ကိုယ့်ရဲ့ သရုပ်ဆောင်ချက်တွေကို ပထမဆုံး အနေနဲ့ ကြည့်ဖြစ်သူ အပြာမင်းသမီး

Coco Velvett ဆိုသူ မင်းသမီးကတော့ ထူးခြားသူတစ်ဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး အပြာမင်းသမီး တစ်ဦး ဖြစ်ပြီး မကြာသေးခင်အထိ porn virgin (အလုပ်အကိုင်အရ မင်းသမီး ဖြစ်သော် လည်း အမှန်တကယ် အပျိုစင် ဖြစ်သူ) ဖြစ်တယ်လို့ သိရပါတယ်။



အသက် ၃၄နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ ၂၀၀၈ ခုနှစ်က စပြီး ဇာတ်လမ်းပေါင်း ၁၀၃ ခုကျော်မှာ ပါဝင် သရုပ်ဆောင် ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူမကတော့ ဘယ်တုန်းကမှ သူမရဲ့ ဇာတ်လမ်း ၊ ဇာတ်ကွက်တွေကို ပြန်မကြည့်ဖူးဘူးလို့ ပြောပါတယ်။ ဘယ်လောက်ပဲ နာမည်ကြီး ဇာတ်လမ်းဖြစ်စေ သူမ မကြည့်ဘူးလို့ ဆိုပါတယ်။

သူမက ဘယ်သူမှတော့ သူများ လိင်ဆက်ဆံနေတာကို ကြည့်ချင်ကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကျွန်မဆိုလိုတာက ကျွန်မရဲ့ ခံစားချက်ကို ပြောတာပါ။ ဒါပေမယ့်လည်း အဲလို ဇာတ်လမ်းမျိုးတွေ အတွက် ကျွန်မ သရုပ်ဆောင် ခဲ့တယ်လို့ ဆိုပါသေးတယ်။

သူမရဲ့ ဇာတ်လမ်းကို ဘယ်တော့မှ ပြန်မကြည့်ဘူးဆိုတဲ့ Velvett ဟာ ထုတ်လုပ်သူရဲ့ မဖြစ်မနေ လာကြည့်ရမယ်ဆိုတဲ့ ဇာတ်လမ်းတွဲကြောင့် သူမရဲ့ အဓိဌာန် ပျက်သွားခဲ့တယ်လို့ ဆိုရမလို ဖြစ်ပါတယ်။ သူမ တစ်ယောက် တည်းသာ မဟုတ်ပါဘူး။ ပါဝင်သရုပ်ဆောင်ခဲ့သူတိုင်းကို ဖိတ်ကြားခဲ့ တာကြောင့်နဲ့ အားလုံးလည်း လာရောက်ကြည့်ရှုခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။

ဇာတ်လမ်းထဲက သူမရဲ့ မျက်နှာ သွင်ပြင်ကို မြင်လိုက်ရတဲ့အတွက် အလွန် အံ့အားသင့်ခဲ့ကြောင်း နဲ့ အဲလို မျက်နှာအမူအရာ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

သူမရဲ့ ချစ်သူ အမျိုးသားကတော့ ယခုလို ဇာတ်လမ်းတွေမှာ သူမကို မြင်ရတဲ့အတွက် စိတ်အနှောင့်အယှက် မဖြစ်ဘူးလို့ သိရပါတယ်။ Velvett ဟာ မကြာခင်မှာ အပြာသရုပ်ဆောင် ဘ၀ကနေ လုံးဝ ရပ်နားတော့မှာ ဖြစ်ပြီး နိုင်ငံတ၀ှမ်းမှာ လိုက်လံကပြ ဖော်ဖြေမယ့် အကသမား တစ်ဦး အဖြစ် အသက်မွေးဝမ်းကြောင်းတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးပိတ်အနေနဲ့ သူမက ယခုလို အရွှန်းဖောက်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ကြည့်ပြီးတော့ ကျွန်မနဲ့ ကျွန်မချစ်သူ ချစ်ရည်လူးခန်းတွေကို ရိုက်ကူးထားဖြစ်မယ်ဆိုရင်တော့ ကျွန်မရဲ့ တကယ့် ပုံစံအဖြစ်အပျက်ကို မြင်ရမလား မသိဘူးလို့ ပြောခဲ့ပါတယ်။

world-myanmar.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...