Android Device များမှာ Android Beam ကို အသုံးပြုပြီး ဒေတာ များကို Share ပြုလုပ်နည်း



နောက်ပိုင်းထုတ် Android Phone များ နဲ့ Nexus 7 , Nexus 10 တက်ဘလက်များ အပါအ၀င် အခြား တက်ဘလက်များ မှာ NFC Hardware ပါရှိပြီး Android Beam ကို အသုံးပြုလို့ရပါတယ်။ Android Beam ကို အသုံးပြုရင် Android Device နှစ်ခုကို ကျောချင်းကပ်ပြီး ဒေတာများ ကို Share လုပ်နိုင်ပါတယ်။

Android Beam ကို အသုံးပြုပြီး Web Pages, Maps, Videos, Photos နဲ့ အခြား အရာများ ကို Android Device များကြားမှာ Share လုပ်နိုင်ပါတယ်။ Android Beam ကို အသုံးပြုပြီး Share ပြုလုပ်ခြင်း ဟာ အခြားနည်းလမ်းများ ကို အသုံးပြုပြီး Share ပြုလုပ်ခြင်းထက် ပိုမိုလျှင်မြန်စေပါတယ်။

NFC ကို Support ပေးလားဆိုတာ စစ်ဆေးပါ။
----------------------------------------------
Android Device နှစ်ခုကြားမှာ ဒေတာများ ကူးပြောင်းဖို့အတွက် အဲဒီ Android Device နှစ်ခုဟာ NFC ကို Support ပေးရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် စွမ်းဆောင်ရည်မြင့် Android Phone များ နဲ့ Google ရဲ့ Nexus 7 , Nexus 10 တက်ဘလက်များ မှာ NFC ကို Support ပေးပါတယ်။ ဒါပေမယ့် NFC ကို Support မပေးတဲ့ Android Device များစွာရှိပါတယ်။

Android Device များမှာ NFC ကို Support ပေးလားဆိုတာ စစ်ဆေးဖို့ Device ရဲ့ Settings ထဲဝင်ပါ။ Wireless & Networks အောက်က More ကိုနှိပ်ပါ။

NFC ပါလားဆိုတာ စစ်ဆေးပါ။ NFC နဲ့ Android Beam နှစ်ခုစလုံး ကို Enable ပြုလုပ်ပေးပါ။

NFC ကို မတွေ့ရဘူးဆိုရင်တော့ သင့် Android Device မှာ NFC Hardware မပါရှိပါဘူး။ Android Version နိမ့်နေတာကလည်း အကြောင်းအရင်းတစ်ချက်ဖြစ်နိုင်ပါတယ်။ Android Beam ကို Android 4.0 Ice Cream Sandwich မှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Android Device နှစ်ခုစလုံးမှာ NFC ကို အထောက်အပံ့ပေးတယ်ဆိုရင်တော့ Content တွေကို Share လုပ်နိုင်ပါပြီ။

Share လုပ်ချင်တဲ့ Content ကိုဖွင့်ပါ။
-------------------------------------
Share လုပ်ချင်တဲ့ Content ကိုဖွင့်ပါ။ ဥပမာအားဖြင့် အောက်ပါ နည်းအတိုင်း Content တွေကို ဖွင့်လို့ရပါ တယ်။
• Web Page : Chrome ကနေ ဖွင့်ပါ။
• YouTube Video : YouTube App ကနေ ဖွင့်ပါ။
• Map Directions or a Location : Google Map App ကနေဖွင့်ပါ။
• Contact Information : Contact or People App ကနေ ဖွင့်ပါ။
• An App : Google Play Store ကနေ ဖွင့်ပါ။
• Photos : Gallery ကနေ ဓာတ်ပုံ ကိုဖွင့်ပါ။ ဓာတ်ပုံအများအပြား ကို တစ်ပြိုင်နက် Share လုပ်ချင်ရင် ဓာတ်ပုံတစ်ပုံ ပေါ်ကို ဖိထားပြီး Select လုပ်ဖို့ပေါ်လာရင် အခြားဓာတ်ပုံတွေကို ရွေးချယ်ပေးပါ။ ဓာတ်ပုံတွေ ရွေးချယ်ပြီးရင်တော့ Share or Beam ပြုလုပ်လို့ရပါပြီ။


