ထိရောက်တဲ့ အိမ်တွင်း မျက်နှာပေါင်းတင်နည်း...



ပျိုမေတို့အတွက် ထိရောက်တဲ့ အိမ်းတွင်း မျက်နှာပေါင်းတင်တဲ့ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်... ဒီနည်းလေးဟာ မျက်နှာအသားအရည်ကို ကြည်လင်တောက်ပစေတဲ့အပြင် နေလောင်ဒဏ်ရာတွေ ကိုပါ သက်သာပျောက်ကင်း စေပါတယ်...

ပါဝင်တဲ့ပစ္စည်းတွေကတော့...

• သခွားရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း
• သံပရာရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း
• နနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁ ဇွန်း
• Glycerine အလှဆီ လ္ဘက်ရည်ဇွန်း ၁ ဇွန်း (ခြောက်သွေ့သော အသားအရည်အတွက်ပါ)



ပြင်ဆင်ပုံ/ အသုံးပြုပုံ

ဦးစွာအနေနဲ့ လုပ်ရမှာက အထက်မှာ ဖော်ပြခဲ့တဲ့ ပါဝင်တဲ့ ပစ္စည်းတွေအားလုံးကို အချိုးအစားအတိုင်း ခွက်သန့်သန့် တခုထဲမှာ ရောစပ်ရပါမယ်... ပြီးရင် မျက်နှာပေါ်မှာ လိမ်းကျန်ပေးပါ... အထူးသဖြင့် မျက်လုံးအောက်ဖက် နေရာတွေမှာပါ... (မျက်လုံနေရာတွေမှာ အုပ်တဲ့ အ၀ိုင်းပြားလေးတွေရှိရင် ပိုကောင်းပါ တယ်...)  လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ... ၁၅ မိနစ်ပြည့်ရင် ရေအေးနဲ့ ဆေးပစ်လိုက်ပါ... ဒီနည်းအတိုင်း ရက်သတ္တပတ် တပတ်ခန့် နေ့စဉ်လုပ်ပေးကြည့်ပါ.. မျက်နှာအသားအရည်ဟာ သိသိ သာသာ တိုးတက်လာပါလိမ့်မယ်... အဆီပြန်တဲ့ အသားအရည် ပိုင်ရှင်တွေအတွက် ဒီနည်းဟာ အတော်လေး ထိရောက်တယ်လို့ သိရပါတယ်... ခြောက်သွေ့တဲ့ အသားအရည်ဆိုရင်လည်း glycerine အလှဆီ ထည့်ပြီး ပြုလုပ်နိုင်ပါတယ်... အဆီပြန်တဲ့ သူတွေအတွက်တော့ အလှဆီ ထည့်စရာ မလိုပါဘူး ခင်ဗျား...

လှသထက် လှနိုင်ကြပါစေ....


ကိုမျိုး
လွမ်းမပြေ သုတရပ်ဝန်း
http://lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...