သင်္ကြန်မှာ ရင်သားဖော်ပြတဲ့ လေဒီဘွိုင်းတွေ အဖမ်းခံရ

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက သင်္ကြန်ပွဲတော်အတွင်းမှာ လိင်ပြောင်းထားသူတွေဟာ သူတို့ရဲ့ ရင်သားကို ဖော်ပြလို့ ထိုင်းရဲက ဖမ်းပြီး သူတို့ကို ဒေသဆိုင်ရာ နတ်တွေကို တောင်းပန်ခိုင်းပြီး ဒဏ်ငွေလည်း ရိုက်လိုက်ပါတယ်။


ဓာတ်ပုံ- khaosod english

ထိုင်းနိုင်ငံ ပစ်စန်နူလွတ် ခရိုင်မှာ ထိုင်း သင်္ကြန်ကာလအတွင်း လိင်ပြောင်းထားသူတွေက ထရပ် ကား တစီးနဲ့ ဧပြီလ ၁၃ ရက်နေ့က လှည့်လည်စဉ် သူတို့ရဲ့ ရင်သားတွေကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေလည်း အင်တာ နက် လူမှု ကွန်ရက် တွေမှာ ပျံ့နှံ့ခဲ့အပြီး လူအများက ဝေဖန်ရှုတ်ချမှုတွေဖြစ်လာပြီး ရဲက ဖမ်းဆီးလိုက်တာလို့ ဆိုပါ တယ်။

အသက် ၂၃ နှစ်ရှိ မစ္စတာ ချတ်ချိုင်း ဆီ အာဝတ် ဆိုသူနဲ့ အသက် ၂၁ နှစ်ရှိ မစ္စတာ ၀ါရော့ သီးဆွန်ငွန် ဆိုသူ တတိယ လိင် ၂ ဦးကို သူတို့ရဲ့ ရင်သားတွေ ဖော်ပြမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ဆိုပါတယ်။

သူတို့ ၂ ဦးကို ပထမတော့ ဒဏ်ငွေ ဘတ် ၅၀၀၀ ( ကျပ် ၁ သိန်းခွဲ ကျော် ) တပ်ထားခဲ့ရာကနောက်ဆုံး မှာတော့ တဦးကို ဘတ် ၅၀၀ နဲ့ လျှော့ပေး လိုက်တယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ မြန်မာအခေါ် ရွာတော်ရှင်နတ်ကို မိမိတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်အတွက် ခွင့်လွှတ်ဖို့ လည်း တောင်းပန် ခဲ့ရပါသေးတယ်။

ပစ်စန်နူလွတ် ခရိုင်မှာကပဲ နောက်ထပ် ထူးခြားမှု တခုကတော့ သင်္ကြန်ကာလအတွင်းမှာ အမျိုးသား တဦးက သူ့ ငယ်ပါ အင်္ဂါဇာတ်ကို လူအုပ်ကို ပြသနေတဲ့ ဓာတ်ပုံရိုက်ခံထားရသူကိုလည်း ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က ကြိုးစားရှာဖွေ နေတယ်လို့ ဆိုပါသေးတယ်။

မြန်မာသင်္ကြန်ကာလတွေအတွင်း ဒီလိုပြုမူခဲ့တာတွေရှိရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဘယ်လို အရေးယူ သလဲဆိုတာ တော့ ရဲဇာနည် စာမျက်နှာမှာ စောင့်ကြည့်သွားရမှာပါဘဲ။

အိမ့်သံစဉ် ~
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...