သဘာဝတရား နှင့် အထူးပြုလုပ်ချက် နံရံနောက်က အလှတရား



ပြောင်းလဲမှုတွေ မြန်ဆန်သည့် ယနေ့ ခေတ်ရေစီးကြောင်းမှာ အရာရာ ဟာ တစ်ခဏ အတွင်း အသစ် အဆန်းတွေ ထိတွေ့ ကိုင်တွယ်လို့ ရသည့် ခေတ်ကာ လဖြစ် သည်။ ငွေကြေးသာ ရှိရင် တစ် ကိုယ်လုံးတောင် ပြောင်းပစ် လို့ရသည့် ခေတ်ဆိုလည်း မမှားပေ။

မြန်မာလူမျိုး များသည် အသားအ ရေလှသည်၊ ခန္ဓာကိုယ် အချိုးအစား လှ သည်။ အရှက်တရား ကြီးသည်။ ယနေ့ အနုပညာလောကမှ မဟုတ်၊ အပြင် ပြည်သူလူ ထုတွေ ထဲမှာပင် အလှတရား၊ ကျန်းမာရေးနှင် ပတ်သက်ပြီး လိုက်စား လာတာ တွေ့ရသည်။ အသား အရေအ တွက် အာဟာရဖြစ်မည့် ဆေးကုသမှု တွေ လုပ်လာသလို ခန္ဓာကိုယ် အဆီပိုတွေ၊ မျက်နှာအဆီပိုများ အတွက် ဆေးကုသမှု အမျိုးမျိုး လုပ်လာကြသည်။ ”ဒါဟာ သဘာဝ တရားအလှ ကိုတော့ မမီပါ”ဟု ဝါရင့်အနုပညာရှင် တစ်ဦး ကတော့ သုံး သပ်ထားသည်။ အလှပေါ် အလှဆင့်ပြီး အနုပညာလောက မှာ အောင်မြင်ကျော် ကြားပြီး အသက်အရွယ် တစ်ခုရလာသည့် တိုင်အောင် လှပနေဆဲ ရှိသည့် အလှ တရား ဂုဏ်နဲ့ ဝင့်ကြွယ်နေသည့် အမျိုးသမီးတစ် ဦး၏ အထူးပြုလုပ်ချက် အလှအပနဲ့ ကျန်း မာရေးပညာပေး စကားနှင့် ငယ်ရွယ်နု ပျိုပြီး အနုပညာလောက တွင် အလှ ဂုဏ် တင့်တယ် ညိုချောချောသည့် သရုပ်ဆောင် မင်းသမီးတစ်ဦး ၏ခွဲစိတ်ပြုပြင်မှု ကောင်း ကျိုးဆိုးကျိုးနှင့် ကျန်းမာရေး ရှုထောင့်က အသိပညာပေး စကား တို့ ကို မေးမြန်း ပြီး နောက် ..

မို့မို့မြင့်အောင်

မမို့ငယ်ငယ် ကတည်းက သနပ်ခါး ပဲ လိမ်းခဲ့တာပါ။ ကျောင်းသွား၊ အပြင် သွားရင်တောင် တက္ကသိုလ် မိတ်ကပ်ကို အောက်ခံ လိမ်းပြီး အပေါ်မှာ သနပ်ခါး လိမ်းခဲ့တာ။ ရုပ်ရှင် စရိုက်တုန်းက ဆိုရင် ရှူတင်ပြီးတာနဲ့ မိတ်ကပ်တွေ ဖျက်၊ သနပ်ခါး လိမ်းထားတယ်။ အရင်ကဆို အခုလောက် ရာသီဥတုကလဲ မပူဆို တော့ အသားအရေ ကလည်း ဒီလောက် နေလောင်မထားဘူးပေါ့။ မမို့ တို့ ရုပ်ရှင် ရိုက်ပြီဟေ့ ဆို ရင် မိတ်ကပ်ကို ခေါင်း အစခြေအဆုံး လိမ်းရ တော့ မီးကပူ နေက ပူနဲ့ နံစော်နေတာ ပဲ။ အဲဒီတော့ အဲဒီ ခေတ်မှာ သနပ် ခါးက အကောင်း ဆုံး ဖြစ်ခဲ့တယ်။ မမို့အသက် ၃ဝ လောက်ကျော်လာ တော့ မမို့ မိတ်ကပ် ဆရာက သနပ်ခါး လိမ်းတာကို ရပ်ခိုင်း တယ်။ မျက်နှာတွေ အရေ တွန့်သွားမှာ စိုးရိမ် တာပေါ့။ ခြေလက်တွေ တော့ ဆက်လိမ်းတယ်။ ၄ဝ ကျော်လာတော့ ခြေရော လက်ရော မလိမ်းရတော့ဘူး။ အသားတွေလည်း တွန့်လာ သလိုလို ဖြစ်တော့တယ်။ အဲဒီ ကနေ ‘ကိုရီးယားနား’ စသုံးတယ်။ ခေါင်းအစ ခြေအဆုံးပဲ လိမ်းဖြစ်တယ်။ သနပ်ခါးကို ဘယ်လောက် ကြိုက်ကြိုက် အချိန်ရယ်၊ အသက် အရွယ် ရလာတော့ ထိန်းသိမ်းရတာပဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ် ကျော်လောက်က မမို့အသား တင်းတဲ့ ဆေးထိုးဖူးတယ်။ ‘ဂရမ်းမီးရထား’ မှာပါ။ တစ်ခါထိုး ရင် ဒေါ် လာနှစ်ထောင်ကျော် ကျတယ်။ ၈ လလောက်ပဲ ခံတယ်။

