သင်္ကြန်မှာခေတ်စားမယ့် သင်္ကြန် Accessories များ

သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာပဲ မြန်မာလူမျိုးတို့ရဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲကို ရောက် ရှိတော့ မှာ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၄ သင်္ကြန်ဟာ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ကနေ ၁၃၇၆ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးချိန်ခါပဲ ဖြစ်ပါတယ်။


ပိတောက်ပန်း တခက် ၁၈ဝ (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ဧပြီ ၁၃ ရက်နေ့ ၁၇ ရက်နေ့အထိကျရောက်တဲ့ အတာရေသဘင် မဟာသင်္ကြန်ပွဲတော်ကိုကျင်းပဆင်နွှဲဖို့ ဦးထုပ်၊ မျက်မှန်၊ ခေါင်းစည်းအစရှိတဲ့ သင်္ကြန် Accessories ပစ္စည်းတွေ၊ ပြီးတော့ သင်္ကြန် Icon လို့ ပြော လို့ရတဲ့ သင်္ကြန်ငွေဖလားနဲ့ ရွှေဝါရောင် ပိတောက်ပန်းခက်တွေ၊ နောက် သင်္ကြန် လူငယ်တွေ အပျော် ဝတ်လေ့ရှိတဲ့ မျက်နှာဖုံး၊ ဆံပင်တုအစရှိတဲ့ သင်္ကြန်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ အလုအယက် ဝယ်ယူရောင်းကောင်းတဲ့ အချိန်ကာလပါ။

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မြန်မာလူမျိုးတွေရဲ့ နေအိမ်၊ ဈေးဆိုင်တွေရဲ့ ရှေ့မျက်နှာ စာတွေမှာလည်း အဝါရောင် ပိတောက်ပန်းခက်တွေကို ငွေဖလားထဲထည့် အလှဆင်ထားတတ်ကြသလို ပိတောက်ခက်တွေချည်း လှိုင်လှိုင်ဝေအောင် အလှဆင်ချိတ်ဆွဲထားတာလည်း တွေ့မြင်ရပါတယ်။

သင်္ကြန်ချိန်ခါကို ကြိုဆိုနေတဲ့ တူးပို့တူးပို့ မြန်မာသင်္ကြန်သီချင်းတွေနဲ့အတူ ခေတ်ရေစီးကြောင်းထဲက လူငယ်တွေရဲ့ ဒီဂျေရောယှက် မြူးကြွသင်္ကြန်တေးသီချင်းတွေလည်း နေရာအနှံ့မှာ ကြားနေရပါပြီ။
ရန်ကုန်မြို့ရဲ့ နာမည်ကြီး ရှော့ပင်းစင်တာတွေ၊ Gift shop, Fancy Shop နဲ့ Fashion Shop အစရှိ တဲ့ နေရာတွေမှာလည်း သင်္ကြန်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်း Accessories တွေ၊ အလှဆင် ပိတောက်ပန်းတွေနဲ့ ငွေဖလား၊ ကလေး ကစားစရာ သင်္ကြန်ရေသေနတ်၊ ရေပြွတ်၊ ရေဖလား အစရှိ တာတွေကိုအပြိုင်အဆိုင် ရောင်းချနေကြတာကိုတွေ့နေရပါပြီ။

သင်္ကြန်ဝတ် နေကာမျက်မှန်၊ ဦးထုပ်နဲ့ သင်္ကြန်ရေစိုခံဖုန်းအိတ်၊ ခေါင်းပတ်၊ သင်္ကြန်တွင်းတခါသုံးcolour hair spray အစရှိတဲ့ သင်္ကြန်သုံးပစ္စည်း Accessories တွေ အရမ်းရောင်းကောင်းတဲ့ အချိန်ခါဖြစ်ပြီး ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းတွေအနေနဲ့ကလည်း မများလွန်းတာကြောင့် Super Sunday လိုရုံးပိတ် ရက်တွေမှာ ကြိတ်ကြိတ်တိုး ဝယ်ယူသူတွေ တိုးမပေါက်အောင်ပါပဲ။

ဒီတပတ်မှာတော့ သင်္ကြန်ကာလနဲ့ နီးတဲ့အချိန်အခါဖြစ်တာမို့ သင်္ကြန်ပေါ်ပစ္စည်း Current Accessories တွေဖြစ်တဲ့ ဆံပင်တု၊ ငွေဖလားနဲ့ ပိတောက်ပန်း၊ မျက်မှန်၊ ဦးထုပ်၊ ခေါင်းပတ်၊ တခါသုံး ဆံပင် ကာလာ ဖြန်းဆေး၊ သင်္ကြန်ပန်းကုံးတွေနဲ့ ဖုန်းရေစိုခံအိတ်ပုံတွေကို ဧရာဝတီခေတ်ရေစီး စာဖတ်ပရိတ်သတ်ကြီးအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့ သင်္ကြန် Accessories တွေကိုတော့ အမှတ် (၂၅၁-အေ)၊ ဗားဂရာလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ “Spirits” Fashion Accessories Store မှာ သွားရောက် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။


ကျပ် ၅ဝဝ၊ ၉ဝဝ၊ ၂,ဝဝဝ၊ ၃,ဝဝဝ၊ ၄,ဝဝဝ စသဖြင့် ဈေးအမျိုးမျိုးရှိသော မျက်မှန်မျိုးစုံ


ရောင်စုံ ဆံပင်တု - ကျပ် ၁,၅ဝဝ၊ ၂,ဝဝဝ ဝန်းကျင်


ငွေဖလား - ကျပ် ၁,ဝဝဝ၊ ၁,၅ဝဝ၊ ၂,ဝဝဝ


ဦးထုပ် - ကျပ် ၂,ဝဝဝ ဝန်းကျင်


ဦးထုပ် - ကျပ် ၄,ဝဝဝ၊ ၅,ဝဝဝ ဝန်းကျင်


ဦးထုပ် - ကျပ် ၂,ဝဝဝ ဝန်းကျင်


ခေါင်းစည်း - ၅ဝဝ၊ ၆ဝဝ


ဆံပင်အရောင်ဆိုးဖို့ တခါသုံးဆေးဘူး - ကျပ် ၁,ဝဝဝ


ရေလုံ တယ်လီဖုန်းအိတ် - ကျပ် ၈ဝဝ၊ ၁,ဝဝဝ၊ ၁,၅ဝဝ

ဧရာဝတီ Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...