iOS 7.0 (Build 11A466) Jailbreak Error ကို ဖြေရှင်းပေးမဲ့ Evasi0n7 1.0.8 update

evasi0n7-logo-400x400

iOS 7 build 11A466 ကို jailbreak လုပ်ရာမှာ ပေါ်လာတဲ့ error message ကို fix လုပ်ဖို့ Evasi0n7 1.0.8 update တခုကို evad3rs developer အဖွဲ့ release လုပ်ထားပါတယ်...

ဒီ update ကတော့ iOS 7.0 နဲ့ run နေတဲ့ iPhone 5s, iPhone 5c (Build 11A466) တွေကို jailbreak လုပ်တဲ့အခါမှာ “this ios version is not supported” ဆိုတဲ့ error message ကို ဖြေရှင်းဖို့ အတွက် ဖြစ်ပါတယ်...

အကယ်လို့ မိမိတို့ရဲ့ iPhone 5s, iPhone 5c တွေကို jailbreak လုပ်တဲ့အခါ အထက်ပါ error message မျိုး ပေါ်လာတယ်ဆိုရင် device ထဲက Settings > General > About နေရာကို တဆင့်ချင်းသွားပြီး build နံပါတ်ကို စစ်ဆေးကြည့်ပါ... build နံပါတ်က 11A466 ဖြစ်တယ်ဆိုရင်တော့ အခုနောက်ဆုံး release လုပ်လိုက်တဲ့ evasi0n7 1.0.8 update ကို အသုံးပြုပြီး jailbreak ဖို့ ကြိုးစားနိုင်ပါတယ်...

evasi0n7 ကတော့ untethered jailbreak တခုဖြစ်ပြီး  iOS 7, iOS 7.0.1, iOS 7.0.2, iOS 7.0.3, iOS 7.0.4, iOS 7.0.5 နဲ့ iOS 7.0.6 တွေကို support လုပ်ပါတယ်..

Compatible ဖြစ်တဲ့ iOS devices တွေကတော့...
  • iPhone 5s, iPhone 5c, iPhone 5, iPhone 4S, iPhone 4
  • iPad Air, iPad 4, iPad 3, iPad 2
  • Retina iPad mini, iPad mini
  • iPod touch 5G တွေပဲ ဖြစ်ပါတယ်... 

မိမိတို့ ကွန်ပြူတာ OS နဲ့ ကိုက်ညီတဲ့ evasi0n7 1.0.8 update ကို အောက်မှာ ဒေါင်းယူပါ... 

evasi0n7 1.0.8 [MacWindows]

Ref: iphonehacks/ http://lwanmapyay.blogspot.com/

အဆင်ပြေပါစေ... ကိုမျိုး

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...