တယ်လီဖုန်းကို အားသွင်းထားစဉ် အသုံးမပြုပါနှင့်



လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်အာဖရိကမှ လူငယ်တစ်ယောက်ဟာ အိမ်ထဲမှာ ဖုန်းကို ဘတ်ထရီအားသွင်းထားနေစဉ် ဖုန်းသံဝင်လာ၍ ဖုန်းကို အသုံးပြုလိုက်ရာ အခန့်မသင်သည့်အတွက် လက်ပေါ်မှာ အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

အနီးအနားဆေးရုံကို အမြန်သွားခဲ့ပေမယ့် သူ့ရဲ့လက်ချောင်းတွေကို အနည်းငယ်လောင်ကျွမ်းသွားခဲ့ပါ တယ်။

အခုချိန်မှာ မိုဘိုင်းဖုန်းဟာ အလွန်အသုံးဝင်တဲ့အရာဖြစ်ပြီး လူတိုင်းနီးပါးအတွက် နေ့စဉ်ထိတွေ့နေရသည့် အရာဖြစ်လာပြီမို့ အန္တရာယ်ဖြစ်စေမည့် အကြောင်းအရာများကို သေချာစွာ လေ့လာသိမှတ်ထားဖို့ လိုအပ်လာပါတယ်။

ဒါကြောင့် ဖုန်းကို အသုံးပြုတော့မယ်ဆိုရင် အားသွင်းထားတဲ့ ဖုန်းကြိုးကို အရင်ဖြုတ်ပြီးမှသာလျှင် အသုံးပြုကြပါလို့ တိုက်တွန်းအပ်ပါတယ်။

သင့်မိတ်ဆွေများကိုလည်း အန္တရာယ်မှ ကင်းဝေးအောင် မျှဝေပေးကြပါ။

ကျန်းမာရေး သတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...