Bulit-In ပါရှိတဲ့ Android Apps အတော်များများ က Android Beam ကို အထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် အခြား Android Apps တွေကလည်း Android Beam ကို ထောက်ပံ့ကောင်းထောက်ပံ့နိုင်ပါ တယ်။ App Developer တွေက သူတို့ရဲ့ App မှာ NFC စွမ်းဆောင်ချက်ကို အထောက် အပံ့ပေးနိုင်အောင် ပြုလုပ်ထားတယ်ဆိုရင် အဲဒီ App တွေကနေ Android Beam ကို အသုံးပြုပြီး ဒေ တာတွေ Share လုပ်နိုင်ပါတယ်။

ဒေတာတွေကို Beam ပြုလုပ်ခြင်း။
----------------------------------
ဒေတာတွေကို Android Device နှစ်ခုကြားမှာ ပေးပို့မှု မပြုလုပ်ခင် Device နှစ်ခု ဟာ Power On ထားရ မှာ ဖြစ်သလို Unlock လုပ်ထားရမှာ ဖြစ်ပါတယ်။ Device ရဲ့ Screen ဟာ Off ဖြစ်နေရင် ဒါမှမဟုတ် Lock ဖြစ်နေရင် Android Beam က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ Device နှစ်ခုကို Unlock လုပ်ပြီးရင် ကျောချင်းကပ်ပါ။

တက်ဘလက်များ နဲ့ ပတ်သက်ပြီး မှတ်သားသင့်တဲ့အချက် ။ ။ စမတ်ဖုန်း နှစ်ခုကို ကျောချင်းကပ်ရတာ က လွယ်ကူရိုးစင်းပါတယ်။ တက်ဘလက် တွေ အတွက်တော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ ဥပမာအားဖြင့် Nexus 7 တက်ဘလက် ကို စမတ်ဖုန်း နဲ့ ကျောချင်းကပ်မယ်ဆိုရင် Nexus 7 ရဲ့ နောက်ကျော နေရာ တိုင်းမှာ စမတ်ဖုန်း ကို ကပ်လို့မရပါဘူး။ Nexus 7 မှာ NFC Chip က အပေါ်ပိုင်းမှာ ရှိတဲ့အတွက် စမတ်ဖုန်း ကို Nexus 7 ရဲ့ အပေါ်နားမှာ ကပ်ရမှာ ဖြစ်ပါတယ်။ အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်းဖြစ်ပါ တယ်။ Nexus 10 မှာတော့ NFC Chip က အနောက်ဘက် ကင်မရာ အနားမှာ တည်ရှိပါတယ်။ Nexus 7 တက်ဘလက် နှစ်ခုကို တော့ အလွယ်တကူ ကျောချင်းကပ်နိုင်ပါတယ်။

NFC ဆက်သွယ်မှု ချိတ်ဆက်မိရင် အချက်ပေးတဲ့ အသံ ကို ကြားရမှာ ဖြစ်ပါတယ်။ နောက်ပြီး Touch to beam စာသား ကို နောက်ခံ Animated Background ပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Screen ပေါ်က Content ကို တစ်ချက်နှိပ်ရင် ချိတ်ဆက်မိနေတဲ့ အခြား Device ဆီသို့ Content ကို ပို့ပေးမှာ ဖြစ်ပါတယ်။

Galaxy S III အပါအ၀င် Samsung Android Phone တွေမှာ ပါတဲ့ S Beam က Android Beam နဲ့ ကွာခြားပါတယ်။ ဒါပေမယ့် Samsung Phone တွေမှာ Android Beam လည်း ပါရှိကြပါတယ်။

NFC ကို အသုံးပြုပြီး ဒေတာ ကူးပြောင်းတဲ့ အခါမှာ အသုံးပြုတဲ့ ဆက်သွယ်မှု က Bluetooth ဖြစ်ပါတယ်။ NFC က Bluetooth ဆက်သွယ်မှု ကို ခနတာ သာ အသုံးပြုတာဖြစ်တဲ့အတွက် Pair လုပ်ရတဲ့ အလုပ်ရှုပ်မှု တွေ ကင်းဝေးစေပါတယ်။ နောက်ပြီး Bluetooth ကို ဖွင့်စရာမလိုပါဘူး။

NFC Chip ပါရှိတဲ့ Android Device များမှာ အထက်ပါနည်းအတိုင်း ဒေတာတွေကို လွယ်ကူလျှင်မြန် စွာ ပေးပို့ရယူနိုင်မှာ ဖြစ်ပါတယ်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...