"အာဘွားတေးစီးရီး အမ်တီဗီ ရိုက်ကူးရေးအတွက် ရိုက်ကူးရေးစရိတ်ကို ကန့်သတ်မထားတဲ့ ဝိုင်းစုခိုင်သိန်း"



ဝိုင်းစုခိုင်သိန်း က အာဘွားတေး စီးရီးထဲက သီချင်းတွေကို အမ်တီဗီ စတင် ရိုက်ကူးပြီ ဖြစ်ပြီး သီချင်းပေါ် မှာ မူတည်ပြီး စဉ်းစားပြီး ရိုက်ကူးမှာ ဖြစ်ကာ ဇာတ်လမ်း ပုံစံတွေ နဲ့လည်း ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါရိုက်တာတွေနဲ့ တိုင်ပင်ညှိ နှိုင်းပြီး ရိုက်ကူး သွားမှာဖြစ်ပြီး အမ်တီဗီ ရိုက်ကူးရေး စရိတ်ကိုတော့ ကန့်သတ် မထားဘူးလို့ ဆိုတဲ့ ဝိုင်းစု ခိုင်သိန်းက “ဝိုင်းစုမက်လောက်စရာ စထွက်တုန်းက ဆိုရင် တအား ခိုးကူး များတယ်။ အဲဒီအချိန်လောက် ခိုးကူး များတာ အဲဒီအချိန်ပဲ။ စစ တုန်းက သူများတွေ တော်တော် များများ ကဝိုင်းစုကို အရူး လို့တောင် ပြော တယ်။ အဲဒီခေတ်တုန်း က ဆိုရင် ဗီစီဒီ ရိုက်တဲ့ သူတွေက ၃၊ ၄၊ ၅ သိန်းထက် ပို မရိုက်ဘူး။ အဲဒီခေတ် ကတည်းက ဗီစီဒီနဲ့ ပတ်သက်ပြီး ဝိုင်းစု အများ ကြီး ပဲရိုက်ခဲ့ တယ်။ ပေါက်တာ မပေါက်တာ အသာထား ဝိုင်းစု ရိုက်တဲ့ အခွေကို မှတ်တိုင် တစ်ခုအဖြစ် နဲ့ အကောင်း ဆုံးဖြစ်အောင် လုပ် ချင်တယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်အတွက် အကောင်းဆုံး ရိုက် စေချင်တယ်။ ကုန်တာ ၊မကုန်တာ ထက် ကိုယ့်ရဲ့အနုပညာကို အ ကောင်းဆုံး ဖြစ်စေချင်တယ်။ ခိုးကူး ထွက်လည်း ခိုးကူး နဲ့ပရိသတ် လက်ထဲ ရောက်သွားလည်း ဝိုင်းစု အနုပညာ ကို ပရိသတ် လက်ထဲရောက်သွား တယ်လို့ပဲ သဘော ထားတယ်။ ဒါပေ မဲ့ ဝိုင်းစု တစ်ခုပြောချင်တာက အနု ပညာကို တန်ဖိုးထားတယ်။ ဝိုင်းစုကို ချစ်တယ် ဆိုရင် ခိုးကူးခွေကို အား မပေးဘဲ အခွေအစစ်ကို ဝယ်ပြီး အား ပေးပါ လို့ပဲ ပြောချင် တယ်။ ခိုးကူး ခွေနဲ့ အခွေ အစစ်က အစပေါင်းများ စွာကွာတယ်။ တကယ့်အခွေ အစစ် ထဲမှာ ဝိုင်းစုတို့ ရဲ့ စေတနာတွေ ပါ တယ်။ အနုပညာ သမားတွေ အား လုံးရဲ့စေတနာတွေ ပါတယ်။

အာဘွား စီဒီ ထွက်တုန်း ကလည်း ဓာတ်ပုံတွေ ၁၅ ပုံလောက် ထည့်ပေးထား တယ်။ ခိုးကူးခွေ နဲ့ ကွာလတီ ချင်းလည်း မတူဘူး။ သူတို့ကတော့ လွယ် လွယ် လေး ကူးလိုက်တာ ပဲ။ ဝိုင်းစုတို့ ဒီအခွေလေး တစ်ခွေ ထွက်ဖို့ ကငွေ ကုန်ကြေးကျတွေ ခံရ တယ်။ အချိန်တွေလည်း ကုန်တယ်။ မနည်း ရင်း နှီးပြီး ရိုက်ရတာလေ။ ပရိ သတ်တွေ ပေးတဲ့ ချွေးနှဲစာ တွေနဲ့သေချာ ကြိုးစားပြီး လုပ်ထားရတာ။ တအား ပေါ လျှံပြီး ဖြုန်းပစ်တဲ့ သဘော လုပ်တာ မဟုတ် ဘူး ။ဝိုင်းစုတို့ အနုပညာ ကို တကယ် အမြတ်တနိုး ထားပြီး လုပ်တဲ့အတွက် ဝိုင်းစုတို့ အခွေကိုလည်း တကယ် အမြတ်တနိုး ထားပြီး သိမ်းပေးကြပါ” လို့ပြောပါတယ်။

ဝိုင်းစု ခိုင်သိန်း ကစုံတွဲ အခွေ စီစဉ်တာ၂နှစ် လောက် ရှိနေပြီ ဖြစ်ပြီး စုံတွဲဆိုဖို့ ညှိ နှိုင်းနေတာ ကြောင့် ကြန့် ကြာနေတာ ဖြစ်ပြီး နောက်နှစ်ဗယ်လင် တိုင်းဒေးနေ့မှာ ထွက်နိုင်ဖို့ အားခဲ ထားကြောင်း၊ “အာ ဘွား” ဗီစီဒီ ကိုတော့ ဒီ နှစ်ထဲထွက် နိုင် အောင်ကြိုး စားမှာဖြစ် ကြောင်း ဝိုင်းစု ခိုင်သိန်းကပြော ပါတယ်။

ခိုင်ဝေလွင်
Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...