မင်းသမီး တစ်ယောက် အတွက် ဒါ လုပ်ဖို့ လိုအပ်တယ် ဆိုတာ မှန်တယ်။ ဒါပေမဲ့ တစ်ခါ ထိုးတာ ဟုတ်ပြီ။ နှစ်ခါ သုံးခါ ဆက်ထိုးနေရရင် ဒီအသားက ကောင်းနိုင် ပါ့ဦး မလား။ သဘာဝကတော့ မဖြစ်နိုင်ဘူး။ ဆေးထိုးပြီးရင် မျက်နှာက တင်းနေတာပဲ။

ဆေးထိုးတဲ့ဆိုးကျိုးက မျက်နှာအ သားအရေက တအား တင်းတော့ အိုက် တင် လုပ်တဲ့ အခါမှာ မျက်နှာကြောတွေ ကို ကစားပြီး အိုက်တင် လုပ်တော့ ရယ် လည်း တင်းတင်း၊ မဲ့လည်း တင်းတင်း၊ ငိုလည်း တင်းတင်း ဖြစ်နေတယ်။ မမို့ သိလိုက်တယ်။ ငါ မင်း သမီးနေရာကို အမြဲ လုပ်ရမယ် ဆိုတာ ထက် ငါ့အိုက်တင် ပီပြင်ဖို့က အရေး ကြီးတယ်။ အဲ ဒါ ကြောင့် သရုပ်ဆောင် ကောင်း ဖြစ် ရမယ်ဆိုတဲ့ စိတ် နဲ့မမို့ အ သက်အရွယ် က အိုသွား မှာပဲ။ အိုပစေ အိုက်တင်တော့ အလျော့ မခံဘူး ဆိုပြီး ဆေးကို တစ် ခါပဲ စမ်းထိုးခဲ့တယ်။

အစားထိုး အထူးပြုလုပ် ချက်ဆိုတာက ကောင်းတာ ရှိသ လို မကောင်းတာလည်း ရှိတယ်။ ခွဲစိတ် ပြီး ချောတဲ့ ကလေး၊ လှလာတဲ့ ကလေး တွေလည်း ရှိ တာပဲ။ ဒါပေမဲ့ လုပ်နေရင်း မအောင်မြင်ဘဲ နှာခေါင်းစောင်းသွား တာတို့ ဘာတို့လည်း ဖြစ်တာပဲ။ သေချာ တာက နားလည်တဲ့ ဆရာဝန် နဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ပါ။ ပရိသတ် ထဲက လုပ်မယ်ဆိုလဲ ကိုယ့်သဘောနဲ့ နားမလည်ဘဲ မလုပ်ပါနဲ့။ ကောင်းကျိုး ရှိသလို သိပ်ကြောက် ဖို့ကောင်းတဲ့ ဆိုး ကျိုးလည်း ရှိတယ်။

