စောစောအိပ်ယာ ထခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်



နံနက်စောစော အိပ်ယာထခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါ တယ်။ နောက်ကျမှ အိပ်ယာထသူတွေထက် စောစော အိပ်ယာထသူတွေက ဦးနှောက်ဥာဏ်ရည်မှာလည်း ပိုမိုကောင်းပါတယ်။ ယနေ့ လူအများစုဟာ ညဥ့်နက်အောင် အလုပ်လုပ်ပြီး နောက်ကျမှ အိပ်တတ်ကြပါ တယ်။ တကယ်တော့ အဲဒီလို နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် အလွန်ထိခိုက်ပါတယ်။

နံနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်း

နံနက်စောစော ထပြီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးချို သွေးချို ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် နံနက်စောစော လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

ပျော်ရွှင်မှု ရရှိနိုင်

လေ့လာမှုတွေအရ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဘာလို့ ဆိုတော့ လေကောင်းလေသန့်များကို ရှုရှိက်ရခြင်းကြောင့် စိတ်ကို လန်းဆန်းစေနိုင်လို့ပါ။ ဒါကြောင့် အလုပ်ပင်ပန်းလို့ စိတ်ညည်းငွေ့ သူတွေအနေနဲ့ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

ဥာဏ်ရည်ကို ဖွံဖြိုးနိုင်

ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နံနက်စောစော ထသူတွေဟာ နေမြင့်မှ ထသူတွေထက် လေ့လာမှု အားကောင်းစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် နံနက်စောစောထပြီး စာကျက်ခြင်း ဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် အကောင်းဆုံးပါ။

သက်ကြီးသူများနဲ့ စောစောအိပ်ယာထခြင်း

နံနက်စောစော အိပ်ယာထပြီး လမ်းလျှောက်သော သက်ကြီးသူများသည် နေမြင့်မှ အိပ်ယာထသော သက်ကြီးသူများထက် ပိုပြီးကျန်းမားရေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်ခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...