryan Petrich က သူဖန်တီးထားတဲ့ SSLPatch တခုကို iDevices အသုံးပြုတဲ့ မိတ်ဆွေများအတွက် မိတ်ဆက်ပေးလိုက်ပါတယ်... ဒီ SSLPatch ကတော့ iOS 7.0.6 version အောက် iDevices တွေမှာ ဖြစ်နေတဲ့ SSL Connection Verification issue ကို fix လုပ်ဖို့ အတွက် ဖြစ်ပါတယ်..

ဦးစွာ SSL (Secure Socket Layer) issue ဘာကြောင့် အရေးကြီးလဲဆိုတာ လေ့လာကြည့်ရအောင်...




SSL ရဲ့ အရှည်ကောက်ဟာ Secure Socket Layer ပါ. အွန်လိုင်းပေါ်က ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ သတင်းအချက်အလက်တွေနဲ့ identification of server တွေ စိတ်ချလုံခြုံမှုရှိအောင်... ကြားထဲက တစုံတယောက်က ခိုးယူပြီး ဖတ်လို့မရအောင် receiver နဲ့ sender အကြားမှာ အဆိုပါ အချက် အလက်တွေကို SSL က encryption/decryption လုပ်ပေးပါတယ်။ encrypt/decrypt လုပ်နည်းတွေ အများကြီး ရှိတယ်ဆိုပေမဲ့ SSL က encrypt(၀ှက်စာ) လုပ်ထားတဲ့ သတင်းအချက်အလက် ကို ကြားထဲကနေ ခိုးယူပြီး decrypt ပြန်လုပ်ဖို့ဆိုတာ သာမာန်အားဖြင့် မလွယ်တဲ့ ကိစ္စတခုပါ...



ကျနော်တို့ နေ့စဉ် Website တွေမှာ တွေ့ရတဲ့ https ဆိုတာဟာ SSL(/TLS) စနစ်ပါဝင်ပြီး လုံခြုံရေး အားကောင်း တဲ့ protocol တခုပါ... နေ့စဉ် ကျနော်တို့ အသုံးပြုတဲ့ email sever (email company) အများအပြားရှိပါတယ်... တဦးချင်းစီ အသုံးပြုနေတဲ့ email အမျိုးအစားနဲ့ email company ပေါ်မှာ မူတည်ပါတယ်... တချို့ email server/company တွေမှာ တဖက်ကနေ ပို့လိုက်တဲ့ အီးမေးလ် သတင်း အချက်အလက်တွေကို server ပေါ်ကနေတဆင့် ကျနော်တို့ ကွန်ပြူတာတွေ စမတ်ဖုန်းတွေပေါ် လုံခြုံစွာ ရောက်ရှိနိုင်ဖို့ SSL verification တွေ လုပ်ထားပါတယ်... ဥပမာဆိုရင် gmail/yahoo/hotmail တွေမှာဆိုရင် SSL verified လုပ်ထားတဲ့ https protocol တွေကို သုံးထားပါတယ်... ကြားထဲကနေ stealing/intercepting လုပ်မရအောင်ပါ...



အွန်လိုင်ပေါ်မှာ အခြား website တွေ သုံးတဲ့အခါမှာလည်း လုံခြုံမှုရှိတဲ့ ဆိုဒ်တွေမှာဆိုရင် SSL Verification လုပ်ထားတာ တွေ့ရပါလိမ့်မယ်... အွန်းလိုင်းမှာ shopping လုပ်တဲ့အခါမှာ ကျနော်တို့ရဲ့ purchase details နဲ့ personal အချက်အလက်တွေဟာ လုံခြုံစိတ်ချမှု ရှိဖို့အတွက် SSL ကနေတဆင့် သွားရပါတယ်... ဒီလို SSL ကနေ တဆင့်သွားခြင်းအားဖြင့် မိမိတို့ရဲ့ credit card details နဲ့ အခြား confidential information တွေဟာ မလိုလားအပ်တဲ့ လူတွေဆီကို မရောက်ရှိနိုင်တော့ပါဘူး... ဒါကြောင့် အွန်လိုင်းမှာ ငွေကြေးဆိုင်ရာနဲ့ personal ဆိုင်ရာ အချက်အလက်တွေကို အသုံးပြုတော့မယ်ဆိုရင် website ရဲ့ လုံခြုံမှုအတွက် protocol တွေကို ဦးစွာ စစ်ဆေးသင့်ပါတယ်...



အခုလို အရေးပါတဲ့ iOS 7 ရဲ့ SSL issue မှာ ချို့ယွင်းအားနည်းချက် ဖြစ်နေတာဟာ သက်ဆိုင်သူ users တွေ အားလုံးရဲ့ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးအတွက် အတော်လေး ရင်လေး စရာဖြစ်ပါတယ်... အခုဆိုရင် iDevices အသုံးပြုသူတွေရဲ့ data တွေဟာ လုံခြုံမှုမရှိနိုင်ပါဘူး... မလိုလားအပ်တဲ့သူတွေရဲ့လက်ထဲကို အချိန်မရွေး ရောက်ရှိနိုင်ပါတယ်... အွန်းလိုင်း attackers တွေဟာ ဒီလုံခြုံရေးပြဿနာကို အခွင့်ကောင်းယူပြီး SSL/TSL က protect လုပ်ထားပါတယ်ဆိုတဲ့ data တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်...



