အနောက်တံခါးနဲ့ အရှေ့တံခါး


မနှစ်က ဂျာနယ်တစ်စောင်တွင် ပင်တိုင်ဆောင်းပါးရှင်တစ်ဦးက 'မြန်မာနိုင်ငံ၏ အနောက်ဘက်ခြံစည်းရိုး ကျိုးပေါက်ပျက်စီးနေပြီး အရှေ့ဘက်တွင်မူ ခြံစည်းရိုးပင်မရှိတော့'ဟူ၍ အဓိပ္ပာယ်မျိုး ရေးသားဖော်ထုတ်ခဲ့ ဖူးသည်ကို စာရေးသူ အမြဲတစေ သတိရဆင်ခြင်နေမိပါသည်။ ဆင်ခြင် သတိရမှုကနေ စိုးရိမ်သောက များနှင့် မကျေမချမ်း ဒေါသအမျက်တွေ ပေါက်ဖွားလာရပါသည်။

အနောက်ဘက်ခြံစည်းရိုး ပြဿနာက မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်သလို အရှေ့ဘက်ခြံစည်း ရိုးပြဿနာကလည်း ရှေးနှစ်ပေါင်းများစွာ ပုဂံခေတ်စတင်ကတည်းက ဖွဲမီးလို တငွေ့ငွေ့လောင်မြိုက် နေခဲ့ခြင်းဖြစ်သည်။ ရှေးမြန်မာဘုရင်အချို့သည် ကြက်ခေါင်းဆိတ်မခံ ခြေမြန် လက်မြန် တုံ့ပြန်တတ်ကြသည်။ မိမိတို့ ပိုင်စိုးရာနယ်နိမိတ်ကို ကျုးကျော်ချဉ်းနင်းသည်ဟူသော အသံကြားသည်နှင့် တွေ့ရာသချို င်္င်း ဓားမဆိုင်းဘဲ ပြဿာကို ဖြေရှင်းခဲ့ကြသည်။ အရှေ့ဘက်ခြံစည်းရိုး တစ်ဖက်မှ တစ်ပြည်သားတွေမှာ ထိုစဉ်ကတည်းက မြန်မာတို့ထက် အင်အား သာလွန်သောကြောင့် ခြံ စည်းရိုးကို ဖောက်ကျော်ရုံသာမက ပုဂံမင်းနေ ပြည်တော်အထိပင် ကျုးကျော်စော်ကားခဲ့ဖူးသည်။ ၁၈/၁၉ ရာစုအတွင်း ကမ္ဘာလွှမ်း တန်ခိုးထွားလာခဲ့သော အင်္ဂလိပ်နယ်ချဲ့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် စည်းရိုးကို စတင်ထိပါး၍ သွေးတိုးစမ်းကြည့်သည်။ ပိုင် လောက်ပြီဆိုတော့မှ ပင်လယ်ရေကြောင်းစစ်ချီ၍ 'ပထမစစ်ပွဲ'ကိုလည်း ဒေသနှင့် တနင်္သာရီဒေသကို အနိုင်အတက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်ကိုလိုနီ သံဖနောင့်အောက် ကျရောက် သွားပြီဆိုသည်နှင့် အနောက် ဘက်ခြံစည်းရိုးကော၊ အရှေ့ဘက်ခြံစည်းရိုးပါ ဖရိုဖရဲဖြစ်သွားသည်။ နယ်ချဲ့က အနောက်ဘက်ဒေသမှ တစ်ပြည်သား အမြောက်အမြားကို သူတို့၏ ကိုလိုနီအုပ်ချုပ်ရေးယန္တရား လိုအပ်ချက်အ တွက် ပြောင်ပြောင်တင်းတင်း ခေါ်ယူတင်သွင်းနေချိန်တွင် အရှေ့ဘက်အရပ်မှာ ကပ်သုံးပါး ဆိုက်နေကြသော တစ်ပြည်သားတို့ကလည်း ခြံစည်းရိုးပျက်ကြီးကို ကျော်လွှား၍ တစ်စိမ့်စိမ့် တိုးဝင်လာခဲ့ကြသည်။ ကြာသော် ရန်ကုန်မြို့မှာ တစ်ပြည်သားအသားမည်းတွေ လွှမ်းမိုးသော နေရာဖြစ် လာရာမှ ပဋိပက္ခဖြစ်ခဲ့လျှင် ဒေသခံတိုင်းရင်း မြန်မာတို့သာ ခံဘက်ကနေခဲ့ကြရသည်။ မပြောမဖြစ်ပြောရ လျှင် ကျောင်းသားခေါင်းဆောင် 'ဗိုလ်အောင်ကျော်'ကို ရိုက်နှက်သတ်ဖြတ်ခဲ့သူတွေပင်လျှင် အသားမည်း မြင်းစီးစစ်ပုလိပ်တွေဖြစ်ကြောင်း သမိုင်းက အထင်အရှား သက်သေခံလျက်ရှိသည်။

ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံထဲ၌ အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ပလဲနံပသင့်နေခဲ့ကြသော အနောက်မဇ္ဈိမ သားတွေ အားကောင်းနေကြသဖြင့် အရှေ့ဘက်မှဝင်လာသူတွေမှာ ခြေသုတ် ပုဆိုး မြွေစွယ်ကျိုး ဟန်ဆောင်၍ သိုသိုသိပ်သိပ် ငြိမ်ငြိမ်ဝပ်ဝပ် နေခဲ့ကြသည်။ သို့သော် စီးပွားရေးနယ်ပယ်တွင်မူ အရှေ့ဘက်သားတွေက လက်ရဲဇာတ်ရဲနိုင်ကြသည်။ မြန်မာ့မြေပေါ်မှာ အရက်ဆိုင်၊ ဘိန်းခန်း၊ 'လော့ဂျင်း' Lodging ခေါ် ဇိမ်ခန်းတွေ စတင်တည်ထောင်၍ စီးပွားရှာသူများမှာ အရှေ့ဘက်သား လူဝါ၊ လူစွာတွေသာ ဖြစ်ခဲ့ကြပြီး သူတို့ကြောင်း ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ခဲ့ရသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် မြန်မာ့မြေပေါ်ရှိ တိုင်းရင်းသားတို့အကြားမှာ အနောက် ဘက် သားကော၊ အရှေ့ဘက်သားတွေပါ မနည်းမနော။ ကိုယ့်အိမ်ကိုယ့်ရာပမာ အခြေစိုက်နေထိုင် လျက်သားရှိနေခဲ့ကြပြီ။ တိုင်းရင်းသူတိုင်းရင်းသားတွေကလည်း တစ်ပြည်သားတွေနှင့် ဆွေးနွေးမိခဲ့ကြပြီး ကပြားဗန္ဓတ်တွေက နိုင်ငံသားအဖြစ် ခံယူခွင့်ရခဲ့ကြပြီ။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးက အနောက် ဘက်သားနှင့် သွေးနှောမိရာက ပေါက်ဖွားလာသော သားသမီးများမှာ ဖခင်ကိုးကွယ်ရာ ဘာသာကဲ့သို့ အလိုအလျောက် သွတ်သွင်းခံလိုက်ရခြင်းဖြင့် လူမျိုးအားဖြင့် ကပြားဗန္ဓတ်ဆိုသော်လည်း ကိုးကွယ်ရာဘာသာ တရားအားဖြင့်မူ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သွားသည်။ ဤသည်ကို ဗုဒ္ဓဘာသာဝင် မျိုးချစ်များက မချင့်မရဲနှင့် ကြိတ်မှိတ်သည်းခံခဲ့ကြရ (သိ့မဟုတ်) ပေယျာလ ကန် ပြု လိုက်ကြရသည်။

