ဆံပင် အလှပြင်ဆိုင် တစ်ဆိုင်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းပုံ ပါရှိတဲ့ ဆံပင်ပုံစံ ပိုစတာကြောင့်


April 17, 2014

လန်ဒန်မြို့ရှိ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ ညှပ်လို့ ရရှိနိုင်တဲ့ ဆံပင်ပုံစံတွေကို ပြသထားတဲ့ ပိုစတာထဲ မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ပုံကို ဘာကြောင့် ထည့်သွင်းဖော်ပြ ထားရတယ်ဆို တာ မေးမြန်းဖို့အတွက် မြောက်ကိုရီးယားသံရုံးမှ တာဝန်ရှိသူတွေဟာ အဲ့ဒီဆံပင်အလှပြင်ဆိုင်ကို ချက်ချင်း ရောက်ရှိလာခဲ့ကြသည်။ လန်ဒန်မြို့ ဆောက်အီးလင်းရှိ M&M Hair Academy (အမ်အန်အမ်ဟဲရ် အကယ်ဒမီ) ရဲ့ ပိုစတာမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဓါတ်ပုံပါဝင်ပြီး အဲ့ဒီပုံအောက် မှာ "Bad Hair Day?" ဆိုတဲ့ စာတန်းကိုပါ ထည့်သွင်း ဖော်ပြထားတာ ဖြစ်သည်။ မြောက်ကိုရီးယားသံရုံး ဟာ ဆံပင်ညှပ်ဆိုင်မှ (၁၀)မိနစ် လမ်းလျှောက်သွားလို့ ရတဲ့အကွာအဝေးမှာ ရှိတယ်ဆိုတာကို သတိမပြုမိခဲ့ ဘူးလို့ ဆံပင်အလှပြင်ဆိုင် ပိုင်ရှင်ဖြစ်သူရဲ့သား ဆံပင်ညှပ်ဆရာ ဘာဘာကရင်နာဘတ်ခ်ျမှ ပြောကြား ခဲ့ကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားသည်။

http://www.skynet-uptodate.com/localDetail.php?nid=vcwdy

TheMeltingPot4U

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...