မမို့က ဘာဆေးမှ မထိုး၊ ဘာပိန် ဆေးမှ မသောက်ဘူး။ ဒါပေမဲ့ အခုထိ အရွယ်တင် တယ် ဆိုတာက မမို့ အခု ဆေး သုံးစွဲပါတယ်။ သူက ဆေးလည်း ဟုတ်တယ်။ အလှ အပ အတွက်လည်း ဟုတ်တယ်။ အသားအရေ အရွယ်တင် တာရယ် ပိန်ပြီး အချိုးကျ တာရယ်က ‘ယူနီစီတီ’ လို့ ခေါ်တဲ့ USA ထုတ်ဆေး တစ်မျိုးပါ။ သူက ဘယ်မင်းသား မင်း သမီးနဲ့မှ မကြော်ငြာဘူး။ ဘန်ကောက် ကနေတစ်ဆင့် မန်ဘာကတ် နဲ့ ဝယ် သောက်ရတယ်။ အခု မြန်မာနိုင်ငံမှာ ရုံးခန်း လာဖွင့်မယ်လို့တော့ ပြောတယ်။ လိုးရှင်းက SK 2 သုံးတယ်။ ပိန်ဆေး သောက်တာ၊ အသားအရေ တင်းဆေး ထိုးတာတော့ အားမပေးဘူး။ ခွဲစိတ် တယ် ဆိုတာလည်း အခန့်မသင့်ရင် ဆိုး ကျိုးတွေ ရရှိနိုင်တယ်။ အကောင်းဆုံး က တော့ သဘာဝပါပဲ။ မမို့ တူမလေး တစ် ယောက်ဆိုလည်း ခွဲစိတ်ဖူးတယ်။ ဆရာ ဝန်နဲ့ သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီး မှ လုပ်တဲ့အတွက် အဆင်ပြေ ပါတယ်။ မမို့ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်၊ ကျန်းမာရေးနဲ့ ဆက် နွှယ်တဲ့ အလှတရား ဖြစ်စေမယ့် ဆေး ကိုပဲ အားပေး တယ်။ ဖြတ် လမ်းတော့ အားမပေးဘူး။

ဆုပန်ထွာ

အသားအရေ နဲ့ ပတ်သက်ပြီး ပန် ပန်က ထူးထူးခြားခြား ပြုပြင်တာမျိုး တော့ မလုပ်ဘူး။ လိုးရှင်းလောက်ပဲ သုံး တယ်။ အနုပညာရှင် တစ်ယောက်အ တွက်က နေပူထဲမှာ မီးထိုး မှန်ထိုးတာ ခံရသလို မိုးရေထဲမှာလည်း ရိုက်ရတာပဲ။ အဲဒီတော့ အသားအရေက ပျက်စီး လွယ်တယ်။ အသားအရေ လှဖို့ ဆေးထိုး ဆေးသောက် အထူးပြုလုပ်ရ တာပေါ့။ ဒါတွေက ရေရှည်အတွက်ဆို မကောင်း ဘူး။ ဒါကြောင့် သဘာဝနဲ့ပဲ ထိန်းသိမ်း ရတာ။ မပန်က ခန္ဓာကိုယ်ကို ဘာဆေး နဲ့မှ မထိန်းဘူး။

ဝလည်း ဝမလာအောင် တအား လည်း မပိန်အောင် အစားအသောက် နဲ့ပဲ ထိန်းတယ်။ ကျန်းမာရေး နဲ့လည်း ညီ ညွတ်တယ်။ ဆေးလည်းဖြစ် အသား အရေလည်း လှအောင် ဆိုပြီး အသီးအ ရွက်၊ ရေ ပုံမှန် စားသောက်ဖြစ်တယ်။ ဝလာတယ် ထင်ရင် ညစာကို လျှော့စား တယ်။ ပိန်ဆေးတော့ လုံးဝ ပန်ပန်မသုံး ဘူး။ ပန်ပန်လည်း လူထဲက လူပဲ ဆိုတော့ လူများလို စားချင် သောက်ချင်တာပေါ့။ ပိုက်ဆံတွေ ရှာနိုင်ရဲ့သားနဲ့။ ဒါပေမဲ့ မစားရဘူး။ ဒါလည်း ဝဋ်တစ်ခုပါပဲ။

လှတာထက် ပိုပြီး ကြည့်လို့ အဆင် ပြေအောင် အထူးပြုလုပ်တာတွေ၊ ခွဲစိတ် အစား ထိုးတာတွေဆိုတာက ကောင်းကျိုး ဆိုးကျိုး ရှိတယ်။ ပန်ပန် လည်း လွန်ခဲ့တဲ့ နှစ် အနည်းငယ်က နှာခေါင်းပြင်ထားတယ်။ အရင်နှာခေါင်း က တိုတိုပြားပြား ပွပွလေး ဖြစ်နေတယ်။ အခု ဒီနှာရိုးတံ ထည့်လိုက် တော့ တော်တော်လေး အဆင်ပြေလာပြီး လှလာ တယ်။ ပန်ပန် မပြင်ခင်ကတည်းက ပန်ပန် သူငယ်ချင်းတွေ ထဲမှာ ပြင်ထားတာ ရှိတယ်။ တချို့လည်း အောင်မြင်တယ်။ တချို့လည်း လုံးဝစောင်းသွား တာ မျိုးတွေ ရှိတယ်။ အဲဒါကြောင့် မလုပ်ခင်ကတည်း က နားလည်တဲ့ ဆရာဝန်နဲ့ သေသေချာ ချာတိုင်ပင် ဆွေးနွေးပြီးမှသာ လုပ် တယ်။ ပန်ပန်က မင်းသမီး လုပ်တယ် ဆိုတော့ ဒီမျက် နှာကြီးနဲ့ ပရိသတ် တွေ ဆုပန်ထွာဆို ပြီး အားပေးလာ ခဲ့တာ ကြာပြီ လေ။ အဲဒီအ တွက် တအား ပြောင်းလဲ သွားပြီ ပုံစံချိန်း သွားတာမျိုး မလိုချင်ဘူး။ ဒီမျက်နှာ ကိုပဲ ကြည့် လို့ ကောင်းအောင် ဘာပြင်ရင် လှ မလဲ မေးတော့ ဆရာမ ကနှာခေါင်း ပြင်ခိုင်းတာ ကို ပြင် လိုက်တယ်။ နှာခေါင်း လေးပြင်တော့ ဒီမျက်ခုံးလေး လည်း လှသွားတာပေါ့။