ကိုလိုနီခေတ်အခါကတည်းက တစ်ပြည်သားလုံးသည် မြန်မာ့မြေပေါ်တွင် စီးပွားရေးလုပ်ငန်းအမျိုးမျိုး ထူထောင်ခဲ့ကြရာတွင် တိုင်းရင်း မြန်မာတို့မှာ တစ်ပြည်သားတွေနှင့် စီးပွားပြိုင်နိုင်စွမ်း နည်းပါးခဲ့ကြသည်။ 'တရုတ်သူဌေး'၊ 'ကုလားသူဌေး'ဟူသော ဝေါဟာရအသုံးအနှုန်းက ကြီးစိုးနေခဲ့ပြီး 'မြန်မာသူဌေး'ဟူသည်မှာ ရှားတောင့်ရှားပါးပင်ဖြစ်သည်။ အနောက်ဘက်သားတို့နှင့် ယှဉ်လိုက်လျှင် အရှေ့ဘက်သားတို့ က မြန်မာတို့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းနိုင်ကြသည်။ အနောက်ဘက်သား ဟိန္ဒူဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်တို့မှာ မြန်မာတို့၏ဗုဒ္ဓဘာသာနှင့် တစ်ကန့်စီနေကြသည်။ အရှေ့ဘက်သား တရုတ်များကမူ သူတို့၏မိရိုး ဖလာနတ်နဂါးကိုးကွယ်မှုများကနေ မြန်မာနိုင်ငံ ကဲ့သို့ ရောက်ရှိကြသည် နှင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မြောက်ပိုင်းသာသနာ မဟာယနဗုဒ္ဓဘာသာကို ရောယှက်ကိုးကွယ်ကြသည်။ သူတို့၏၀တ်ကျောင်း (သို့မဟုတ်) ဘုံ ကျောင်းများတွင် 'တရုတ်ဗုဒ္ဓဘာသာ'ဟူသော အရောအနှော စကားလုံးကိုပင် ဆိုင်းဘုတ်တင်ကြေညာထားတတ်ကြသည်။ ထို့ကြောင့် တိုင်းရင်း မြန်မာတို့သည် အနောက်ဘက်သားတို့ထက် အရှေ့ဘက်သားတို့အပေါ် 'ဘာသာတူ'ဟူသော အမြင်ဖြင့် ပိုမိုယုံကြည် စွာ ရောထွေးဆက်ဆံခဲ့ကြသည်။

'ဘာသာတူ'ဟူသော အမြင်တစ်ချက်ကြောင့်ပင်လျှင် 'တရုတ်ကပြား'ဆိုသော မြန်မာတရုတ် ဗန္ဓတ်တွေများ သည်ထက် များလာသည်။ သို့သော် 'တရုတ်ကပြား'ဆိုသည်မှာ တရုတ်အမျိုးသားနှင့် မြန်မာအမျိုး သမီးတို့၏ မျိုးစပ်သားသာဖြစ်သည်က ၉၉ ရာနှုန်းမျှရှိသည်။ မြန်မာအမျိုးသားက တရုတ်အမျိုးသမီးကို လက်ထပ်ထိမ်းမြား ပေါင်းသင်းပေါက် ဖွားခွင့်ရသည်မှာ ရှားတောင့်ရှားပါး (၁)ရာနှုန်းမျှပဲရှိမည်။ တရုတ်သူဌေး မယား မြန်မာအမျိုးသမီးများစွာကို တွေ့ကြရမည်ဖြစ်သော်လည်း မြန်မာသူဌေးမယား တရုတ်တစ်ယောက်ကို တွေ့ရဖို့ခဲယင်းလှသည်။ အနောက်ဘက်သား အမျိုးသားများ နှင့် ဆွေးနွေးသော မြန်မာအမျိုးသမီးတွေ မနည်းမနောရှိကြသော်လည်း မြန်မာအမျိုးသားတစ်ယောက် အနောက် ဘက်သူတို့ တရားဝင်ဇနီးအဖြစ် ပေါင်းဖက်နေထိုင်ခြင်းကိုမူ မတွေ့ရသလောက် ရှားပါးသည်။ ချုပ်ပြောရလျှင် မြန်မာတို့သည် အရှေ့ဘက် သားတို့နှင့် သွေးနှောမှု ပိုမိုများပြားသည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ (ခေါ်) စစ်အစိုးရ အာဏာရ လာပြီးနောက် အနောက်ဘက်သား အများအပြားတို့သည် သူတို့၏ ဘိုးဘွားရပ်ရွာ အနောက်ဘက်သို့ အလုံးအရင်းနှင့် အသုတ်လိုက် အသုတ်လိုက် ပြန်သွားကြသည်။ (အနောက်ဘက်သို့ ပြန်သွားကြသူတွေထဲမှာ စာရေးသူနှင့်ခင်မင်သော သတ္တမတန်းမှာ စာသင်ဖက် မောင်သိန်းအမည်ရှိ ဟိန္ဒူကုလားကလေးတစ်ယောက်လည်း ပါရှိသည်။) ထိုပြည်တော်ပြန် အုပ်စုကြီးများထဲမှာ စီးပွားဓန တောင့်တင်းကြသော မဇ္ဈိမအနွယ်ဝင် ကုန်သည်ထိပ်သီး အချို့ ပါဝင်သွားကြသည်။ အကျိုးဆက်မှာ လစ်ဟာ သွားသော အနောက်ဘက်သားတို့၏ စီးပွားရေးခွင်များထဲသို့ အရှေ့ဘက်သား 'စိနသူဌေးကြီး'တွေ အလွယ်တကူ ၀င်ရောက်ခြေကုပ်ယူ လိုက်ကြ ခြင်းဖြစ်သည်။ ကိုလိုနီခေတ်ကတည်းက မြန်မာ့မြေပေါ်မှာ သူတင်ကိုယ် တင် စီးပွားပြိုင် လာခဲ့ကြသော အသားမည်းနှင့် အသားဝါတို့သည် ယနေ့အထိ ကြုံလျှင်ကြုံသလို စီးပွားရေးလွန် ဆွဲနေကြတုန်းဖြစ်သည်။ လက်ရှိကာလတွင်မူ မြန်မာ့မြေပေါ်မှာ နိုင်ငံသားအဖြစ် အခြေစိုက်နိုင် ခဲ့ကြပြီဖြစ်သော အရှေ့ဘက်သားတို့က စီးပွားရေးအင်အားမှာ အားများစွာ အသာစီးရသွားပေပြီ။ ဥပမာ လွန်ခဲ့သော (၁၀)လပတ်အတွင်း မြန်မာနိုင်ငံ၏ အရှေ့မြောက်တံခါးပေါက် 'မူဆယ်'ကုန်သွယ်ရေး စခန်းတွင် ကုန်သွယ်မှုငွေကြေးပမာဏ ကျပ်ငွေသိန်း (၄)ထောင်ရှိခဲ့သည်။ ပြည်သူတို့နှင့် ပြည်ပ အရှေ့ဘက်သားတို့၏ ကုန်သွယ်ချိတ်ဆက်မှုရလဒ်ဟု ဆိုနိုင်သည်။ အနောက်ဘက်သားတို့အားပြုရာ စစ်တွေ၊ မောင်တော၊ တမူး ကုန်သွယ်ရေးစခန်းများမှာ ကုန်သွယ်မှုငွေကြေးပမာဏမှာ 'မူဆယ်' ဂိတ်မှ အဖျားအနားလောက်သာရှိသည်။

