မန္တလေးတွင် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၈ သန်းနီးပါး ဖမ်းဆီးရမိ

ပြီးခဲတဲ့ မြန်မာနှစ်ဆန်းတရက် ဧပြီလ ၁၇ ရက်က မန္တလေးမြို့မှာ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား သိန်း ၈၀ လောက် ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။



ဓာတ်ပုံ – MOIမူးယစ်ဆေးဝါးတွေနဲ့ တွေ့ရှိရသူ ၅ ဦးကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် မူးယစ်ဆေးတွေရဲ့ ကာလပေါက်ဈေးတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

မန္တလေးမြို့က သတင်းအယ်ဒီတာက ကိုစန်းယုကျော်က မူးယစ်ဆေးဝါးတွေဟာ အိနိယနဲ့ တရုတ် နယ်စပ်တွေက ၀င်လာတာဖြစ်ပြီး မန္တလေးမြို့ဟာ မူးယစ်ဆေးဝါး သယ်ဆောင် ဖြတ်သန်းရာ ဆုံရပ် လို ဖြစ်နေတာလို့ ပြောပါတယ်။ ဒီတကြိမ် မူးယစ်ဆေးဝါး ဖမ်းမိမှုဟာ ဆေးပြားသိန်း ၈၀ လောက် ရှိတာမို့ စံတင်လောက်တဲ့ ဖမ်းဆီးရရှိမှု ဖြစ်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...