Vitamin B12 and Iron supplement ဘီ-၁၂ နှင့် သံဓါတ်လိုအပ်ချက်


အသက် ၄ဝ သို့ ၅ဝ အထက် လူကြီးတစ်ယောက်ဟာ တစ်နေ့ကို B12 ဘယ်လောက် ပမာဏ သောက်သင့်ပါသလဲ။ အမျိုးသမီးနဲ့ အမျိုးသား သောက်ရမယ့် ပမာဏ ကွာခြားပါသလား။ နောက်ပြီး B12 နဲ့အတူ ဖဲရပ်စ်ဆာလ်ဖိတ်လို သံဓာတ် အားဆေးရော တွဲသောက်လို့ ရပါသလား။ တစ်နေ့ကို ဘယ်လောက် ပမာဏသောက် ရမယ်ဆိုတာ ဖြေကြားပေးပါဆရာ။

Vitamin B12 ဗီတာမင် ဘီ ၁၂ နေ့စဉ်လိုအပ်ချက်
• ၆ လအထိ = 0.4 mcg

• ၇-၁၂ လ = 0.5 mcg
• ၁ နှစ်မှ ၃ နှစ်အထိ = 0.9 mcg
• ၄ နှစ်မှ ၈ နှစ်အထိ = 1.2 mcg
• ၉ နှစ်မှ ၁၃ နှစ်အထိ = 1.8 mcg
• ၁၄ နှစ်အထက် = 2.4 mcg
• ကိုယ်ဝန်ဆောင် = 2.6 mcg
• နို့တိုက်မိခင် = 2.8 mcg
• အသက် ၅ဝ ကျော် = ဘီ ၁၂ ပါအစားအစားတွေ + 25-100 mcg
mcg = micrograms = (မိုက်ခရိုဂရမ်)

Iron သံဓါတ်လိုအပ်ချက်
• ဝ-၃ နှစ် = ၆-၈ mg
• ၇-၁၂ နှစ် = ၁ဝ mg
• ၁၈ နှစ်အထိ = ၁ဝ mg
• အရွယ်ရောက် အမျိုးသမီး = ၁ဝ-၁၅ mg
• ကိုယ်ဝန်ဆောင် = ၃ဝ mg
• နို့တိုက်မိခင် = ၁၅ mg

1. Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html
2. Iron supplements သံဓါတ်အားဆေး http://dts-medicaleducation.blogspot.in/2013/01/iron-supplements.html

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...