အရှေ့ဘက်သားတို့နှင့်စီးပွားရေးဆက်ဆံမှုက မိမိတိုင်းပြည်အတွက် အကျိုးတရား ဖြစ်ထွန်းနေသည် ဟူသော တရားသေအယူအဆ ဆုပ်ကိုင်ထားသူများစွာ ရှိသည်။ အချို့သော တာဝန်ရှိသူများကဆိုလျှင် အရှေ့ဘက်သားတို့ကို 'ကျေးဇူးရှင်ကြီးများ'ဟုပင် ဗြောင်ကျကျ ဖော်ထုတ် ၀န်ခံခဲ့ဖူးသည်။ ကုန်သွယ်ဘက် သည် ကုန်သွယ်ဘက်သာဖြစ်ပြီး ကျေးဇူး ရှင်မဟုတ်ကြောင်း 'ဆန်ပေး၍ဆီရ'ခြင်းသာဖြစ်ကြောင်း အဘယ်ကြောင့် နားမလည် သဘောမပေါက်ကြပါဘိသနည်း။

၁၉၆၂ ခုနှစ်မှာ အစပြုခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အဆုံးသတ်နိဋ္ဌိတံ သွားခဲ့သော စစ်အာဏာရှင်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံအတွက် အကြီးမားဆုံးပြဿနာများ ဖန်တီးခဲ့သောဒေသမှာ အရှေ့ဘက်ခြံစည်းရိုး ဆီ၌သာ ဖြစ်သည်။ ဇာတ်ပေါင်းလေသော် အရှေ့ဘက်ခြံစည်းရိုးနယ်မြေတစ်ဝှမ်းတွင် တိုင်းရင်းသားအမည် ခံ၊ နိုင်ငံသားအမည်ခံ စိနအစစ်နှင့် စိနဗန္ဓတ်တို့သာ လွှမ်းမိုးကြီးစိုးခွင့်ရသွားကြသည်။ ထိုဒေသတွင် မြန်မာ့ ပိုင်နက်နယ်မြေဖြစ်ပါလျက် စိနဘာသာစကားက တွင်ကျယ်မင်းမူလျက် ရှိသည်။ စီးပွားရေးလုပ်ငန်း ရှင်သန်ဖွံ့ဖြိုးလျက်ရှိသော ထိုနယ်မြေတို့၌ ပင်ပန်းကြီးစွာ ၀မ်းစာရှာနေကြသူများမှာ အနယ်နယ်အရပ်ရပ် မှ မြန်မာ လူမျိုးတွေသာဖြစ်ကြောင်း ရင်နာဖွယ်တွေ့မြင်ရလိမ့်မည်။

