နန်းခင်ဇေယျာ ဂျပန်ဖူဂျီတီဗွီ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေ

ဂျပန်နိုင်ငံမှာ နာမည်ကြီး တီဗွီ သတင်းဌာနတခုဖြစ်တဲ့ ဖူဂျီ တီဗွီ Box လိုင်းမှာ လာမယ့် မေလ ထုတ် လွှင့်ပြသမယ့် မြန်မာ့ အထင်ကရနေရာတွေ၊ အလှအပတွေ၊ မြန်မာရိုးရာယဉ်ကျေးမှု အနုပညာ လက် ရာ
တွေနဲ့ ဧည့်လမ်းညွှန်တွေအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုမှာ မြန်မာအလှမယ် နန်းခင်ဇေယျာလည်း ပါဝင်ရိုက်ကူးနေပါတယ်။


ဓာတ်ပုံ- နန်းခင်ဇေယျာ

နန်းခင်ဇေယျာက သူကိုယ်တိုင် ဧည့်လမ်းညွှန်တယောက်လည်း ဖြစ်သလို သူ့ဇာတ်ရုပ်မှာ ဧည့်လမ်းညွှန် အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အခု မှတ်တမ်းရုပ်ရှင်မှာ ဂျပန်နိုင်ငံမှ ပြည်သူ့အသည်းစွဲ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ Kei Nakamura နဲ့ အတူ နန်းခင်ဇေယျာက ပါဝင် သရုပ်ဆောင်ရင်း ရန်ကုန်ရိုက်ကွင်းအပြင် မန္တလေး၊ ပုဂံ၊ အင်းလေး
ဒေသတွေမှာပါ သွားရောက် ရိုက်ကူးမှာဖြစ်ပါတယ်။

ရန်ကုန်ရိုက်ကွင်းထဲက မြင်ကွင်းတချို့ကို နန်းခင်ဇေယျာက ဓာတ်ပုံမှတ်တမ်းတချို့ သူ့ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။









အိမ့်သံစဉ် ~

Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...