အထူးပြင်ဆင်ချက် နဲ့ ကောင်းကျိုး ဆိုးကျိုးဆိုရင် ပန်ပန် ဒီနှာခေါင်းထဲက ထည့်လိုက်တဲ့ အတံ မလိုချင်တော့ဘူး။ ပြန်ထုတ်မယ် ဆိုရင် အရင်မူလ နှာခေါင်း ပြန်ရမယ်။ ဒီနှာခေါင်းပြင်ထားတာ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကြည့်လို့ကောင်း လာတယ်ဆိုတဲ့ ယုံကြည်မှု ရလာတယ်။ ဒါပေမဲ့ ပြင်တိုင်းလည်း မလှနိုင်ဘူး။ တချို့ လည်း ပြင်လို့ အဆင်မပြေတာတွေ လည်းရှိတယ်။ မပန်က ကံကောင်းတယ်။ ပြင်တဲ့နေ့က စပြီး အခုချိန်ထိ ဘာဆိုး ကျိုးမှ မပေါ်လာဘူး။ နာတာအောင့်တာ ဆေးထိုးဆေးသောက် ရတာမျိုး မရှိခဲ့ ဘူး။ ခွဲတုန်းကတော့ တော်တော်နာ တယ်။

နှာခေါ င်းဆိုတာက ဒီလိုမျိုး ထိရင် တောင် နာတယ်လေ။ နှာခေါင်းကို ထုံ ဆေးထိုးတုန်းက ၁၂ စက္ကန့် ကြာတယ်။ တော်တော် နာတယ်။ မျက်ရည်တွေ ဆို ဘယ်ကနေ ပန်းထွက် လာတာလဲ မသိ ဘူး။ နှာခေါင်းထဲ အရည်ဝင် သွားတာ သိတယ်။ ပြီးတော့ ဘာမှ မသိ ဘူး။ ခွဲပြီးတစ်ပတ် တိတိ အပြည့်အဝ ဂရုစိုက် ပြီး နားလိုက်တယ်။ တစ်ပတ်ပြည့်တာ နဲ့ ရိုက်ကွင်းမှာ ရိုက်တော့တာ ပဲ။အဲဒီတုန်း က တော် တော် ကြာ ကြာနာသေး တယ်။ အ ခု တော့ အေးဆေး ပဲ။

ပန်ပန် လို လုပ်ချင်၊ အစားထိုးချင် တယ် ဆိုရင် ဆေးထိုးတယ် ဆို တာခဏပဲ။ ဆရာ ဝန်နဲ့ တိုင်ပင်ပြီးမှ လုပ် ပါ။ သဘာဝက အကောင်းဆုံး ပါပဲ။ ပန်ပန်က ဒီနှာခေါင်းပြင် တာ တစ် ခုနဲ့တင် ဘာမှပြင်စရာ မလိုတော့ဘူး။ အသက် အရွယ်က အိုလာပြီ။ အိုမင်းရင့် ရော်မှု ဆိုတာက ဘာနဲ့မှ ကုလို့မရဘူး။ ခဏတာ ယာယီပဲ ကာကွယ်လို့ ရတာပါ။ အသက် ကြီးလာတဲ့ အမျှ ရင့်ကျက်မှု ဆို တာ ပါလာတယ်။ အဲဒီအတွက် အိုမင်း ရင့်ရော်မှုနဲ့ အတူပါလာတဲ့ ရင့်ကျက်မှု ကို ပန်ပန်က တန်ဖိုးထားတယ်။

ထူးထူး
ပေါ်ပြူလာဂျာနယ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...