ပကတိအခြေအနေအရ မြန်မာနိုင်ငံအနောက်ဘက်စည်းရိုးဘက်မှာလည်း ရင်လေးစရာ (ဖြေရှင်း၍ မပြီးစီးနိုင်သေးသော အနောက်ဘက်သား ဘာသာကွဲ လူမျိုးကွဲပြဿ နာများ) ရှိနေကြသည်။ ခန့်မှန်းချက် တစ်ခုအရ အနောက်ဘက်စည်းရိုးနယ်မြေနှင့်ကပ်လျက် ဘူးသီးတောင်၊ မောင်တောဒေသတွင် အနောက်ဘက်ဇာတိသားတွေက (၉၈)ရာခိုင်နှုန်း ကျော်ကျော် လူဦးရေအသာဖြင့် လွှမ်းမိုးနေသည်ဟု ဆိုသည်။ ဤမျှ ကွာခြားသော လူဦးရေအချိုးအဆအရ ဒေသခံတိုင်းရင်းသားတို့နှင့် ပဋိပက္ခကို ရှောင်လွှဲ၍ မရနိုင်တော့ပေ။ လွှမ်းမိုးဖိစီးလာသော အနောက်ဘက်သားတို့ကို 'လူဆင်းရဲဒုက္ခသည်'များအဖြစ် ပုံဖော်ပေးနေကြသော ပြည်ပအဖွဲ့အစည်းများစွာလည်း ရှိနေကြသည်။ စင်စစ် တစ်ပြည်သားများသည် ရည်ရွယ်ချက်ရှိရှိ ကျုးကျော်နေထိုင်ကြရုံမျှမက 'သားရေပေါ်အိပ် သားရေနားစား'တွေသာ ဖြစ်ကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာပိုင်နက်ထဲမှာ တဖြည်းဖြည်း ဖြန့်ကြက်ပိုင်စိုးလာနေကြသည့် အရှေ့ဘက်သားတို့၏ ပါးနပ်သော အနုနည်းနယ်ချဲ့မှုကိုမူ ဖော်ထုတ်သတိပေးသူအနည်းငယ်မျှသာ ရှိကြသည်။ တာဝန်ရှိသူအကြီးအကဲပိုင်းမှ အရှေ့ဘက်သားတို့၏ ပြဿနာကို ယောင်လို့မျှ ပင် ပြောဆို သံမျိုးမဖြစ်ဖူးခဲ့ပေ။ ထိုမျှမက တာဝန်ရှိသူတစ်ယောက်က 'သူတို့ကို ကြောက်ရတယ်ဗျ'ဟူ၍ပင် ရွဲ့သလိုလို ခနဲ့သလိုလို လူသိရှင်ကြား ပြောဖူးပါသေးသည်။

အနောက်ဘက်တံခါးဖွင့်ရခြင်း၊ အရှေ့ဘက်တံခါး မရှိရတော့ခြင်းများ၏ ရင်းမြစ်တရားခံများမှာ ယခုအခါ မြေကြီးအောက်မှာ အရိုးဆွေး မတတ်ရှိနေကြပြီ။ သူတို့၏ ဆိုးမွေကို ဆက်ခံသူများက တရားခံအသစ် မဖြစ်လိုလျှင် ခိုင်မာလုံခြုံသော တံခါးအသစ်တွေ ပြန်လည်တပ်ဆင်ရန် လိုအပ်သည်။ ကြာလျှင် ကျွန်တော်တို့တစ်တွေ အရှေ့နောက်ပုံစံသစ် နယ်ချဲ့တွေကြားမှာ မွန်းကြပ်အသက်ရှူရပ်သွားနိုင် သည်။

ကြူးနစ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...