iOS 6.1.6 မိတ်ဆွေများ p0sixspwn 1.4 tool ကိုသုံးပြီး untethered jailbreak လုပ်နိုင်ပြီ...


 iOS 6.1.6 ကို untethered jailbreak လုပ်နိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်... Apple’s SSL security ကို fix လုပ်ဖို့ release လုပ်တဲ့ iOS 6.1.6 ဟာ iPhone 3GS နဲ့ iPod touch 4th generation တွေအတွက် ထုတ်လိုက်တဲ့ တခုတည်းသော firmware ဖြစ်ပါတယ်... iOS 7.0.6 ကတော့ အခြား iDevices တွေအတွက်ဖြစ်ပါတယ်...

ဒီနေရာမှာ p0sixspwn untethered jailbreak tool ကို သုံးထားပါတယ်...

iOS 6.1.6 အတွက် untethered jailbreak ရနေပြီဆိုတော့ iOS 6.1.x iPhone 3GS နဲ့ 4th generation iPod touch တွေ သုံးနေတဲ့ မိတ်ဆွေများအနေနဲ့လည်း iOS 6.1.6 ကို update လုပ်ပြီးတော့ Apple’s SSL bug ကို fix လုပ်စေချင်ပါတယ်... သတင်းကောင်းကတော့  p0sixspwn jailbreak tool ကို သုံးပြီးတော့  iOS 6.1.3 ကနေ iOS 6.1.5 တွေကိုပါ untethered jailbreak လုပ်နိုင်ပါတယ်...

"p0sixspwn 1.4" jailbreak tool ကို Cydia မှာ ရှာပြီး install လုပ်နိုင်ပါတယ်... ယခုလောလော ဆယ်မှာတော့ သူ့ချည်းပဲသီးသန့် download ယူလို့ မရသေးတဲ့အတွက်ကြောင့်ပါ... Cydia အားကိုးနဲ့ untethered jailbreak လုပ်ရမှာဆိုတော့ RedSn0w လို tethered jailbreak tool ကို ဦးစွာ အသုံးပြုရပါမယ်... ပြီးမှ untethered jailbreak ကို convert လုပ်ရမှာပါ...

iOS 6.1.6 ကို run ထားတဲ့ 3GS နဲ့ iPod touch 4th generation ကို untethered jailbreak လုပ်ရန်...

အဆင့် (၁): RedSn0w ဒါမဟုတ် sn0wbreeze တွေကိုသုံးပြီး ဦးစွာ tethered jailbreak လုပ်ပါ..
အဆင့် (၂): Cydia ကို ဖွင့်ပြီး search မှာ p0sixspwn 1.4 ကို ရိုက်ထည့်ပြီး ရှာပါ.. ပြီးရင် install လုပ်ပါ..
အဆင့် (၃): လုံခြုံသွားပြီဖြစ်တဲ့ firmware အသစ်နဲ့ ဆန်းသစ်စွာ untethered jailbreak လုပ်ထားတဲ့ iDevice တခုကို ရရှိပါပြီ...း-)  

ref:idownloadblog/ http://lwanmapyay.blogspot.com/

အဆင်ပြေပါစေ.... By ကိုမျိုး

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...