ရုပ်ရှင်လမ်းမကြီးပေါ်က စစ်ရုပ်ရှင်ကားများ



” စစ်ပွဲအားလုံးဟာ ပြည်တွင်းစစ်တွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားအားလုံးဟာ ညီရင်းအစ်ကိုတွေ ဖြစ်ကြလို့ပါပဲ”

ဖရန်စစ်ဖန်လ်လွန်

စစ်ကားဆိုသည်မှာ စစ်ရေးစစ်ရာနှင့် ပတ်သက်သော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ တစ်ခါတစ်ရံ စစ်အကျဉ်းသား၊ စစ်ရာဇဝတ်သား၊ စစ်တိုက်ပွဲများ၊ စစ်သားတို့ ဘဝ၊ လေ့ ကျင့်ရေးစသည့် အကြောင်းအရာများကို အလေးထားဖော်ပြ ရိုက်ကူးကြသည်။ တစ်ခါတစ်ရံ တိုက်ပွဲများကို ဇောင်းမပေးဘဲ စစ်ပွဲကာလ အရပ်သားတို့၏ ဘဝအနေ အထားများကို အသားပေးဖော်ပြရိုက်ကူးသည်များလည်း ရှိသည်။

စစ်ဇာတ်လမ်းရုပ်ရှင်များသည်ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ် ဝတ္ထု၊ သမိုင်းအခြေခံ၊ မှတ်တမ်းရုပ်ရှင်၊ အတ္ထုပ္ပတ္တိ၊ စိတ်ကူးယဉ်သမိုင်းဝတ္ထု စသည်တို့ ကို အခြေခံရိုက်ကူး ထားခြင်း ဖြစ်သည်။ ဇာတ်လမ်းအကြောင်း အရာကို တိုက်ပွဲများ၊ လွတ်မြောက်လာသူများနှင့် ကျန်ရစ်သူများ၊ ပေးဆပ်အနစ်နာခံသူများ၊ လေ့လာမှုများ၊ သု တေသနစာ တမ်းများ၊ လူ့အဖွဲ့ အစည်းအပေါ်သက်ရောက်မှုများ စစ်ကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုများနှင့် လူမှုပြဿနာများ စသည်တို့မှ ရှာဖွေယူကြသည်။

စစ်ဆန့်ကျင်ရေးဇာတ်ကားများ

စစ်ဆန့်ကျင် ဇာတ်ကားများကိုလည်းစစ်ပွဲများ၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများ၊ အနိဋ္ဌာရုံများကို လူအများခံစားနားလည်ပြီး စစ်ပွဲများကို မုန်းတီးစက်ဆုပ်စေရန် ရည် ရွယ်၍ ရိုက်ကူးပြသကြသည်။ တစ်ခါတစ်ရံ နိုင်ငံရေးဝါဒ (သို့ မဟုတ်) သဘောတရားရေးရာများအတွက်လည်း အသုံးပြု သည်များလည်းရှိသည်။ ဗီယက်နမ်စစ်ပွဲ (၁၉၅၆-၁၉၇၅) ကို ဆန့်ကျင်သော အားဖြင့် စစ်ဆန့်ကျင်ရေးဇာတ်ကားများစွာကို ရိုက်ကူးထုတ်လုပ်ခဲ့ကြသည်။

အနုပညာဟန်

ရုပ်ရှင်သမိုင်းနှင့် ယဉ်ကျေးမှုရေးရာ ပါမောက္ခဒေါက်တာ John Belton က ဟောလီးဝုဒ်မှ ထုတ်လုပ်သော စစ်ကားများနှင့် ပတ်သက်၍မှတ်ချက် ပြုရာတွင် (က) စစ်ပွဲ ကာလအတွင်း အရပ်သားပြည်သူတို့၏ စိတ်ဓာတ်ရေးရာများ တုံ့ဆိုင်းသွားခြင်း(ခ)တစ်ဦးတစ်ယောက်၏ စိတ်ဓာတ်အပေါ် အများဆန္ဒကကြီးစိုးထားခြင်း(ဂ) အမျိုး သားနှင့် အမျိုးသမီးတို့ကြား ပြိုင်ဆိုင်မှုဖြစ်ခြင်း (ဃ) စစ်ပြန်ကြီးများ၏ အမှတ်တရများကိုသင်ပြခြင်းဟု လေးမျိုးခွဲခြား ပြသည်။

ပထမဆုံးစစ်ရုပ်ရှင်ကား

ကမ္ဘာ့ပထမဆုံးနှင့် သြဇာအလွှမ်းမိုးဆုံး စစ်ရုပ်ရှင်ကားအဖြစ် ၁၉၁၅ခုနှစ်တွင် ဒါရိုက်တာ D.W Griffith ရေးသား ရိုက်ကူးခဲ့သော The Birth of A Nation အသံတိတ် ရုပ်ရှင်ဇာတ်ကားကို သတ်မှတ်ကြသည်။ ယင်းဇာတ်ကားကို ” ထိတ်လန့်မှုကို ဖြစ်စေသော ရုပ်ရှင်ဇာတ်ကား” အဖြစ် ဖော်ပြကြသည်။ ယင်းဇာတ်ကား၏ အဖွင့် ဇာတ်ဝင် ခန်းကြောင့် အကြမ်းဖက်မှုများနှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ လူမျိုးရေးစိတ်ဓာတ်များ ပြင်းထန်ပေါက်ကွဲလာမှုကြောင့် ဒါရိုက်တာ D.W Griffith အနေဖြင့် ” သဘော ထား သေးသိမ်ခြင်း” (Intolerance) ဇာတ်ကားကို ရိုက်ကူးခဲ့ရသည်။

