အမေ....

photo:google
  • အမေ့အင်္ကျီက ချွေးနံကလေးတွေက အကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ်။
  • သူများတွေ ဘယ်လောက်ချောချော အကျည်းတန်တဲံ ကိုယ့်သားသမီးလေးကို ပိုပြီးချစ်တာ အမေပါ။
  • အမေအော်သမျှ ငေါက်သမျှတွေဟာ ကောင်းစေ တော်စေ ကျော်စေချင်တဲ့ ဆန္ဒတွေနဲ့ပါ။
  • သူများချစ်တယ်ဆိုတာ အမေမုန်းသလောက်ဘဲ ရှိပါတယ်။
  • ငယ်စဉ်ကလေးဘ၀ အမေ့ရင်ကို ခြေနဲ့ကန်ခဲ့စဉ်က အမေကတော့ပြုံးပြုံးလေးနဲ့ ချစ်မြဲ ချစ်ခဲ့တာပါ။
  • ကြီးတဲ့ အခါ အမေကစေတနာနဲ့ မာန်မဲတာကို ကိုယ်က မဲ့ရွဲ့ပြီး အပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာကျမှာပေါ့။
  • အမေ့ကို စိတ်ချမ်းသာအောင် ပြုစုခြင်းဟာ ရှိခိုးနေတာထက် ပိုပြီးမြတ်ပါတယ်။
  • အမေဟာ – ရုပ်ဆိုးတဲ့ – ဆင်းရဲတဲ့ – မလိမ္မာတဲ့ – ပညာမဲ့တဲ့ သားသမီးတွေရဲ့ အပေါ်ကို မေတ္တာ တစ်သီ တစ်တန်းကြီး တန်းစီနေတဲ့ မသိစိတ်ကလေးနဲ့ ပိုပြီး ချစ်တတ်ကြပါတယ်။
  • ကိုယ့်သားသမီးတွေ လိမ္မာယဉ်ကျေးတာ – ချမ်းသာကြွယ်ဝတာ ပညာတတ်ပြီး အပေါင်းအသင်း ၀င်ဆန့်တာ မြင်ရပြန်တော့ မနာလို မရှုဆိတ် မရှိဘဲ ပိတိဖြစ်ပြီးနေတာ အမေရယ်ပါ။
  • အမေက ချွေးနဲ့ရင်းပြီး ပေးထားတဲ့ ပညာတွေတတ်ကာမှ ခေါင်းပေါင်းကြီးနဲ့ တောသူမကြီး ပုံပေါက်နေတဲ့ အမေ့ကို လူဂုဏ်တန်တွေ ကြားထဲ အမေနဲ့ အတူတူတွဲသွားရတာ ရှက်နေရင် အမေ့ရင်ကို တမြေ့မြေ့လောင်မြိုက်သွားအောင် စော်ကားလိုက်တာနဲ့ အတူတူပါပဲ။
  • အမေဟာ ရိုးရိုးအအကြီးပေမယ့် သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ၊ စေတနာ၊ အချစ်မေတ္တာ ခြယ် မှုန်း မပြတတ်အောင် ဆန်းကြယ်ပါတယ်။
  • ဒါ့ကြောင့် အမေဟာ ဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့အလွန်ကောင်းတာပါ။
  • အမေကို မချစ်တတ်သူဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ပါဘူး။
  • အမေ့လို ချစ်တဲ့သူ ရှာလို့တွေ့ချင်တွေ့မယ် – အတူတော့မဖြစ်နိုင်ဘူး။ အတုဘဲ့ဖြစ်မယ်။
  • အမေ့ကို ငွေနဲ့ပေးပြီး ၀ယ်ထားရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ငွေနဲ့ပေးပြီး ၀ယ်လို့ရတဲ့ အရာတိုင်း ဟာ တန်ဘိုးဖြတ်နိုင်ပေမယ့် အမေ့ကိုတော့ ဘာနဲ့မှ တန်ဘိုးဖြတ်လို့ မရပါဘူး။
  • ငွေရှိရင် ဘာမဆိုလုပ်နိုင်တယ်လို့ ယုံကြည်ထားသူတွေဟာ ငွေနဲ့ဆက်လို့မရတဲ့အရာတွေကို မကြာခဏ ကြုံရတောင်သူတို့ သိကြဦးမှာ မဟုတ်ပါဘူး။
  • တစ်နေ့နေ့ ဒီအမေနဲ့ ဒီသားသမီးတွေ ပြန်မလာတော့တဲ့ လမ်းကနေ လက်ပြနှုတ်ဆက် အပြီးအပိုင် လမ်းခွဲ ကြရတော့မှာပါ။
  • အဲဒီအခါကျမှ အမေမာန်မဲ ဆုံးမခဲ့တဲ့ ဆည်းလဲသံချိုချိုလေးတွေက နားထဲမှာ ပဲ့တင်ထပ်ပြီဆိုမှ မျက်ရည်စတွေနဲ့ နောင်တအရှည်ကြီးတွေ မရကြပါစေနဲ့။
  • အမေအသက်ရှည်ရှည်နဲ့ ကုသိုလ်တရားတွေကို အားရပါးရ ရှာမှီးနိုင်ပါစေ။
  • အဖေကလည်း ဒီသားသမီးတွေကို အမေနဲ့အတူ မွေးမြူစောင့်ရှောက်ခဲ့ရတာမို့ အဖေ့ကို မေနဲ့ ထပ်တူ ညီမျှစိတ်ချမ်း သာစေရမှာပါ။
  • အဖေရောအမေပါ တို့သားသမီးတွေ ကြောင့် ချမ်းမြေ့သာယာစွာ လာခြင်းကောင်း ပြန်ခြင်းမြတ် အောင် ပြုစုကြပါစို့။

ဦးဣန္ဒာစက္က(ကညင်ငူရွာ)
အတွင်းပတ္တမြားပရိယတ္တိစာသင်တိုက်
လက်သမားရပ်၊ ဟင်္သာတမြို့။

(အမေရှိသော၊ အဖေရှိသော သားသမီးတိုင်း အမေ့ကျေးဇူး၊ အဖေ့ကျေးဇူးတွေ ပိုပိုသိပြီး အမေ့ကို ကျေးဇူး ဆပ်နိုင်သော၊ အဖေ့ကို ကျေးဇူးဆပ်နိုင်သော သားကောင်း၊ သမီးကောင်းများ ဖြစ်ကြပါစေ…..။)

ရွှေအိမ်စည် စာကြည့်တိုက်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...