ဒီ SSL issue ကို fix လုပ်ဖို့ လွန်ခဲ့တဲ့ သောကြာနေ့က Apple က security update တခုဖြစ်တဲ့ iOS firmware version 7.0.6 ကို ဆိုင်းမဆင့်ဗုံမဆင့် release လုပ်ခဲ့တာ iDevices users တွေ သိတဲ့အတိုင်းပါပဲ... iPhone 4 and later, iPod touch (5th generation), iPad 2 and later အတွက်လို့ ဆိုပါတယ်... Apple ကတော့ Update လုပ်ဖို့ အကြံပြုထားပါတယ်...

Apple’s support document:

iOS 7.0.6

Data Security

Available for: iPhone 4 and later, iPod touch (5th generation), iPad 2 and later

Impact: An attacker with a privileged network position may capture or modify data in sessions protected by SSL/TLS

Description: Secure Transport failed to validate the authenticity of the connection. This issue was addressed by restoring missing validation steps.

CVE-ID
CVE-2014-1266


iOS 7.0.6 update လုပ်ရန် jailbreak မလုပ်ထားတဲ့ idevice တွေအတွက်တော့ ပြဿနာ မရှိလှပေမဲ့  jailbreak လုပ်ထားတဲ့ users တွေအတွက်တော့ မကောင်းလှပါ... ဘာဖြစ်လို့လဲ ဆိုတော့ iOS 7.0.6 ကို update လုပ်လိုက်ရင် jailbreak process အားလုံးကို အစကနေ အဆုံးထိ ပြန်လုပ်ရပါလိမ့်မယ်... iOS 7.0.6 ကို jailbreak လုပ်ဖို့အတွက် Evasi0n7 1.0.6 version ကိုတော့ release လုပ်ထားပါတယ်... ဒါပေမဲ့ version ကို re-jailbreak ပြန်လုပ်ဖို့၊ iOS 7.0.6 ကို restore လုပ်ဖို့နဲ့ data အားလုံးကို backup ပြန်လုပ်နိုင်ဖို့အတွက် Evasi0n7 developers တွေအနေနဲ့ ဗျာများနေတုန်းပါပဲ...

ဒီကိစ္စကြောင့် iOS 7 jailbreak users အများစုဟာ "ဆုပ်လည်းဆူး စားလည်းရူး" နဲ့ ကသီလင်တဖြစ်နေ မှာပါ... ဒါကြောင့် iOS 7 jailbreak အသုံးပြုတဲ့ မိတ်ဆွေများအနေနဲ့ iOS 7.0.6 ကို အလောတကြီး update လုပ်စရာမလိုသေးပဲ developer Ryan Petrich က ဖန်တီးပေးလိုက်တဲ့ SSLPtach လေးကို ကြားကာလမှာ အကောင်းဆုံးလုံခြုံးရေးအတွက် "သစ်မရမီပေါင်သောဝါး" ဆိုသလို မရှိသုံးလေးတော့ သုံးနေလို့ရပါတယ်...

Jailbreak လုပ်ထားတဲ့ မိတ်ဆွေများအနေနဲ့ မိမိတို့ iDevices ထဲမှာ SSLPatch ကို ရှာပြီး install လုပ်ဖို့အတွက် Cydia ကို ဖွင့်ပြီး Sources ကိုသွား... ပြီးရင် Edit > Add နေရာမှာ အောက်ကလင့်ခ်ကို ရိုက်ထည့်လိုက်ပါ...

http://rpetri.ch/repo/

ပြီးရင် rpetrich repo ဆိုတဲ့ လင့်ခ် တွေ့ပါလိမ့်မယ်... လင့်ခ်ကို နှိပ်ပြီး SSLPatch ဆိုတာကို ရှာပြီး install လုပ်လိုက်ပါ... Install လုပ်ပြီးရင် options တွေ settings ရှိမှာမဟုတ်ပါဘူး... install လုပ်လိုက်တာနဲ့ သူ့ဘာသာသူ patch လုပ်သွားပါလိမ့်မယ်... ခနနေရင် icon လိုက်ရှာနေမှာဆိုးလို့ ဟီးဟီး..း-)...း-)

ဒါဆိုရင် firmware version iOS 7.0.6 အောက် အသုံပြုနေတဲ့ iDevices တွေအတွက် အကာအကွယ် တခု ရသွားပြီ ဖြစ်ပါတယ်... နောက်ပိုင်း အဆင်ပြေတဲ့အချိန် (Evasi0n7 ဗျာမများတော့တဲ့အချိန်) မှာ iOS 7.0.6 ကို update လုပ်ဖို့ developer က အကြံပြုထားပါတယ်... အခုလို update မလုပ်သေးတဲ့ ကြားကာလ အချိန်မှာ iDevice jailbreak users တွေကို လုံခြုံမှုပေးမှာက SSLPtach သာလျှင် အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်ဗျား......။

Ref:ddominic/idownloadblog/wikipedia/google

အဆင်ပြေပါစေ.... By ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...