သမိုင်းထဲက စစ်ဇာတ်ကားများ

၁၉၁၄-၁၉၁၈ခုနှစ် ကာလများတွင် အမေရိကန်နိုင်ငံကဲ့သို့သော ကြားနေနိုင်ငံများသည် စစ်ဇာတ်ကားများကို ဝါဒဖြန့်ချိရေးလက်နက်များ အဖြစ် အသုံးပြုခဲ့ကြသည်။ ယင်းဇာတ်ကားများအနက် ဓာတ်ပုံဆရာ Albert K. Dawson ရိုက်ကူးခဲ့ သော The Battle and Fall of Przemyst (1915) သည် အထင်ရှားဆုံးဖြစ်သည်။ သူသည် ဂျာမန်၊ သြစတြေးလျနှင့် ဘယ်လဂျီယံ တပ်မတော်တွင် စစ်ဓာတ်ပုံဆရာအရာရှိအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ယင်းမှတ် တမ်းဓာတ်ပုံများကို American Correspondent ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

၁၉၁၈ ခုနှစ်တွင် ကမ္ဘာကျော် လူရွှင်တော်ချာလီချက်ပလင်၏ Shoulders Arms ဇာတ်ကားသည်လည်း ထင်ရှားသည်။ ယင်းဇာတ်ကားသည် ကမ္ဘာ့ပထမဆုံး စစ်ဟာသ ဇာတ်ကားဖြစ်သည်။ ထို့ပြင် The Big Parade (1925), What Price Glory (1926), Road to Glory (1936), Grand Illusion (1937), Frank Capra’s Flight (1930), Wings (1927), Hell’s Angels (1930) နှင့် The Dawn Patrol (1930) စသည်တို့သည်လည်း ထင်ရှားသည်။

ဒုတိယကမ္ဘာစစ် (၁၉၃၉- ၁၉၄၅) ကာလများတွင်လည်း The Lion Has Wings နှင့် Target For Tonight စသော အင်္ဂလိပ်ဇာတ်ကားများနှင့် Siegim Westen ဂျာမန် ဇာတ်ကား တို့ ထင်ရှားခဲ့ သည်။ဒုတိယကမ္ဘာစစ်ပြီး ကာလများတွင်မူ မျိုးချစ်စိတ် ဓာတ်ရှင်သန် ထက်မြက် စေသောဇာတ်ကား များစွာ ရိုက် ကူးထုတ်လုပ် ခဲ့ကြ သည်။ဗြိ တိန်နိုင်ငံတွင် အများဆုံးရိုက်ကူးထုတ်လုပ်ခဲ့ပြီး The Dam Busters(1954), Dunkirk (1958), Reach For the Sky(1956), Sink the Bismarck! (1960) တို့ အထူး ထင်ရှားအောင်မြင်ခဲ့သည်။ Decision (1948) နှင့် Twelve O’Clock High (1949) ဇာတ်ကားများသည် စစ်ကြောင့် ခံစားရသော စိတ်ပိုင်းဆိုင်ရာြ ပဿနာ များ ကို လေ့လာတင်ပြထားခြင်းဖြစ်သည်။

စပီးဘတ်နှင့်စစ်ကား

၁၉၉၈ခုနှစ်တွင် ကမ္ဘာကျော် ဒါရိုက်တာ Steven Spielberg ရိုက်ကူးသော Saving Private Ryan ရုပ်ရှင်ဇာတ်ကားသည် ဒုတိယကမ္ဘာစစ်နောက် ခံရုပ်ရှင် ဇာတ် ကားဖြစ်သည်။ ဒါရိုက်တာ Michael Bay ရိုက်ကူးသော Pearl Harbor (2001) ဇာတ်ကားနှင့် ဒါရိုက်တာ Jean-Jacques Annaud ရိုက်ကူးသော Gnemy at the Gates 2001 ဇာတ်ကားများသည်လည်း ဝင်ငွေကောင်းသော စစ်ဇာတ်ကားများဖြစ်ကြသည်။

စစ်ဘက်၏ ပါဝင်မှု

စစ်ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်ရာတွင် နိုင်ငံတော်၏ စစ်တပ်ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါသည်။ အမေရိကန်ရေတပ်မတော်သည် သင်္ဘော နှင့် နည်း ပညာ လမ်းညွှန်မှုများ ကို ပံ့ပိုးပေးကြသည်။ ဒါရိုက်တာ Tony Scott ရိုက်ကူးသော Top Gun (1986) ဇာတ်ကားသည် အကောင်းဆုံး နမူနာဖြစ်သည်။ အမေရိ ကန် လေတပ်အနေနဲ့လည်း he Big Lift, Strategic Air Command နှင့် A Gathering of Gagles စသည့် ဇာတ်ကားများတွင် ပါဝင်ကူညီ ထားသည်။အခြား တိုင်းပြည် များတွင်လည်း သွားရောက်ရိုက်ကူးလေ့ရှိရာ Patton, Lawrence of Arabia နှင့် Spart ဇာတ်ကားများကို စပိန်နိုင်ငံတွင်လည်း ကောင်း၊ Waterloo ဇာတ်ကားကို ယူ ကရိန်းနိုင်ငံတွင်လည်းကောင်း Saving Private Ryan ကို အိုင်းရစ်တပ်မတော်၏ အကူအညီနှင့် ရိုက်ကူးခဲ့ ကြသည်။

နွေနိဒါန်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...